ရေချိုးခန်းထဲမှာ နေဒွေးနဲ့ ရိုက်ထားတဲ့ပုံတွေ အွန်လိုင်းမှာပျံ့နှံ့နေတဲ့အပေါ် မော်ဒယ် နိုးထက်ထက်နိုင် ပြန်ရှင်း (ရုပ်သံ)

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★









ဗီဒီယိုဖိုင်ကြည့်ရန် အောက်တွင်ဖော်ပြပေးလိုက်ပါသည်။


Video- PanPwint

Unicode ဖြင့်ဖတ်ပါ
★★★★★

ရေချိုးခန်းထဲမှာ နေဒွေးနဲ့ ရိုက်ထားတဲ့ပုံတွေ အွန်လိုင်းမှာပျံ့နှံ့နေတဲ့အပေါ် မော်ဒယ် နိုးထက်ထက်နိုင် ပြန်ရှင်းပါပြီ

လတ်တလော လူမှုကွန်ရက်မှာပါ ပွထနေတဲ့ သရုပ်ဆောင် နေဒွေအကြောင်းကို အားလုံးဖတ်မိကြမှာပါ။ သူဟာဆိုရင် သရုပ်ဆောင် မင်းခန့်ကျော်နဲ့ ငွေကြေးပြဿနာတက်ပြီး သိပ်မကြာခင်မှာပဲ ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်က နေဒွေးရဲ့ ယုတ်မာမှုများဆိုပြီးတော့ သူမကိုအကြမ်းဖက်ခဲ့မှုကြောင့် အနာတရဖြစ်ခဲ့ရတဲ့ ပုံတွေနဲ့တကွတင်ပြလာခဲ့တာဖြစ်ပါတယ်။

အဆိုးရွားဆုံးကတော့ သူမရဲ့ ဘယ်လက်လက်ခလည်ဟာ ခွဲစိတ်မှု (၄)ကြိမ်လုပ်ပြီးသည့်တိုင် အကောင်းတိုင်းပြန်ဖြစ်မလာတော့ဘူးလို့စိတ်မကောင်းစွာသိရပါတယ်။

ဒီအချိန်မှာပဲ တိုက်ဆိုင်လွန်းစွာ သရုပ်ဆောင် သံစဉ်မောင်ရဲ့ ကိုယ်လုံးတီးပုံတွေဟာလူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီပုံတွေဟာ သရုပ်ဆောင် နေဒွေးဆီမှာသာ ရှိတာဖြစ်ပြီးတော့ လက်ထပ်မယ်ဆိုတဲ့စကားရပ်နဲ့ ၃ နှစ်ခန့် အတူတွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သရုပ်ဆောင် နေဒွေးဟာ မော်ဒယ် နိုးထက်ထက်နိုင်နဲ့လည်း ရေချိုးခန်းထဲမှာ နှုတ်ခမ်းချင်းနမ်းနေတဲ့ ပုံတွေဟာလည်း နေဒွေးတစ်ယောက် အခုတွဲနေတဲ့ ကောင်မလေးဆိုတဲ့ စကားရပ်တွေနဲ့ ပရိသတ်ကြားကို ပျံ့နှံ့နေခဲ့ပါတယ်။

ဒီအကြောင်းကိုတော့မော်ဒယ်နိုးထက်ထက်နိုင်က သူမနဲ့ ကိုနေဒွေးတို့ သူငယ်ချင်းတွေနဲ့ သီချင်းသွားဆိုရင်း အလင်းရောင်ရတဲ့ ဆီမှာ ဓာတ်ပုံရိုက်ခဲ့ဖူးကြောင်းကို ပြောဆိုပါတယ်။ အဲ့အချိန်မှာ သူမဟာလည်း သောက်စားထားတော့ သူဓာတ်ပုံရိုက်လိုက်တယ်ဆိုတာ သိပေမယ့် ဒီလို ပုံမှန်းတော့ မသိလိုက်ဘူးလို့ဆိုပါတယ်။

(အခုဆို နိုးရဲ့ မိသားစုကတောင် သူတို့ရဲ့ သိက္ခာအတွက် နိုးကို ဖိအားပေးနေကြတယ်။ နိုး ပြိုင်ချင်တဲ့ ပြိုင်ပွဲတစ်ခုအတွက် အခုရန်ကုန်ကို ရောက်နေတာ။ ဒီအကြောင်းတွေကြောင့် နိုး အပြင်မထွက်ရဲလောက်အောင် ဖြစ်နေရတယ်။ ပြီးတော့ နိုးက ကျန်းမာရေးလည်း သိပ်မကောင်းဘူး) လို့ သူမကဆိုပါတယ်။

ဒါကြောင့် ပရိသတ်ကြီးအနေနဲ့လည်း မော်ဒယ် နိုးထက်ထက်နိုင် ရဲ့ ရှင်းပြချက်လေးကိုသိလောက်ပြီလို့ ထင်ပါတယ်နော။ မှတ်ချက်လေးတွေလည်း ပေးသွားကြပါဦး။

ဗီဒီယိုဖိုင်ကြည့်ရန်

Writer – SMT( Shwe Yaung Lan)

Video- PanPwint