မွေးနေ့မှာ ခိုင်နှင်းဝေဂေဟာက ကလေးတွေကို အရောက်သွားလှူတဲ့ အိစိကွေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သရုပ္ေဆာင္ အိစိေကြးဟာ ငယ္စဥ္ကေလးဘဝတည္းက အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဇန္နဝါရီ ၂၁ ရက္ေန႔မွာ က်ေရာက္လာတဲ့ (၁၉) ႏွစ္ျပည့္ေမြးေန႔ေလးမွာ အိစိေကြးက ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးေလးမ်ားေဂဟာဆီသို႔ သြားေရာက္ျပီးလွဴဒါန္းခဲ့ပါတယ္။ အိစိေကြးဟာ ငယ္စဥ္တည္းက ေၾကာ္ျငာေပါင္းမ်ားစြာနဲ႔ ဗီဒီယိုရုပ္ရွင္ဇာတ္ကားေတြမွာ ကေလးသရုပ္ေဆာင္အျဖစ္ ေနရာယူ ရိုက္ကူးခြင့္ရခဲ့တာျဖစ္ပါတယ္။ ကေလးသရုပ္ေဆာင္အျဖစ္လည္း ပရိသတ္ေတြက လက္ခံျပီးအားေပးခဲ့ၾကတာပါ။

အရြယ္ေရာက္လာျပီးအခ်ိန္မွာလည္း သူ႔ရဲ႕အႏုပညာလွုပ္ရွားမွုေတြဟာ ရပ္မသြားဘဲ ဆက္လက္ေလ်ွာက္လွမ္းေနခဲ့ပါတယ္။ ယခုဆုိရင္ေတာ့ အိစိေကြးဟာ အသက္ (၁၉) ႏွစ္ျပည့္သြားျပီး အသက္ (၂၀) ထဲေရာက္ရွိလုိ႔လာခဲ့ပါျပီ။ မေန႔က က်ေရာက္ခဲ့တဲ့ သူ႔ရဲ႕ ေမြးေန႔ေလးကို အက်ိဳးရွိျပီးမြန္ျမတ္လွတဲ့ အလွဴအတန္းေလးနဲ႔ ျဖတ္သန္းခဲ့ပါတယ္။

အဲ့ဒါကေတာ့ အႏုပညာေလာကထဲက သရုပ္ေဆာင္ ခိုင္ႏွင္းေဝ တည္ေထာင္ထားတဲ့ ရင္ေသြးေလးမ်ားေဂဟာ က ကေလးေတြဆီကို သြားေရာက္လွဴဒါန္းခဲ့တာျဖစ္ပါတယ္။ ကေလးခ်စ္တတ္တဲ့ အိစိေကြးအတြက္ေတာ့ ေဂဟာကိုေရာက္စဥ္ အေပ်ာ္ဆံုးအခ်ိန္ေတြကို ပိုင္ဆိုင္ခြင့္ရခဲ့မယ္ဆိုတာကေတာ့ ေျပာျပဖို႔ စကားလံုးေတာင္ရွိမယ္မထင္ပါဘူး။ ပံုေလးေတြမွာ ေတြ႔ရတဲ့ ကေလးေတြအေပၚ ခ်စ္ခင္ၾကင္နာတဲ့ အိစိေကြးရဲ႕ အျပဳအမူေလးေတြက ပရိသတ္ေတြကိုပါ ခံစားမိေစမွာပါ။

အိစိေကြးဟာ ကူညီေစာင့္ေရွာက္မွုလိုအပ္ေနတဲ့ ကေလးေတြကို ရည္ရြယ္ျပီး သူ႔ရဲ႕ ေမြးေန႔အလွဴေလးကို ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ ဒီအလွဴအတြက္ ခိုင္ႏွင္းေဝကလည္း ဆုမြန္ေကာင္းေတြ ေတာင္းေပးထားသလို Cele Star မွလည္း အိစိေကြး ေလ်ွာက္လွမ္းမယ့္ အႏုပညာလမ္းတစ္ေလ်ွာက္ ေအာင္ျမင္မွုေတြဆြတ္ခူးရရွိႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Cele Star

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် အိစိကွေးဟာ ငယ်စဉ်ကလေးဘဝတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကျရောက်လာတဲ့ (၁၉) နှစ်ပြည့်မွေးနေ့လေးမှာ အိစိကွေးက ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာဆီသို့ သွားရောက်ပြီးလှူဒါန်းခဲ့ပါတယ်။ အိစိကွေးဟာ ငယ်စဉ်တည်းက ကြော်ငြာပေါင်းများစွာနဲ့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် နေရာယူ ရိုက်ကူးခွင့်ရခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ်လည်း ပရိသတ်တွေက လက်ခံပြီးအားပေးခဲ့ကြတာပါ။

အရွယ်ရောက်လာပြီးအချိန်မှာလည်း သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေဟာ ရပ်မသွားဘဲ ဆက်လက်လျှောက်လှမ်းနေခဲ့ပါတယ်။ ယခုဆိုရင်တော့ အိစိကွေးဟာ အသက် (၁၉) နှစ်ပြည့်သွားပြီး အသက် (၂၀) ထဲရောက်ရှိလို့လာခဲ့ပါပြီ။ မနေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့လေးကို အကျိုးရှိပြီးမွန်မြတ်လှတဲ့ အလှူအတန်းလေးနဲ့ ဖြတ်သန်းခဲ့ပါတယ်။

အဲ့ဒါကတော့ အနုပညာလောကထဲက သရုပ်ဆောင် ခိုင်နှင်းဝေ တည်ထောင်ထားတဲ့ ရင်သွေးလေးများဂေဟာ က ကလေးတွေဆီကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကလေးချစ်တတ်တဲ့ အိစိကွေးအတွက်တော့ ဂေဟာကိုရောက်စဉ် အပျော်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုတာကတော့ ပြောပြဖို့ စကားလုံးတောင်ရှိမယ်မထင်ပါဘူး။ ပုံလေးတွေမှာ တွေ့ရတဲ့ ကလေးတွေအပေါ် ချစ်ခင်ကြင်နာတဲ့ အိစိကွေးရဲ့ အပြုအမူလေးတွေက ပရိသတ်တွေကိုပါ ခံစားမိစေမှာပါ။

အိစိကွေးဟာ ကူညီစောင့်ရှောက်မှုလိုအပ်နေတဲ့ ကလေးတွေကို ရည်ရွယ်ပြီး သူ့ရဲ့ မွေးနေ့အလှူလေးကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအလှူအတွက် ခိုင်နှင်းဝေကလည်း ဆုမွန်ကောင်းတွေ တောင်းပေးထားသလို Cele Star မှလည်း အိစိကွေး လျှောက်လှမ်းမယ့် အနုပညာလမ်းတစ်လျှောက် အောင်မြင်မှုတွေဆွတ်ခူးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Cele Star