လိမ္မော်သီးရောင်းတဲ့ အဖိုးအိုကို သွားတွေ့တော့မယ့် Sinon Loresca

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

ယခုတလော ဖေ့ဘုတ်လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေပန်းစားပြီး လူပြောများနေတဲ့ အကြောင်းအရာကတော့ လိမ္မော်သီးရောင်းနေတဲ့ အဘိုးတယောက်ရဲ့ကြေကွဲစရာ အဖြစ်အပျက်လေး ဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ လူတော်တော်များများ မျှဝေနေကြပြီး ဒီအဘိုးကို ကူညီဖို့လည်း လူတော်တော်များများကတော့ တက်ကြွနေတာ ဖြစ်ပြီး အနုပညာရှင်တွေ ဆယ်လီတွေကတော့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းနေတာကို တွေ့ရပါတယ်။

လက်ရှိချိန်မှာတော့ အလှူလုပ်တဲ့နေရာမှာ လက်မနှေးတဲ့ Sinon တယောက်ကလည်း ဒီအကြောင်းကို ကြားပြီးတော့ ဖေ့ဘုတ်မှာ ဒီအဘိုးရဲ့ ဇာတ်ကြောင်းလေးကို မေးတဲ့ ပို့စ်လေးတင်ထားပြီး လူတော်တော်များများကတော့ Sinon ကို သွားရောက် ကူညီဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။Sinon ကတော့ လိမ္မော်သီး ရောင်းတဲ့ အဖိုးရဲ့ ဇာတ်လမ်းကို သိရှိပြီး ဝမ်းနည်းနေကာ လက်ရှိမှာတော့ သွားရောက် ကူညီဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

Sinon ကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ “အဖိုးကို ကျနော် အခုလာတွေ့တော့မှာပါ အဖိုးနဲ့ အဖိုးချစ်ရတဲ့ မိသားစုကို တွေ့ဖို့ ကျနော်စိတ်လှုပ်ရှားနေပါပြီ” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ Sinon တယောက်ကတော့ ပရဟိတ လုပ်ရာမှာ စံထားရတဲ့ လူတယောက်ဖြစ်ပြီး သူကူညီခဲ့တဲ့ လူတွေလည်း တော်တော်လေးကို များနေပါပြီ။

လက်ရှိမှာလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားတဲ့ လိမ္မော်သီးရောင်းတဲ့ အဖိုးကိုတော့ Sinon တယောက် သွားရောက်လှူဒါန်းတော့မှာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း Sinon ရဲ့ စိတ်ဓါတ်လေးကိုတော့ တကယ့်ကို ချီးကျူးပြီးတော့ သာဓုခေါ်နိုင်ကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးထဲမှာလည်း လိမ္မော်သီးရောင်းတဲ့ အဖိုးကို လှူချင်ရင် လိုင်းပေါ်မှာ စုံစမ်းပြီးတော့ လှူဒါန်းလို့ ရပါတယ်။