အဘဆီသွားရာမှ အဘရဲ့သမီးကိုမြင်ပြီး နောက်တစ်ခါ ဝှီးချဲထပ်လှူခဲ့တဲ့ Sinon

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Rowena
Source: Sinon Loresca

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖိလစ်ပိုင်လူမျိုး မော်ဒယ်ဖြစ်တဲ့ Sinon Loresca က မြန်မာနိုင်ငံကို အလုပ်ကိစ္စနဲ့ လာရောက်လည်ပတ်ရာမှ မြန်မာနိုင်ငံသားတွေကို သံယောဇဉ်တွယ်သွားခဲ့တာ ဖြစ်ပါတယ်။ Sinon Loresca က မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပြီး ပြည်သူ့မေတ္တာကို အပြည့်အဝ ရရှိထားသူလေး ဖြစ်ပါတယ်။

အကူအညီလိုအပ်နေတဲ့ နေရာမှန်သမျှ အရောက်သွားတတ်တဲ့ Sinon Loresca က ဒီနေ့မှာတော့ ဗိုလ်ချုပ်ဈေးက လိမ္မော်သီးရောင်းတဲ့ အဖိုးအိုဆီ အရောက်သွားပြီး အလှူငွေတွေ လှူဒန်းရင်း အားပေးနှစ်သိမ့်ခဲ့တာကို တွေ့ရပါတယ်။

အဘရဲ့ အိမ်ကို ရောက်ချိန်မှာတော့ Sinon Loresca က အဘရဲ့ သမီးငယ် မသန်စွမ်းတဲ့ မိန်းကလေးကို တွေ့မြင်ခဲ့ပါတယ်။ Sinon က မိန်းကလေးအတွက် စိတ်မကောင်းခြင်းများစွာနဲ့ ပြန်လာခဲ့တာဖြစ်ပါတယ်။

Sinon loresca နဲ့ သူ့ရဲ့ အဖွဲ့သားတွေက အဘရဲ့ သမီးအတွက် ဝှီးချဲလေးဝယ်ပြီး နောက်တစ်ကြိမ် အဘအိမ်ကို သွားခဲ့ပါတယ်။ Sinon ရဲ့ နောက်တစ်ကြိမ် အိမ်ကို ပြန်လည်ရောက်ရှိလာမှုကြောင့် အဘတို့ တစ်အိမ်သားလုံး အံ့သြဝမ်းသာဖြစ်ခဲ့ရတာကို တွေ့ရပါတယ်။

စည်ပင်ဝန်ထမ်းတွေကြောင့် အရင်းအနှီးဖျက်စီးမှုကိုခံလိုက်ရတဲ့ အသီးသည်အဘကို ကူညီပေးမယ့် Sinon Loresca

Sinon ရဲ့ လုပ်ရပ်ကတော့ အဘတို့မိသားစုအတွက်သာမက တစ်နိုင်ငံလုံးက ပြည်သူတွေကိုပါ အပျော်တွေ ကူးစက်စေတာပဲ ဖြစ်ပါတယ်။ Sinon တစ်ယောက် ဒီထက်မက လှူနိုင်၊ တန်းနိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: Sinon Loresca