သီဆိုခဲ့တဲ့ သီချင်းနဲ့ မလိုက်ဖက်ခဲ့တဲ့ အရာတစ်ခုကြောင့် ဆရာ၊ ဆရာမတွေကို ခွင့်လွှတ်ဖို့ မေတ္တာရပ်ခံခဲ့တဲ့ အေးမြဖြူ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Aye Mya Phyu

Unicode ဖြင့်ဖတ်ပါ
★★★★★

အေးမြဖြူလေးကတော့ငယ်ငယ်ကတည်းက မြန်မာသ့စဉ်တွေကို သင်ကြားသီဆိုလာကာ မကြာသေးမီက ကျင်းပခဲ့တဲ့ Myanmar Idol Season (4) မှာ First Runner Up ဆုကို ဆွတ်ခူးနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ အခုချိန်မှာ အဆိုပိုင်းအပြင် သရုပ်ဆောင်ဘက်ကိုပါ လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။

ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဆိုတော်လုပ်လာတဲ့သူမအတွက် ပြိုင်ပွဲပြီးတာနဲ့ အနုပညာအလုပ်တွေက ဆက်တိုက်ဆိုသလို မအားလပ်နိုင်အောင် ဖြစ်နေတယ်လို့ ဆိုရမှာပါ။ မအားတဲ့ကြားကလည်း ပညာရေးကိုလည်း လက်လွှတ်မခံဘဲ တက္ကသိုလ်ကျောင်းသို့ သွားကာ ပညာတွေကို သင်ယူနေသေးတာပဲ ဖြစ်ပါတယ် ။

လက်ရှိမှာလည်း ကျောင်းပွဲတွေဆက်တိုက်ဖိတ်ခေါ်ခံနေရတဲ့ အေးမြဖြူကတော့ ဒီနေ့မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် Fresher Welcome ပွဲမှာ ” ပါချုပ်ကြီး အပါအဝင် ဆရာ ၊ ဆရာမများ အတွက် မျက်ဝန်းလဲ့ပြာပြာ outfit နဲ့ မလိုက်ဖက်သွားတာတော့ ခွင့်လွှတ်ပါရှင့် ” ဆိုတဲ့ စာသားလေးနဲ့အတူ မြန်မာသံစဉ်လေးကို သီဆိုခဲ့တာတွေ့ရပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့အခါမှာလည်း မြန်မာသံစဉ်တွေကိုလည်း သီဆိုပြီး စတူဒီယို သီချင်းတွေကိုလည်းကြိုးစားပြီးသီဆိုသွားမယ်ဆိုတဲ့ စကားအတိုင်း ရရင်ရသလို မြတ်မာသံစဉ်တွေကို သီဆိုနေသူလေးပါပဲနော်။ CeleConnections ပရိသတ်ကြီးရော မိုးသိုလေးရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Aye Mya Phyu
Candy – CeleConnections