ပုံတွေပျံ့နှံ့ခြင်းဟာ iCloud အဟက်ခံရခြင်းကြောင့်လို့ဖြေဆိုခဲ့တာကြောင့် iOS Users တွေရဲ့အပြင်းအထန်ဝေဖန်ခြင်းကိုခံနေရတဲ့ နေဒွေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေနေဒြးကေတာ့ ပရိသတ္လက္ခံအားေပးတဲ့မင္းသားတစ္ေယာက္အေနနဲ႔ ရပ္တည္ခဲ့ေပမယ့္ လတ္တေလာျဖစ္ပြားေနတဲ့ျပႆနာေတြေၾကာင့္ ေဝဖန္မႈအျပင္းအထန္ခံေနရသူပါ။ေမာ္လ္ဒယ္သ႐ုပ္ေဆာင္တစ္ေယာက္နဲ႔လမ္းခြဲမႈအၿပီးမွာ လူမႈကြန္ရက္မွာပ်ံ႕ႏွံ႔ခဲ့တဲ့ အမ်ားအျမင္မသင့္ေတာ္တဲ့ပုံေတြအျပင္ ရည္းစားေဟာင္းနဲ႔ပုံေတြကို ျဖန႔္ခဲ့သူအျဖစ္ ပရိသတ္ေတြရဲ႕အျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေနေဒြးဟာေျဖရွင္းခဲ့တဲ့အခ်ိန္မွာေတာ့ အမ်ားအျမင္မသင့္ေတာ္တဲ့ပုံေတြဟာ သူနဲ႔လည္းမဟုတ္သလို သူျဖန႔္ခဲ့တာလည္းမဟုတ္ေၾကာင္းေျပာၾကားခဲ့ၿပီး အျခားတြဲခဲ့တဲ့ေကာင္မေလးေတြနဲ႔ပုံေတြကေတာ့ မိမိဖုန္းရဲ႕ iCloud ကိုဟက္ခံခဲ့ရတာေၾကာင့္ ပ်ံ႕ႏွံ႔ခဲ့ရတာလို႔ အင္တာဗ်ဴးမွာေျဖၾကားခဲ့တာပဲျဖစ္ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး iOS Users ေတြရဲ႕အျပင္းအထန္ေဝဖန္ျခင္းကို ရရွိခဲ့တာျဖစ္ပါတယ္။

လက္ရွိကမာၻမွာ Security အျမင့္ဆုံးလို႔ေျပာလို႔ရတဲ့ iPhone ရဲ႕ iCloud ကိုဟက္ဖို႔ဆိုတာ နည္းပညာျမင့္တဲ့ႏိုင္ငံေတြမွာေတာင္ ဘယ္လိုမွမျဖစ္ႏိုင္ေၾကာင္းကို Apple Users ေတြက “iCloud ကိုဟက္ခံလိုက္ရတယ္ဆိုေတာ့ ေခါင္းႀကီးသြားတယ္.. Apple ကိုေတာင္ဟက္ႏိုင္တယ္ဆိုေတာ့ ဘယ္ေခတဲ့ေကာင္လဲကြ..အသစ္အဆန္းေတြ” “ICloud ဆိုတာႀကီးကို FBI ေတာင္ဟက္မရလို႔ Apple ကိုအကူအညီေတာင္းခဲ့ရတာဗ်.. iphone ေတြကိုေဈးႀကီးေပးဝယ္တယ္ဆိုတာ ဝန္ေဆာင္မႈကိုသေဘာက်လို႔ လုံၿခဳံလို႔ပါ” “iCloud ဟက္ခံရတယ္ဆိုပဲ Apple ကုမၸဏီ ကသိရင္ နင္တရားစြဲခံရေတာ့မယ္” စတဲ့မွတ္ခ်က္တို႔ကိုေပးခဲ့ၾကတာပါ။

ကမာၻနာမည္ႀကီးဖုန္းကုမၸဏီ Apple ကေတာ့ iCloud ကို (၂၀၁၁)ခုႏွစ္မွာစတင္မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ iCloud ကေတာ့ သုံးစြဲသူေတြရဲ႕သတင္းအခ်က္အလက္ေတြ ဓာတ္ပုံေတြကိုသိမ္းဆည္းေပးတဲ့လုပ္ေဆာင္ခ်က္ေတြအျပင္ အျခားဖုန္းေတြမွာမရတဲ့ လုပ္ေဆာင္ခ်က္ေတြကိုပါ လုံၿခဳံေရးစနစ္ေကာင္းေကာင္းနဲ႔သိုေလွာင္တဲ့ ေနရာတစ္ခုအျဖစ္ Apple ကမိတ္ဆက္ခဲ့တာျဖစ္ၿပီး သုံးစြဲသူအားလုံးရဲ႕စိတ္ေက်နပ္မႈကိုရရွိထားတဲ့ Security အေကာင္းဆုံးကုမၸဏီတစ္ခုအျဖစ္ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။ဒါေၾကာင့္ ေနေဒြးရဲ႕ iCloud ဟက္ခံခဲ့ရတယ္ဆိုတဲ့ေျဖရွင္းခ်က္ကိုေတာ့ ပရိသတ္ေတြကမႏွစ္ၿမိဳ႕ခဲ့ၾကဘဲ ေဝဖန္တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

နေဒွေးကတော့ ပရိသတ်လက်ခံအားပေးတဲ့မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ပေမယ့် လတ်တလောဖြစ်ပွားနေတဲ့ပြဿနာတွေကြောင့် ဝေဖန်မှုအပြင်းအထန်ခံနေရသူပါ။မော်လ်ဒယ်သရုပ်ဆောင်တစ်ယောက်နဲ့လမ်းခွဲမှုအပြီးမှာ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့ အများအမြင်မသင့်တော်တဲ့ပုံတွေအပြင် ရည်းစားဟောင်းနဲ့ပုံတွေကို ဖြန့်ခဲ့သူအဖြစ် ပရိသတ်တွေရဲ့အပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နေဒွေးဟာဖြေရှင်းခဲ့တဲ့အချိန်မှာတော့ အများအမြင်မသင့်တော်တဲ့ပုံတွေဟာ သူနဲ့လည်းမဟုတ်သလို သူဖြန့်ခဲ့တာလည်းမဟုတ်ကြောင်းပြောကြားခဲ့ပြီး အခြားတွဲခဲ့တဲ့ကောင်မလေးတွေနဲ့ပုံတွေကတော့ မိမိဖုန်းရဲ့ iCloud ကိုဟက်ခံခဲ့ရတာကြောင့် ပျံ့နှံ့ခဲ့ရတာလို့ အင်တာဗျူးမှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး iOS Users တွေရဲ့အပြင်းအထန်ဝေဖန်ခြင်းကို ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိကမ္ဘာမှာ Security အမြင့်ဆုံးလို့ပြောလို့ရတဲ့ iPhone ရဲ့ iCloud ကိုဟက်ဖို့ဆိုတာ နည်းပညာမြင့်တဲ့နိုင်ငံတွေမှာတောင် ဘယ်လိုမှမဖြစ်နိုင်ကြောင်းကို Apple Users တွေက “iCloud ကိုဟက်ခံလိုက်ရတယ်ဆိုတော့ ခေါင်းကြီးသွားတယ်.. Apple ကိုတောင်ဟက်နိုင်တယ်ဆိုတော့ ဘယ်ခေတဲ့ကောင်လဲကွ..အသစ်အဆန်းတွေ” “ICloud ဆိုတာကြီးကို FBI တောင်ဟက်မရလို့ Apple ကိုအကူအညီတောင်းခဲ့ရတာဗျ.. iphone တွေကိုဈေးကြီးပေးဝယ်တယ်ဆိုတာ ဝန်ဆောင်မှုကိုသဘောကျလို့ လုံခြုံလို့ပါ” “iCloud ဟက်ခံရတယ်ဆိုပဲ Apple ကုမ္ပဏီ ကသိရင် နင်တရားစွဲခံရတော့မယ်” စတဲ့မှတ်ချက်တို့ကိုပေးခဲ့ကြတာပါ။

ကမ္ဘာနာမည်ကြီးဖုန်းကုမ္ပဏီ Apple ကတော့ iCloud ကို (၂၀၁၁)ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ iCloud ကတော့ သုံးစွဲသူတွေရဲ့သတင်းအချက်အလက်တွေ ဓာတ်ပုံတွေကိုသိမ်းဆည်းပေးတဲ့လုပ်ဆောင်ချက်တွေအပြင် အခြားဖုန်းတွေမှာမရတဲ့ လုပ်ဆောင်ချက်တွေကိုပါ လုံခြုံရေးစနစ်ကောင်းကောင်းနဲ့သိုလှောင်တဲ့ နေရာတစ်ခုအဖြစ် Apple ကမိတ်ဆက်ခဲ့တာဖြစ်ပြီး သုံးစွဲသူအားလုံးရဲ့စိတ်ကျေနပ်မှုကိုရရှိထားတဲ့ Security အကောင်းဆုံးကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် နေဒွေးရဲ့ iCloud ဟက်ခံခဲ့ရတယ်ဆိုတဲ့ဖြေရှင်းချက်ကိုတော့ ပရိသတ်တွေကမနှစ်မြို့ခဲ့ကြဘဲ ဝေဖန်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar