ဘုန်းကြီးဝတ်လို့ကတုံးဖြစ်နေပေမယ့် နေ့ချင်းညချင်းဆံပင်ရှည်သွားတဲ့ ဖြိုးပြည့်စုံ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






မိုမိုလေး

Unicode ဖြင့်ဖတ်ပါ
★★★★★

Melody World သီချင်းဆို ပြိုင်ပွဲမှတဆင့် နာမည်ကြီးလာခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံဟာ တေးသီချင်းကောင်းလေးတွေကို သီဆိုသူတစ်ယောက်ပါပဲ။ ဖြိုးပြည့်စုံရဲ့ ကြည်လင်ပြတ်သားပြီး စွဲဆောင်မှုရှိတဲ့ အသံကို လူကြီး၊ လူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက် အားပေးကြတာပဲ ဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်း အဆိုတော် ဖြိုးပြည့်စုံရယ်လို့ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။

ဖြိုးပြည့်စုံက ပြီးခဲ့တဲ့ရက်သတ္တပတ်က သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူတူ ဒုလ္လဘရဟန်း ဝတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံက ရဟန်းခံပြီး ကတုံးဖြစ်နေပေမယ့် ဖျော်ဖြေပွဲတွေကို အေးအေးဆေးဆေး ဖျော်ဖြေနေပါတယ်။

ဖြိုးပြည့်စုံက ယောကျာ်းလေးသုံး ဆံပင်တုကို သူ့ရဲ့ကတုံးဆံပင်ပေါက်မှာ ကပ်ပြီး ပရိသတ်တွေကို ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံရဲ့ ဆံပင်တုက အရမ်းကို သေသေသပ်သပ် ရှိတာကြောင့် ပရိသတ်တွေက ဖြိုးပြည့်စုံ နေ့ချင်းညချင်း ဆံပင်တွေရှည်လာတာလားဆိုပြီး အံ့သြနေကြတာ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံရဲ့ ဆံပင်တုကတော့ အရမ်းမိုက်တာပဲနော်။ ပရိသတ်ကြီးလည်း ဖြိုးပြည့်စုံရဲ့ အမိုက်စားဆံပင်စတိုင်လ်ကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး