တရုတ်ပြည်မှဗိုင်းရပ်စ်ဟာ လူလူချင်း ကူးစက်နိုင်တာကြောင့်မြန်မာပြည်သူတွေ အထူးသတိထားဖို ့ လိုလာပါပြီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





======


======



ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်ခံထားရသူများကို ကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများအနက်မှ ၂၀ ဦးတွင် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဟု တရုတ်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုထားသည်။DM

Unicode ဖြင့်ဖတ်ပါ
★★★★★

တရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပွားနေပါတယ် တာဝန်ရှိသူတွေကလည်း အဆိုပါ ဗိုင်းရပ်စ်အကြောင်း သုတေသနပြုလုပ်မှုတွေ အပြင်းအထန်ပြုလုပ်ချက်ရှိပါတယ် သုတေသနပြု စုံစမ်းစစ်ဆေးနေတဲ့ တရုတ်တာဝန်ရှိသူတစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးဆန်းတစ်မျိုးကနေ ဖြစ်ပွားတဲ့ အဆိုပါ နမိုးနီးယားရောဂါသစ်တစ်မျိုးဟာ လူ လူခြင်း ကူးစက်နိုင်တယ်လို့ အသိပေးခဲ့ပါတယ်။

ခုလိုပြောလာရတာကလည်း ဒီ ဗိုင်းရပ်စ်ကြောင့် လေးဦးမြောက်လူ သေဆုံးကြောင်း သတင်းထုတ်ပြန်အပြီးမှာ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ ဒါပေမယ့် အဆိုပါရောဂါဆန်းဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ SARS ရောဂါ တစ်ကျော့ပြန်လာနိုင်မဲ့ အန္တရာယ်မျိုး မရှိဘူးလို့ ကျောင်နန်ရှန့်က ဆိုခဲ့ပါတယ်။

ခုလို ရောဂါဆန်းဗိုင်းရပ်စ် ပြန့်နှံ့ခဲ့တာဟာလည်း အစောပိုင်းအခြေအနေကသာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက ကောင်းစွာစောင့်ကြည့်နေသလို ရောဂါကို ထိန်းချုပ်နိုင်တဲ့ ရောဂါခြေချုပ်စနစ်ကိုလည်း ကျင့်သုံးနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်

တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ ထိုင်းနဲ့ ဂျပန်တို့မှာလည်း ကူးစက်ခံရသူ လေးဦး ရှိထားပြီ ဖြစ်တာကြောင့် ကမ္ဘာ့လေဆိပ်တွေမှာလည်း တရုတ် ဝူဟန်မြို့ကလာခဲ့တဲ့ တရုတ်ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ် တရုတ်တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်အရ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၁၇ ဦး ရှိရာမှာ ဝူဟန်မြို့မှာတင် ၁၉၈ ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ဒါကြောင့် လူလူချင်း ကူးစက်တတ်တဲ့ ဒီဗိုင်းရပ်စ်ဆန်းကြီး မိမိတို့ဒေသဆီ ရောက်မလာစေဖို့ သတိထားကြဖို့ နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်နော်။

======

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာကို
ပလပ်စတစ်အလုံပိတ်ပြွန်ဖြင့် ရွေ့ပြောင်းသည့် ဗီဒီယိုဖိုင်ကြောင့် စိုးရိမ်မှုများ ပိုမို မြင့်တက်လာ

======

တရုတ်နိုင်ငံ ဝူဟန်မြို ့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျန်းမာရေးပိုင်းဆိုင်ရာနှင့် အစိုးရတာဝန်ရှိသူများက အလေးထားဆောင်ရွက်နေချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာတစ်ဦးကို တရုတ်ကျန်းမာရေးဝန်ထမ်းများက ပလပ်စတစ်အလုံပိတ်ပြွန်ဖြင့်ရွေ့ပြောင်းခဲ့သည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာသည့်အတွက် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနေပြီဖြစ်သည်။

အဆိုပါဗီဒီယိုဖိုင်မှာ ယနေ့ ဇန်နဝါရီ ၂၃ ညနေတွင် စတင်ပျံ ့နှံ့လာခြင်းဖြစ်ပြီး နိုင်ငံတကာ မီဒီယာများကလည်း ဗီဒီယိုဖိုင်နှင့်အတူ ကျွမ်းကျင်ဆေးပညာရှင်များ၏ အမြင်ကို ကိုးကား၍ သတင်းဆောင်းပါးများ စဉ်ဆက်မပြတ် ဖော်ပြနေကြသည်။

ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်ခံထားရသူများကို ကုကုသပေးနေသ ကျန်းမာရေး ဝန်ထမ်းများအနက်မှ ၂၀ ဦးတွင် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဟု တရုတ်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုထားသည်။DM