ဘယ်အနုပညာရှင်မှ မရဖူးသေးတဲ့ ပရိသတ်တွေလုပ်ပေးတဲ့ Surprise ကိုရလိုက်တဲ့ နေခြည်ဦး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – Nay Chi Oo
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“ဘယ်အနုပညာရှင်မှ မရဖူးသေးတဲ့ ပရိသတ်တွေလုပ်ပေးတဲ့ Surprise ကိုရလိုက်တဲ့ နေခြည်ဦး”

နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အနေနဲ့ပရိသတ်စတင်အသိမှတ်ပြုခဲ့သူဖြစ်ပြီး အများနဲ့မတူတဲ့အရည်အချင်းတွေနဲ့ကြိုးစားမှုတို့ကြောင့် အချိန်တိုအတွင်းအောင်မြင်မှုရရှိလာသူတစ်ယောက်လို့ ဆိုရမှာပါ။ဝေဖန်တိုက်ခိုက်သူတချို့ရှိပေမယ့်လည်း အားပေးဝန်းရံတဲ့ Chillies Fans တွေရဲ့အင်အားကပိုတောင့်တင်းတာမို့ နေခြည်ဦးကတော့ တောက်ပတဲ့ကြယ်တစ်ပွင့်အနေနဲ့ရပ်တည်လာနိုင်ခဲ့တာပါ။

မနက်ဖြန်ကတော့ နေခြည်ဦးရဲ့(၂၈)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ချီလီပရိသတ်တွေကတော့ သူတို့ ဘယ်လောက်ထိအားပေးတယ်ဆိုတာကို ပြသလိုက်တာပါ။အဲ့ဒါကတော့ အခြားနိုင်ငံတွေမှာတော့ ခေတ်စားပြီးတဲ့အလေ့အထဖြစ်ပေမယ့် မြန်မာနိုင်ငံကအနုပညာရှင်တွေ ဘယ်သူမှမရဖူးသေးတဲ့မွေးနေ့လက်ဆောင်လေးကို ပရိသတ်အင်အားနဲ့လုပ်ပေးလိုက်တာပါ။ရန်ကုန်တစ်မြို့လုံးအနှံ့ ဘေဘုတ်တွေမှာ နေခြည်ဦးပုံတွေနဲ့အတူ ခပ်မိုက်မိုက်စာသားလေးဖြစ်တဲ့ “Keep The Drama Going.It’s Chillies ဂိုဏ်းချုပ် Birthday” ဆိုတဲ့စာသားလေးတွေနဲ့အတူ Surprise လုပ်ပေးခဲ့တာပါ။

နေခြည်ဦးကတော့ သူ့ပုံတွေကိုမြို့အနှံ့မြင်လိုက်ရတဲ့အခါမှာ ပြောမပြတတ်အောင်ဝမ်းသာခဲ့ရတာဖြစ်ပြီး ပုံတွေအားလုံးဆီကို သွားပြီးဓာတ်ပုံရိုက်ကာ Chillies Fans တွေကိုကျေးဇူးတင်စကားဆိုခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးရေ နေခြည်ဦးကတော့ ကိုယ်တိုင်လည်း ခေတ်ကိုအမှီလိုက်နိုင်တဲ့ ခပ်လန်းလန်းဆယ်လီဘရစ်တီတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ပရိသတ်တွေကလည်း ဘယ်အနုပညာရှင်တွေရဲ့ပရိသတ်တွေကမှ မလုပ်ပေးဖူးသေးတဲ့ အရာလေးကိုလုပ်ပေးလိုက်တာမို့ ချီချီကတော့အရမ်းပျော်နေမယ်ထင်ပါတယ်နော်။

Source – Nay Chi Oo
Rainbow- Cele Gabar