တက္ကသိုလ်ဝင်တန်းအောင်မြင်ရင် တက်ချင်တဲ့တက္ကသိုလ်အကြောင်းပြောပြခဲ့တဲ့ မေ့ချစ်သက်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ရဲ႕အခ်စ္ေတာ္ေလးေမ့ခ်စ္သက္ကေတာ့ အသက္ငယ္ငယ္ေလးသာရွိေသးေပမယ့္ သီခ်င္းဆိုၿပိဳင္ပြဲေတြက ဆုတံဆိပ္ေပါင္းမ်ားစြာကို သိမ္းပိုက္ထားသူပါ။ျမန္မာ့ဂီတကိုခ်စ္ျမတ္ႏိုးစြာနဲ႔ ျမန္မာသံစစ္စစ္ေတြကိုပဲ သီဆိုေလ့ရွိတဲ့အျပင္ ကိုယ္တိုင္လည္းဆံပင္ရွည္ေလးနဲ႔ က်က္သေရရွိလြန္းလွသူေလးပါ။

ေမ့ခ်စ္သက္ကေတာ့ အ႐ြယ္နဲ႔မမွ်ေအာင္ ေဖ်ာ္ေျဖပြဲေတြဆက္တိုက္ဆိုသလိုသြားေရာက္ သီဆိုေနရသူျဖစ္တာေၾကာင့္ အရင္ႏွစ္ကက်င္းပခဲ့တဲ့ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ က်ရႈံးခဲ့တာပါ။ေမ့ခ်စ္သက္အတြက္ ပရိသတ္ေတြကမ်ားစြာ စိတ္မေကာင္းျဖစ္ခဲ့ရတာေၾကာင့္ သူကေတာ့ ဒီႏွစ္စာေမးပြဲမွာ ပရိသတ္ေတြစိတ္ခ်မ္းသာေအာင္ ေအာင္ျမင္ေအာင္လုပ္မယ္လို႔ေျပာၾကားခဲ့တာပါ။ဒါ့အျပင္ “ေအာင္သြားရင္သမီးတက္ခ်င္တဲ့ တကၠသိုလ္က ဘယ္လိုေျပာျပရမလဲ…

ေမေမနဲ႔ေဖေဖကေတာ့ NUAC ယဥ္ေက်းမႈတကၠသိုလ္ကိုတက္ေစခ်င္တယ္… သမီးကလည္း အႏုပညာနဲ႔လုပ္မွာဆိုေတာ့ ဒီယဥ္ေက်းမႈတကၠသိုလ္ႀကီးကို တက္ခ်င္တယ္ေပါ့ေနာ္… တျခားတက္ခ်င္တဲ့တကၠသိုလ္လည္းရွိတယ္… အဲ့တကၠသိုလ္ကေတာ့ ေမေမနဲ႔ေဖေဖနဲ႔ကို တိုင္ပင္ေနတုန္းေပါ့ေနာ္.. ေဖေဖနဲ႔ေမေမကေတာ့ အခုခ်ိန္မွာ ကိုယ္ကအႏုပညာအလုပ္လုပ္ေနတာျဖစ္တဲ့အတြက္ ယဥ္ေက်းမႈတကၠသိုလ္ကို တက္ေစခ်င္တာေပါ့ေနာ္… သမီးကေတာ့ ျဖစ္ႏိုင္မယ္ဆိုရင္ တျခားတကၠသိုလ္ ေကာလိပ္ေလာက္ေပါ့ တက္ခ်င္ေသးတာေပါ့ေနာ္” လို႔ေျဖၾကားခဲ့ပါတယ္။

မၾကာခင္လပိုင္းအတြင္းမွာေတာ့ တကၠသိုလ္စာေမးပြဲႀကီး က်င္းပေတာ့မွာျဖစ္ၿပီး ဒီႏွစ္ေတာ့ေအာင္ရမယ္လို႔ ယုံၾကည္ခ်က္ထားရွိတဲ့ ေမ့ခ်စ္သက္ကေတာ့ သူတက္ျဖစ္မယ့္ တကၠသိုလ္အေၾကာင္းကို ေျပာျပခဲ့တာပါ။ျမန္မာေတးသံရွင္ ေမ့ခ်စ္သက္ေလး ဒီႏွစ္မွာေတာ့ တကၠသိုလ္ဝင္တန္းကို အမွတ္ေကာင္းေကာင္းနဲ႔ေအာင္ျမင္ၿပီး သူတက္ခ်င္တဲ့တကၠသိုလ္တက္ခြင့္ရႏိုင္ေအာင္ ဆယ္လီကမာၻပရိသတ္ႀကီးဆုေတာင္းေပးခဲ့ပါဦးေနာ္။

Source – Exclusive on Cele Gabar

Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ရဲ့အချစ်တော်လေးမေ့ချစ်သက်ကတော့ အသက်ငယ်ငယ်လေးသာရှိသေးပေမယ့် သီချင်းဆိုပြိုင်ပွဲတွေက ဆုတံဆိပ်ပေါင်းများစွာကို သိမ်းပိုက်ထားသူပါ။မြန်မာ့ဂီတကိုချစ်မြတ်နိုးစွာနဲ့ မြန်မာသံစစ်စစ်တွေကိုပဲ သီဆိုလေ့ရှိတဲ့အပြင် ကိုယ်တိုင်လည်းဆံပင်ရှည်လေးနဲ့ ကျက်သရေရှိလွန်းလှသူလေးပါ။

မေ့ချစ်သက်ကတော့ အရွယ်နဲ့မမျှအောင် ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလိုသွားရောက် သီဆိုနေရသူဖြစ်တာကြောင့် အရင်နှစ်ကကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျရှုံးခဲ့တာပါ။မေ့ချစ်သက်အတွက် ပရိသတ်တွေကများစွာ စိတ်မကောင်းဖြစ်ခဲ့ရတာကြောင့် သူကတော့ ဒီနှစ်စာမေးပွဲမှာ ပရိသတ်တွေစိတ်ချမ်းသာအောင် အောင်မြင်အောင်လုပ်မယ်လို့ပြောကြားခဲ့တာပါ။ဒါ့အပြင် “အောင်သွားရင်သမီးတက်ချင်တဲ့ တက္ကသိုလ်က ဘယ်လိုပြောပြရမလဲ…

မေမေနဲ့ဖေဖေကတော့ NUAC ယဉ်ကျေးမှုတက္ကသိုလ်ကိုတက်စေချင်တယ်… သမီးကလည်း အနုပညာနဲ့လုပ်မှာဆိုတော့ ဒီယဉ်ကျေးမှုတက္ကသိုလ်ကြီးကို တက်ချင်တယ်ပေါ့နော်… တခြားတက်ချင်တဲ့တက္ကသိုလ်လည်းရှိတယ်… အဲ့တက္ကသိုလ်ကတော့ မေမေနဲ့ဖေဖေနဲ့ကို တိုင်ပင်နေတုန်းပေါ့နော်.. ဖေဖေနဲ့မေမေကတော့ အခုချိန်မှာ ကိုယ်ကအနုပညာအလုပ်လုပ်နေတာဖြစ်တဲ့အတွက် ယဉ်ကျေးမှုတက္ကသိုလ်ကို တက်စေချင်တာပေါ့နော်… သမီးကတော့ ဖြစ်နိုင်မယ်ဆိုရင် တခြားတက္ကသိုလ် ကောလိပ်လောက်ပေါ့ တက်ချင်သေးတာပေါ့နော်” လို့ဖြေကြားခဲ့ပါတယ်။

မကြာခင်လပိုင်းအတွင်းမှာတော့ တက္ကသိုလ်စာမေးပွဲကြီး ကျင်းပတော့မှာဖြစ်ပြီး ဒီနှစ်တော့အောင်ရမယ်လို့ ယုံကြည်ချက်ထားရှိတဲ့ မေ့ချစ်သက်ကတော့ သူတက်ဖြစ်မယ့် တက္ကသိုလ်အကြောင်းကို ပြောပြခဲ့တာပါ။မြန်မာတေးသံရှင် မေ့ချစ်သက်လေး ဒီနှစ်မှာတော့ တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်မြင်ပြီး သူတက်ချင်တဲ့တက္ကသိုလ်တက်ခွင့်ရနိုင်အောင် ဆယ်လီကမ္ဘာပရိသတ်ကြီးဆုတောင်းပေးခဲ့ပါဦးနော်။

Source – Exclusive on Cele Gabar

Rainbow- Cele Gabar