၂၀၁၉ ခုနှစ်အတွင်းမှာ အကောင်းဆုံး ကြိုးစားခဲ့ တယ်ဆိုတဲ့ နေတိုး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

၂၀၁၉ ခုႏွစ္အတြက္ အကယ္ဒမီ စာရင္းဝင္ဇာတ္ကားေတြထဲမွာ ေနတိုးပါဝင္ထားတဲ့ ဇာတ္ကားေတြက အမ်ားႀကီးပါပဲ။ သူကိုယ္တိုင္ကလည္း သေဘာက်ႏွစ္သက္ခဲ့ရတဲ့ ဇာတ္ကားေတြျဖစ္တယ္လို႔ သိရပါတယ္။ ၂၀၁၉ ခုႏွစ္အတြက္ အကယ္ဒမီေပးပြဲနဲ႔ ပတ္သက္ၿပီး သ႐ုပ္ေဆာင္ ေနတိုးရဲ႕ ရင္ခုန္သံကို အင္တာဗ်ဴးေတြမွာ ေျပာျပလာပါတယ္။ သူကိုယ္တိုင္ကလည္း အေကာင္းဆုံး ႀကိဳးစားခဲ့တဲ့ ႏွစ္ျဖစ္တယ္လို႔ ဆိုပါတယ္။ “အကယ္ဒမီ နီးလာတယ္ဆိုရင္ ပရိသတ္ရဲ႕ ထင္ျမင္ယူဆခ်က္ေလးေတြ၊ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ ေလးေတြကလည္း နီးကပ္လာၿပီေပါ့ေနာ္။ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ဒီႏွစ္အတြင္းမွာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားထားခဲ့ပါတယ္။ ပရိသတ္ေတြကလည္း ေမွ်ာ္လင့္ခ်က္ေတြ ရွိေကာင္းရွိႏိုင္တယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္။ ကိုယ္တိုင္ကေတာ့ ေထြေထြထူးထူး ရင္ခုန္ ေမွ်ာ္ခင့္ခ်က္ ဆိုတာမ်ိဳး မရွိပါဘူး” လို႔ သူက ေျပာပါတယ္။

၂၀၁၉ ခုႏွစ္အတြက္ အကယ္ဒမီစာရင္းဝင္ဇာတ္ကားေတြထဲမွာေတာ့ ေနတိုးပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြက အမ်ားႀကီးပါပဲ။ ပရိသတ္နဲ႔ သူနဲ႔အႀကိဳက္တူခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြ ျဖစ္တယ္လို႔ ဇန္နဝါရီလ ၁၈ ရက္ေန႔က XIMI ဆိုင္သစ္ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့ပါတယ္။“ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြကလည္း မ်ားပါတယ္။ ကာ႐ိုက္တာေတြကလည္း စုံတဲ့ ႏွစ္တစ္ႏွစ္လို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။ အဓိက ကေတာ့ ကြၽန္ေတာ့္ပရိသတ္ေတြက ဒီဇာတ္ကားေတြေပၚမွာ ၾကည့္ရႈမႈ အမ်ားဆုံးရခဲ့တဲ့ႏွစ္တစ္ႏွစ္ျဖစ္ခဲ့တယ္လို႔လည္း ကြၽန္ေတာ္ သုံးသပ္မိပါတယ္။ ပရိသတ္နဲ႔ ကြၽန္ေတာ့္ၾကားမွာ ေက်နပ္စရာေတြရွိခဲ့တဲ့ ႏွစ္တစ္ႏွစ္ပါ။ ဇာတ္ကားတိုင္းရဲ႕ ကာ႐ိုက္တာကိုလည္း ႏွစ္သက္ခဲ့ပါတယ္” လို႔ ဆိုပါတယ္။

အကယ္ဒမီေပးပြဲမွာ ပရိသတ္ သေဘာထားတဲ့ ထပ္တူက်ဖို႔အတြက္ကိုလည္း ေနတိုးကိုယ္တိုင္က ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။ ၂၀၁၉ ခုႏွစ္အတြက္ အကယ္ဒမီဆုေပးပြဲနဲ႔ ပတ္သက္ၿပီး ေနတိုးရဲ႕ သေဘာထားကိုလည္း အခုလို ေျပာျပလာပါတယ္။“ အကယ္ဒမီကေတာ့ ႏွစ္စဥ္ႏွစ္တိုင္း လူတိုင္းရဲ႕ စိတ္ႀကိဳက္ေတာ့ ျဖစ္မွာ မဟုတ္ပါဘူး။ တစ္ဦးတစ္ေယာက္အတြက္ လြဲေခ်ာ္သလို တစ္ဦးတစ္ေယာက္အတြက္ မွန္ေကာင္း မွန္ႏိုင္တယ္။ ပရိသတ္အားေပးမႈနဲ႔ ထပ္တူက်တဲ့ အကယ္ဒမီျဖစ္ဖို႔ကိုေတာ့ အကုန္လုံး က ေမွ်ာ္လင့္ ၾကတာပါပဲ။ ေမွ်ာ္လင့္တဲ့အတိုင္း ျဖစ္မလာတာကလည္း ေလာကသဘာဝတစ္ခုျဖစ္ေနတာေလ။ ဒီႏွစ္ကေတာ့ ပရိသတ္နဲ႔ တစ္ထပ္တည္း ျဖစ္ႏိုင္ေကာင္းတယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။

ေနတိုးရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၂၀ ေက်ာ္လာၿပီျဖစ္ပါတယ္။ သူဟာ ဘက္စုံထူးခြၽန္တဲ့ အႏုပညရွင္တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ Music Video ေတြမွာ သ႐ုပ္ေဆာင္လာရင္းကေန ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ TV ေၾကာ္ျငာမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူ တစ္ေယာက္ပါ။ အခုခ်ိန္မွာေတာ့ ေနတိုးက အကယ္ဒမီ ဆုေတြကို ပိုင္ဆိုင္ထားေနၿပီျဖစ္ပါတယ္။ ဒီဆုေတြကေတာ့ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) စတဲ့ ႐ုပ္ရွင္ဇာတ္ကား(၃) ကားမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုေတြကို ရရွိထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Cult Critic Movie Award ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္က ခ်ီးျမႇင့္တဲ့ The Best Actor ဆုကိုလည္း ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေထဲမှာ နေတိုးပါဝင်ထားတဲ့ ဇာတ်ကားတွေက အများကြီးပါပဲ။ သူကိုယ်တိုင်ကလည်း သဘောကျနှစ်သက်ခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး သရုပ်ဆောင် နေတိုးရဲ့ ရင်ခုန်သံကို အင်တာဗျူးတွေမှာ ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အကောင်းဆုံး ကြိုးစားခဲ့တဲ့ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ “အကယ်ဒမီ နီးလာတယ်ဆိုရင် ပရိသတ်ရဲ့ ထင်မြင်ယူဆချက်လေးတွေ၊ သူတို့ရဲ့ မျှော်လင့်ချက် လေးတွေကလည်း နီးကပ်လာပြီပေါ့နော်။ ကျွန်တော့်အနေနဲ့ကတော့ ဒီနှစ်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားခဲ့ပါတယ်။ ပရိသတ်တွေကလည်း မျှော်လင့်ချက်တွေ ရှိကောင်းရှိနိုင်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ကိုယ်တိုင်ကတော့ ထွေထွေထူးထူး ရင်ခုန် မျှော်ခင့်ချက် ဆိုတာမျိုး မရှိပါဘူး” လို့ သူက ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေထဲမှာတော့ နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက အများကြီးပါပဲ။ ပရိသတ်နဲ့ သူနဲ့အကြိုက်တူခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့က XIMI ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။“ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း များပါတယ်။ ကာရိုက်တာတွေကလည်း စုံတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရတယ်ပေါ့နော်။ အဓိက ကတော့ ကျွန်တော့်ပရိသတ်တွေက ဒီဇာတ်ကားတွေပေါ်မှာ ကြည့်ရှုမှု အများဆုံးရခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့လည်း ကျွန်တော် သုံးသပ်မိပါတယ်။ ပရိသတ်နဲ့ ကျွန်တော့်ကြားမှာ ကျေနပ်စရာတွေရှိခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ဇာတ်ကားတိုင်းရဲ့ ကာရိုက်တာကိုလည်း နှစ်သက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

အကယ်ဒမီပေးပွဲမှာ ပရိသတ် သဘောထားတဲ့ ထပ်တူကျဖို့အတွက်ကိုလည်း နေတိုးကိုယ်တိုင်က မျှော်လင့်တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲနဲ့ ပတ်သက်ပြီး နေတိုးရဲ့ သဘောထားကိုလည်း အခုလို ပြောပြလာပါတယ်။“ အကယ်ဒမီကတော့ နှစ်စဉ်နှစ်တိုင်း လူတိုင်းရဲ့ စိတ်ကြိုက်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်အတွက် လွဲချော်သလို တစ်ဦးတစ်ယောက်အတွက် မှန်ကောင်း မှန်နိုင်တယ်။ ပရိသတ်အားပေးမှုနဲ့ ထပ်တူကျတဲ့ အကယ်ဒမီဖြစ်ဖို့ကိုတော့ အကုန်လုံး က မျှော်လင့် ကြတာပါပဲ။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတာကလည်း လောကသဘာဝတစ်ခုဖြစ်နေတာလေ။ ဒီနှစ်ကတော့ ပရိသတ်နဲ့ တစ်ထပ်တည်း ဖြစ်နိုင်ကောင်းတယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။