ပန်းစည်းလေးတွေပို့ကာ Surpriseလုပ်နေတဲ့ သူကို စိတ်ဝင်စားနေပြီဆိုတဲ့ ခေးဆက်သွင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေခးဆက္သြင္ကေတာ့ သူမရဲ႕ သ႐ုပ္ေဆာင္ပီျပင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕အားေပးႏွစ္သက္ျခင္းကို ခံေနရတဲ့ ဇာတ္လမ္းတြဲမင္းသမီးေလးတစ္လက္ပဲျဖစ္ပါတယ္..။ လက္ရွိမွာေတာ့ ဒါ႐ိုက္တာသားညီ၊ ေ႐ႊထူး၊ ေ႐ႊမႈံရတီ၊ စိုးျမတ္သူဇာစတဲ့ နာမည္ႀကီးဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔ အတူတူ “ကမ္း”႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္အားျဖည့္ကာ ႐ိုက္ကူးသြားမွာပဲျဖစ္ပါတယ္ေနာ္..။ Single အေနနဲ႔ အႏုပညာအလုပ္ေလးတြကိုသာ အားစိုက္လုပ္ေဆာင္ေနတဲ့ မင္းသမီးေလး ေခးဆက္သြင္ကို လတ္တေလာမွာ ႏွင္းဆီပန္းစည္းေလးေတြပို႔ကာ Surprise လုပ္ေနတဲ့ျဖစ္ရပ္ေလးဟာ သူမကိုယ္တိုင္ေရာ သူမရဲ႕ ပရိသတ္ေတြပါ စိတ္ဝင္စားေနတဲ့ကိစၥေလးတစ္ရပ္လို႔ေျပာရမွာပါ..။

ပန္စည္းေလးေတြကို ေပးပို႔ေနတဲ့သူက ႏွင္းဆီမေလးေခးဆက္သြင္ကို အားေပးတဲ့ ပရိသတ္တစ္ေယာက္ဆီကလား..ျမတ္ႏိုးတဲ့ တစ္စုံတစ္ေယာက္ဆီကလားဆို သူမကိုယ္တိုင္ေရာ ပရိသတ္ေတြေရာက သိခ်င္ေနခဲ့ၾကတာပဲျဖစ္ပါတယ္ေနာ္..။ ႏွင္းဆီေလးေတြကေတာ့ သူမဆီကို ဆက္တိုက္ေရာက္ေနတာျဖစ္ၿပီး သူမကိုယ္တိုင္လည္း မသိရေသးတာေၾကာင့္ သိခ်င္ေနတဲ့စိတ္ေလးေတာ့ ရွိပါတယ္လို႔ အင္တာဗ်ဴးေလးမွာ ေျပာျပလာခဲ့ပါတယ္..။ သူမကိုယ္တိုင္က ႏွင္းဆီေလးေတြကို ႀကိဳက္ႏွစ္သက္ၿပီး သူမႏွစ္သက္တာကို သိေနတာလို႔လည္း ေျပာျပလာခဲ့ပါတယ္..။ သူမဆီကို ေရာက္ေနတာ ႏွင္းဆီပန္းစည္း (၆)စည္းေလာက္ရွိၿပီး ဘယ္သူမွန္းမသိရေသးေတာ့ သိခ်င္တာရယ္၊ ပရိသတ္ေတြကို သူမေစာင့္ဆိုင္းေနရတဲ့ အေၾကာင္းေလးတစ္ခုရွိေနတဲ့ အေၾကာင္းေလးကို ေျပာျပခ်င္လို႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္ျဖစ္ခဲ့တာပါလို႔ ေျပာျပလာခဲ့ပါတယ္..။

လာပို႔ေပးတဲ့သူက ဘယ္သူလဲဆိုတာထက္ အေၾကာင္းတစ္စုံတစ္ရာရွိလို႔ ထြက္မျပႏိုင္တဲ့သူပဲျဖစ္ျဖစ္ လူပ်ိဳလူလြတ္တစ္ေယာက္ပဲျဖစ္ျဖစ္ ဘယ္သူပဲျဖစ္ျဖစ္ ပို႔ေပးအတြက္ ေက်းဇူးတင္ေပမယ့္ ေနာက္ကို ထပ္မပို႔ဖို႔ကို ေျပာျပလာခဲ့ပါတယ္ေနာ္..။ ရင္ခုန္ေနရမယ့္အ႐ြယ္မဟုတ္ေပမယ့္ သိခ်င္စိတ္ေလးနဲ႔ ေက်းဇူးတင္မိတဲ့အေၾကာင္းေလးကို တည္တည္ၿငိမ္ၿငိမ္ေလးနဲ႔ ေျပာျပသြားတဲ့ ႏွင္းဆီမေလး ေခးဆက္သြင္ရဲ႕ အင္တာဗ်ဴးဗီဒီယိုေလးကို Cele Connecitons ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။
Source:Cele Connecitons

Sakura(Cele Connections)

Unicode ဖြင့်ဖတ်ပါ
★★★★★

ခေးဆက်သွင်ကတော့ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့အားပေးနှစ်သက်ခြင်းကို ခံနေရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်..။ လက်ရှိမှာတော့ ဒါရိုက်တာသားညီ၊ ရွှေထူး၊ ရွှေမှုံရတီ၊ စိုးမြတ်သူဇာစတဲ့ နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့ အတူတူ “ကမ်း”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်အားဖြည့်ကာ ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်နော်..။ Single အနေနဲ့ အနုပညာအလုပ်လေးတွကိုသာ အားစိုက်လုပ်ဆောင်နေတဲ့ မင်းသမီးလေး ခေးဆက်သွင်ကို လတ်တလောမှာ နှင်းဆီပန်းစည်းလေးတွေပို့ကာ Surprise လုပ်နေတဲ့ဖြစ်ရပ်လေးဟာ သူမကိုယ်တိုင်ရော သူမရဲ့ ပရိသတ်တွေပါ စိတ်ဝင်စားနေတဲ့ကိစ္စလေးတစ်ရပ်လို့ပြောရမှာပါ..။

ပန်စည်းလေးတွေကို ပေးပို့နေတဲ့သူက နှင်းဆီမလေးခေးဆက်သွင်ကို အားပေးတဲ့ ပရိသတ်တစ်ယောက်ဆီကလား..မြတ်နိုးတဲ့ တစ်စုံတစ်ယောက်ဆီကလားဆို သူမကိုယ်တိုင်ရော ပရိသတ်တွေရောက သိချင်နေခဲ့ကြတာပဲဖြစ်ပါတယ်နော်..။ နှင်းဆီလေးတွေကတော့ သူမဆီကို ဆက်တိုက်ရောက်နေတာဖြစ်ပြီး သူမကိုယ်တိုင်လည်း မသိရသေးတာကြောင့် သိချင်နေတဲ့စိတ်လေးတော့ ရှိပါတယ်လို့ အင်တာဗျူးလေးမှာ ပြောပြလာခဲ့ပါတယ်..။ သူမကိုယ်တိုင်က နှင်းဆီလေးတွေကို ကြိုက်နှစ်သက်ပြီး သူမနှစ်သက်တာကို သိနေတာလို့လည်း ပြောပြလာခဲ့ပါတယ်..။ သူမဆီကို ရောက်နေတာ နှင်းဆီပန်းစည်း (၆)စည်းလောက်ရှိပြီး ဘယ်သူမှန်းမသိရသေးတော့ သိချင်တာရယ်၊ ပရိသတ်တွေကို သူမစောင့်ဆိုင်းနေရတဲ့ အကြောင်းလေးတစ်ခုရှိနေတဲ့ အကြောင်းလေးကို ပြောပြချင်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ဖြစ်ခဲ့တာပါလို့ ပြောပြလာခဲ့ပါတယ်..။

လာပို့ပေးတဲ့သူက ဘယ်သူလဲဆိုတာထက် အကြောင်းတစ်စုံတစ်ရာရှိလို့ ထွက်မပြနိုင်တဲ့သူပဲဖြစ်ဖြစ် လူပျိုလူလွတ်တစ်ယောက်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ပို့ပေးအတွက် ကျေးဇူးတင်ပေမယ့် နောက်ကို ထပ်မပို့ဖို့ကို ပြောပြလာခဲ့ပါတယ်နော်..။ ရင်ခုန်နေရမယ့်အရွယ်မဟုတ်ပေမယ့် သိချင်စိတ်လေးနဲ့ ကျေးဇူးတင်မိတဲ့အကြောင်းလေးကို တည်တည်ငြိမ်ငြိမ်လေးနဲ့ ပြောပြသွားတဲ့ နှင်းဆီမလေး ခေးဆက်သွင်ရဲ့ အင်တာဗျူးဗီဒီယိုလေးကို Cele Connecitons ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source:Cele Connecitons

Sakura(Cele Connections)