သားအိမ် အသားလုံးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ? ? ?

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သားအိမ္ အသားလုံးဟာ အသက္ ၃၀ ႏွင့္ ၅၀ၾကား အမ်ိဳးသမီး ၂၀-၈၀ ရာခိုင္ႏႈန္းမွာ ျဖစ္တတ္ပါတယ္။ သားအိမ္အသားလုံး ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္ဖို႔ ေအာက္ပါနည္းလမ္းေတြကို သိထားသင့္ပါတယ္။

(၁) သားအိမ္အသားလုံး ျဖစ္ေစႏိုင္သည့္ အႏၲရာယ္ကို သိနားလည္ပါ။
အမ်ိဳးသမီးေတြအသက္ႀကီးလာေလေလ၊ သားအိမ္အသားလုံး ျဖစ္ႏိုင္ေျခပိုမ်ားေလေလပါ။ မိသားစုရာဇဝင္မွာ သားအိမ္အသားလုံးျဖစ္သူရွိရင္ သင့္မွာ သားအိမ္အသားလုံး ျဖစ္ႏိုင္ေျခ ေယာဘုယ်အားျဖင့္ သုံးဆ ပိုမ်ားတယ္လို႔ ဆိုပါတယ္။

(၂) ေလ့က်င့္ခန္းကို ပုံမွန္လုပ္ေဆာင္ပါ။
ေလ့လာမႈေတြအရ အမ်ိဳးသမီးတစ္ဦးဟာ ေလ့က်င့္ခန္းပုံမွန္ လုပ္တယ္ဆိုရင္ သားအိမ္အသားလုံး ျဖစ္ႏိုင္ေျခမရွိဘူးလို႔ သိရပါတယ္။

၃) ကိုယ္ဝန္ေဆာင္၊ ကေလးေမြးျခင္းေၾကာင့္ သားအိမ္အသားလုံး မျဖစ္ေစရန္ ကာကြယ္ႏိုင္။
ကိုယ္ဝန္ေဆာင္ၿပီး ကေလးေမြးတာဟာ အမ်ိဳးသမီးေတြကို သားအိမ္အသားလုံးမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္စြမ္း အနည္းငယ္ ရွိတတ္ပါတယ္။

၄)ပဋိသေႏၶတားေဆးေသာက္ပါ။
ပဋိသေႏၶတားေဆးေသာက္တာေၾကာင့္ သားအိမ္အသားလုံး ျဖစ္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။

၅) ကိုယ္အေလးခ်ိန္ကို ထိန္းခ်ဳပ္ပါ။
အဝလြန္တာေၾကာင့္ သားအိမ္အသားလုံးျဖစ္ႏိုင္ေျခ ႏွစ္ဆ၊ သုံးဆပိုမ်ားေစပါတယ္။ ဒါေၾကာင့္ သင့္ခႏၶာကိုယ္အမ်ိဳးအစားနဲ႔ အရပ္အေမာင္းေပၚ အေျခခံၿပီး ကိုယ္အေလးခ်ိန္ကို ထိန္းခ်ဳပ္သင့္ပါတယ္။ သင့္ခႏၶာကိုယ္အၫႊန္းကိန္း BMI က ၁၈.၅ နဲ႔ ၂၅ ၾကားရွိသင့္ပါတယ္။ ၂၅ ထက္ေက်ာ္တယ္ဆိုရင္ သင့္ကိုယ္အေလးခ်ိန္ကို အခုပဲ ေလွ်ာ့ခ်သင့္ပါၿပီ။

၆) အနီေရာင္အသား စားသုံးမႈကိုေလွ်ာ့ခ်ပါ။
ေလ့လာမႈေတြအရ အနီေရာင္အသား (ဥပမာ-အမဲသား) ကိုမ်ားမ်ားစားတာေၾကာင့္ သားအိမ္အသားလုံးျဖစ္ႏိုင္တဲ့ အႏၲာရယ္ကို ပိုမိုျမင့္တတ္ေစတယ္လို႔ သိရပါတယ္။ ဆယ္လ္မြန္ငါး၊ မက္ကရယ္ငါးနဲ႔ အတူနာငါးတို႔လို ငါးကိုစားတာက သားအိမ္သားလုံးေၾကာင့္ တစ္သွ်ဴးေရာင္ရမ္းမႈကို ေလ်ာ့က်ေစပါတယ္။

၇) အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္မ်ား စားပါ။
အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးဝလံေတြကို မ်ားမ်ားစားတာေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္မွာ သားအိမ္အသားလုံး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။

၈) သားအိမ္အသားလုံးျဖစ္လွ်င္ ေပၚတတ္ေသာ လကၡဏာမ်ားကို သိနားလည္ပါ။
သားအိမ္အသားလုံး ျဖစ္တဲ့အခါ နာက်င္တာ၊ ရာသီလာရင္ ေသြးဆင္းမ်ားတာ၊ ေသြးဆင္းမ်ားတဲ့အတြက္ ေသြးအားနည္းတာ၊ ဆီးအိတ္နဲ႔ အစာေဟာင္းအိမ္အေပၚ ဖိအားသက္ေရာက္တာနဲ႔ ဝမ္းဗိုက္ေရာင္ရမ္းတာတို႔ ျဖစ္တတ္ပါတယ္။ ဒီလကၡဏာေတြ ခံစားရရင္ သားအိမ္အသားလုံးျဖစ္ေနၿပီးလားဆိုတာ သိႏိုင္ဖို႔ သားဖြားမီးယပ္အထူးကု ဆရာဝန္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးသင့္ပါတယ္။

ၾကယ္စင္

Credit: Good Health & အမ်ိဳးသမီးႏွင့္ က်န္းမာေရး

Unicode ဖြင့်ဖတ်ပါ
★★★★★

သားအိမ် အသားလုံးဟာ အသက် ၃၀ နှင့် ၅၀ကြား အမျိုးသမီး ၂၀-၈၀ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ သားအိမ်အသားလုံး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို သိထားသင့်ပါတယ်။

(၁) သားအိမ်အသားလုံး ဖြစ်စေနိုင်သည့် အန္တရာယ်ကို သိနားလည်ပါ။
အမျိုးသမီးတွေအသက်ကြီးလာလေလေ၊ သားအိမ်အသားလုံး ဖြစ်နိုင်ခြေပိုများလေလေပါ။ မိသားစုရာဇဝင်မှာ သားအိမ်အသားလုံးဖြစ်သူရှိရင် သင့်မှာ သားအိမ်အသားလုံး ဖြစ်နိုင်ခြေ ယောဘုယျအားဖြင့် သုံးဆ ပိုများတယ်လို့ ဆိုပါတယ်။

(၂) လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ။
လေ့လာမှုတွေအရ အမျိုးသမီးတစ်ဦးဟာ လေ့ကျင့်ခန်းပုံမှန် လုပ်တယ်ဆိုရင် သားအိမ်အသားလုံး ဖြစ်နိုင်ခြေမရှိဘူးလို့ သိရပါတယ်။

၃) ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်းကြောင့် သားအိမ်အသားလုံး မဖြစ်စေရန် ကာကွယ်နိုင်။
ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာဟာ အမျိုးသမီးတွေကို သားအိမ်အသားလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း အနည်းငယ် ရှိတတ်ပါတယ်။

၄)ပဋိသန္ဓေတားဆေးသောက်ပါ။
ပဋိသန္ဓေတားဆေးသောက်တာကြောင့် သားအိမ်အသားလုံး ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

၅) ကိုယ်အလေးချိန်ကို ထိန်းချုပ်ပါ။
အဝလွန်တာကြောင့် သားအိမ်အသားလုံးဖြစ်နိုင်ခြေ နှစ်ဆ၊ သုံးဆပိုများစေပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အမျိုးအစားနဲ့ အရပ်အမောင်းပေါ် အခြေခံပြီး ကိုယ်အလေးချိန်ကို ထိန်းချုပ်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်အညွှန်းကိန်း BMI က ၁၈.၅ နဲ့ ၂၅ ကြားရှိသင့်ပါတယ်။ ၂၅ ထက်ကျော်တယ်ဆိုရင် သင့်ကိုယ်အလေးချိန်ကို အခုပဲ လျှော့ချသင့်ပါပြီ။

၆) အနီရောင်အသား စားသုံးမှုကိုလျှော့ချပါ။
လေ့လာမှုတွေအရ အနီရောင်အသား (ဥပမာ-အမဲသား) ကိုများများစားတာကြောင့် သားအိမ်အသားလုံးဖြစ်နိုင်တဲ့ အန္တာရယ်ကို ပိုမိုမြင့်တတ်စေတယ်လို့ သိရပါတယ်။ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ အတူနာငါးတို့လို ငါးကိုစားတာက သားအိမ်သားလုံးကြောင့် တစ်သျှူးရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

၇) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားပါ။
အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားတာကြောင့် အမျိုးသမီးတစ်ယောက်မှာ သားအိမ်အသားလုံး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

၈) သားအိမ်အသားလုံးဖြစ်လျှင် ပေါ်တတ်သော လက္ခဏာများကို သိနားလည်ပါ။
သားအိမ်အသားလုံး ဖြစ်တဲ့အခါ နာကျင်တာ၊ ရာသီလာရင် သွေးဆင်းများတာ၊ သွေးဆင်းများတဲ့အတွက် သွေးအားနည်းတာ၊ ဆီးအိတ်နဲ့ အစာဟောင်းအိမ်အပေါ် ဖိအားသက်ရောက်တာနဲ့ ဝမ်းဗိုက်ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေ ခံစားရရင် သားအိမ်အသားလုံးဖြစ်နေပြီးလားဆိုတာ သိနိုင်ဖို့ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်။

ကြယ်စင်

Credit: Good Health & အမျိုးသမီးနှင့် ကျန်းမာရေး