သားလေးရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးလိုက်တဲ့ ဇော်ပိုင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – Zaw Paing
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

လွန်ခဲ့တဲ့ (၁၀)စုနှစ်တစ်ခုကျော်လောက်ကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော်ဇော်ပိုင်ကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ဒီနေ့ဇန်နဝါရီလ (၂၅)ရက်လေးကတော့ အဆိုတော် ဇော်ပိုင်ရဲ့သားလေးဖြစ်သူ ရွှေပိုင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

အဆိုတော် ဇော်ပိုင်က သားဖြစ်သူရဲ့ မွေးနေ့လေးအတွက် “Happy birthday ပါ သားလေးရွှေပိုင်။ မွေးနေ့မှနှစ်ပေါင်းများစွာကျန်းမာချမ်းသာပျော်ရွှင်စွာဖြင့် ဘဝတစ်လျှောက်လုံးအေးချမ်းသာယာပြည့်စုံပါစေ။ချစ်သော ဖေဖေနဲ့မေမေ”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။ ဇော်ပိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနုပညာရှင်တွေကလည်း သားလေး ရွှေပိုင်တစ်ယောက် ပညာတက်ကြီးတစ်ယောက်ဖြစ်စေဖို့နဲ့ မိဘအပေါ်သိတက်လိမ္မာပြီး နိုင်ငံအကျိုးသယ်ပိုးနိုင်တဲ့ သားကောင်းသားမြတ်လေးဖြစ်အောင်လည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။

ဇော်ပိုင်က သားသားလေးရဲ့ မွေးနေ့ကိုတော့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှာရှိတဲ့ ကလေးသူငယ်များအတွက် လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ဒီနေ့မှာ မွေးနေ့ရက်မြတ်လေးကျရောက်တဲ့ သားသားလေး ရွှေပိုင်အတွက်ကို မွေးနေ့ဆုမွန်ကောင်းစကားလေးတွေပြောသွားပေးခဲ့ပါဦး။

Source – Zaw Paing
Chilli – CeleGabar