မင်းမော်ကွန်းကို အကယ်ဒမီရစေချင်တဲ့ သားညီ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဘယ္ကားနဲ႔ ျဖစ္မလဲ။ “ေလးပါးေက်ာ့ရွန္ဝရဇိန္” ႐ုပ္ရွင္ဇာတ္ကားမွာ ၾကက္ဖ ဆိုတဲ့ ကာ႐ိုက္တာကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္သူ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကို အကယ္ဒမီ ဆု ရေစခ်င္တယ္လို႔ သားညီက ဆိုပါတယ္။

ဒါ႐ိုက္တာ သားညီကေတာ့ အကယ္ဒမီနဲ႔ ပတ္သက္ၿပီး သူ႔အတြက္ ရင္ခုန္မႈ သိပ္မရွိေပမယ့္ ဒီႏွစ္မွာ မင္းေမာ္ကြန္းကို အကယ္ဒမီ ရေစခ်င္တယ္လို႔ ဆိုပါတယ္။ မင္းေမာ္ကြန္းဟာ “ေလးပါးေက်ာ့ရွိန္ဝရဇိန္ “ ႐ုပ္ရွင္ဇာတ္ကားမွာ ၾကက္ဖ ဆိုတဲ့ ကာ႐ိုက္တာကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္တာျဖစ္လို႔ အကယ္ဒမီ ရေစခ်င္တာပါတဲ့။ကြၽန္ေတာ့္ကားတစ္ကားပါတယ္။ ပါတယ္ဆိုေပမယ့္ ကြၽန္ေတာ့္အတြက္ ရင္မခုန္ဘူး။ကိုမင္းေမာ္ကြန္း အတြက္ ရင္ခုန္ေပးတယ္။ သူအဲဒီကားမွာ အရမ္းေတာ္လို႔ ကြၽန္ေတာ္တို႔ ႐ိုက္ေနရင္းနဲ႔ကို သူရဲ႕ ကာ႐ိုက္တာ ‘ၾကက္ဖ’ အတိုင္း ျဖစ္ေနတာ ႐ိုက္ေနရင္းနဲ႔ကို သေဘာက်ေနတာ။ ကာ႐ိုက္တာပီျပင္တယ္” ဆိုၿပီး မင္းေမာ္ကြန္းအတြက္ သူ႔ရဲ႕ အကယ္ဒမီ ရင္ခုန္သံကို ေျပာျပခဲ့ပါတယ္။ မင္းေမာ္ကြန္းသာ အကယ္ဒမီ ရခဲ့မယ္ဆိုရင္ေတာ့ အဲဒီညမွာ အမူးေသာက္မယ္လို႔ သူက ေျပာခဲ့ပါေသးတယ္။

မင္းေမာ္ကြန္းဟာ ‘ေလးပါးေက်ာ့ရွိန္ဝရဇိန္” ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အရက္သမားတစ္ေယာက္၊ အရက္ေသာက္ဖို႔အတြက္ အၿမဲတမ္း ဂ်ီက်တတ္တဲ့ သူ၊ သူငယ္ခ်င္းေတြအေပၚ အရမ္းခ်စ္တတ္ၿပီးတစ္ေယာက္အျဖစ္ ကာ႐ိုက္တာကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ထားတာပါ။ ေလးပါးေက်ာ့ရွိန္ ဝရဇိန္ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဒါ႐ိုက္တာ သားညီက ႐ိုက္ကူးထားတာ ျဖစ္ၿပီး မင္းေမာ္ကြန္း၊ထြန္းထြန္း၊ မင္းေသြး၊စည္ၿဖိဳးတို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကတာလည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကေတာ့ “ေလးပါးေက်ာ့ရွိန္ဝရဇိန္” ႐ုပ္ရွင္မွာ အလႈပ္ဇာတ္႐ုပ္ကိုပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ သူကို ခ်စ္တဲ့ ပရိသတ္ေတြကလည္း အကယ္ဒမီကို ရရွိႏိုင္တယ္လို႔ ေျပာဆိုေနၾကပါတာပါ။မင္းေမာ္ကြန္းဟာ ၂၀၀၂ခုႏွစ္မွာ “ႏွလုံးလွလူမိုက္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသား ဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားႏိုင္သူ ျဖစ္ၿပီး ဒီႏွစ္မွာလည္း အကယ္ဒမီ ဆုႀကီးကို ထပ္မံ ပိုင္ဆိုင္ႏိုင္ဦးမလားဆိုတာ မတ္လ(၂၉)ရက္ေန႔မွာ ျပဳလုပ္မယ့္ အကယ္ဒမီေပးပြဲႀကီးမွာ ေတြ႕ျမင္ရေတာ့မွာ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ဘယ်ကားနဲ့ ဖြစ်မလဲ။ “လေးပါးကျော့ရှန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားမှာ ကြက်ဖ ဆိုတဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ သရုပ်ဆောင် မင်းမော်ကွန်းကို အကယ်ဒမီ ဆု ရစေချင်တယ်လို့ သားညီက ဆိုပါတယ်။

ဒါရိုက်တာ သားညီကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး သူ့အတွက် ရင်ခုန်မှု သိပ်မရှိပေမယ့် ဒီနှစ်မှာ မင်းမော်ကွန်းကို အကယ်ဒမီ ရစေချင်တယ်လို့ ဆိုပါတယ်။ မင်းမော်ကွန်းဟာ “လေးပါးကျော့ရှိန်ဝရဇိန် “ ရုပ်ရှင်ဇာတ်ကားမှာ ကြက်ဖ ဆိုတဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာဖြစ်လို့ အကယ်ဒမီ ရစေချင်တာပါတဲ့။ကျွန်တော့်ကားတစ်ကားပါတယ်။ ပါတယ်ဆိုပေမယ့် ကျွန်တော့်အတွက် ရင်မခုန်ဘူး။ကိုမင်းမော်ကွန်း အတွက် ရင်ခုန်ပေးတယ်။ သူအဲဒီကားမှာ အရမ်းတော်လို့ ကျွန်တော်တို့ ရိုက်နေရင်းနဲ့ကို သူရဲ့ ကာရိုက်တာ ‘ကြက်ဖ’ အတိုင်း ဖြစ်နေတာ ရိုက်နေရင်းနဲ့ကို သဘောကျနေတာ။ ကာရိုက်တာပီပြင်တယ်” ဆိုပြီး မင်းမော်ကွန်းအတွက် သူ့ရဲ့ အကယ်ဒမီ ရင်ခုန်သံကို ပြောပြခဲ့ပါတယ်။ မင်းမော်ကွန်းသာ အကယ်ဒမီ ရခဲ့မယ်ဆိုရင်တော့ အဲဒီညမှာ အမူးသောက်မယ်လို့ သူက ပြောခဲ့ပါသေးတယ်။

မင်းမော်ကွန်းဟာ ‘လေးပါးကျော့ရှိန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အရက်သမားတစ်ယောက်၊ အရက်သောက်ဖို့အတွက် အမြဲတမ်း ဂျီကျတတ်တဲ့ သူ၊ သူငယ်ချင်းတွေအပေါ် အရမ်းချစ်တတ်ပြီးတစ်ယောက်အဖြစ် ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ထားတာပါ။ လေးပါးကျော့ရှိန် ဝရဇိန် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သားညီက ရိုက်ကူးထားတာ ဖြစ်ပြီး မင်းမော်ကွန်း၊ထွန်းထွန်း၊ မင်းသွေး၊စည်ဖြိုးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းကတော့ “လေးပါးကျော့ရှိန်ဝရဇိန်” ရုပ်ရှင်မှာ အလှုပ်ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် သူကို ချစ်တဲ့ ပရိသတ်တွေကလည်း အကယ်ဒမီကို ရရှိနိုင်တယ်လို့ ပြောဆိုနေကြပါတာပါ။မင်းမော်ကွန်းဟာ ၂၀၀၂ခုနှစ်မှာ “နှလုံးလှလူမိုက်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပြီး ဒီနှစ်မှာလည်း အကယ်ဒမီ ဆုကြီးကို ထပ်မံ ပိုင်ဆိုင်နိုင်ဦးမလားဆိုတာ မတ်လ(၂၉)ရက်နေ့မှာ ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကြီးမှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။