(၂၀၂၀)ခုနှစ်က သူမအတွက် ကံကောင်းတဲ့နှစ်တစ်နှစ်လေးပါလို့ဆိုလာတဲ့ သဇင်ထူးမြင့်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
“(၂၀၂၀)ခုနှစ်က သူမအတွက် ကံကောင်းတဲ့နှစ်တစ်နှစ်လေးပါလို့ဆိုလာတဲ့ သဇင်ထူးမြင့်”
တက်သစ်စ မင်းသမီးချောလေး သဇင်ထူးမြင့်ကိုတော့ ပရိသတ်တွေအတွက် အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်..။ ချစ်ဖို့ကောင်းပြီး အနေအေးတဲ့သူမရဲ့ ပုံစံလေးတွေနဲ့ မိဘနဲ့ အစ်ကိုဖြစ်သူတို့ရဲ့ ချစ်ခြင်းတွေကိုရော ပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ထားတဲ့သူလေးပါ..။ သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့ အနုပညာအမွေကို ဆက်ခံထားတဲ့ သူလေးဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့ နေရဲနဲ့အတူ အနုပညာအလုပ်လေးတွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်..။ သဇင်ထူးမြင့်လေးကို (၂၀၁၈)ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုအနေနဲက ပါဝင်လာပြီး ပရိသတ်တွေစတင်သတိထားမိခဲ့တာပါ..။
ပရိသတ်တွေက ချစ်စနိုးနဲ့ သဲလေးလို့ ခေါ်လေ့ရှိကြတာဖြစ်ပြီး အမြဲလိုလို ပြုံးရွှင်တက်ကြွနေတဲ့ အပြုံးပိုင်ရှင်ကောင်မလေးပါပဲနော်..။ ကြော်ငြာလေးတွေကို ဆက်တိုက်ရိုက်နေသလို အစ်ကိုဖြစ်သူနေရဲရယ် သူငယ်ချင်းတွေဖြစ်ကြတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်နဲ့အတူ ပျော်စရာအစီအစဉ်လေးတစ်ခုကိုလည်း ပြုလုပ်နေကြတာပဲဖြစ်ပါတယ်နော်..။ဇန်နဝါရီလ(၂၅)ရက်နေ့ ဒီနေ့မှာတော့ သဲလေးတစ်ယောက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပရိသတ်တွေကို စပရိုက်လေးတစ်ခုအကြောင်းကို ပြောပြလာပါတယ်..။
သဲလေးက “2020ကလည်း အနုပညာနဲ့ပက်သက်ပြီးသဲတွက် lucky ကောင်းတဲ့နှစ်လေးတစ်ခု ဖြစ်လာပါပြီ….။ ကြီးမားတဲ့အခွင့်အရေးပေးတဲ့တွက် အရမ်းကျေးဇူးတင်ပါတယ်….။ အကောင်းဆုံးကြိုးစားပါ့မယ်……။ Hearties လေးတွေတွက် surprise ပါ။ ဘာလေးလဲဆိုတာကတော့………။”ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပါ..။ ကဲ ပရိသတ်လေးတွေကို စပရိုက်လေးလုပ်လိုက်တဲ့ သဇင်လေးရဲ့ (၂၀၂၀)ခုနှစ်ရဲ့ ကံကောင်းမှုလေးက ဘာများဖြစ်မလဲမသိဘူးနော် ပရိသတ်ကြီးရေ..။Cele Connections ပရိသတ်ကြီးလည်း ကံကောင်းမှုလေးတွေနဲ့ အခွင့်အရေးတစ်ခုကိုရသွားတဲ့ သဲလေးအတွက် နှစ်ကူးဆုတောင်းစကားလေး ပြောပေးသွားပါဦးနော်..။
Source:Thazin Htoo Myint’s Facebook
Sakura(Cele Connections)