ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သည် မျက်လုံးမှတဆင့် ကူးစက်နိုင်ကြောင်း သတင်းထုတ်ပြန်။

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ယေန ့(ဇန္နဝါရီ ၂၅) မြန္းလြဲပိုင္းအခ်ိန္အထိစာရင္းမ်ားအရ ဝူဟန္ကိုရိုနာဗိုင္းရပ္စ္မွာ ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံတြင္ ျဖစ္ပြားေနျပီျဖစ္ကာ ဗိုင္းရပ္စ္ေတြ ့ထားသူ ၁၃၆၄ ဦးႏွင့္ ေသဆံုးသူ ၄၁ ဦးရွိေနသည္။ အမ်ားဆံုးမွာ တရုတ္ႏိုင္ငံမွပင္ျဖစ္ျပီး ေသဆံုးသူမ်ားအားလံုးသည္လည္း တရုတ္ႏိုင္ငံမွ ျဖစ္ေနသည္။

“ဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ ဆရာဝန္ကြယ္လြန္”

ဝူဟန္ဗိုင္းရပ္စ္ပ်ံ ့ႏံွမႈတြင္ လူနာမ်ားကိုကုသမႈေပးကာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရသည့္ အသက္ ၆၂ ႏွစ္အ ရြယ္ရွိ ဆရာဝန္တစ္ဦးသည္လည္း ယေန ့(ဇန္နဝါရီ ၂၅) နံနက္တြင္ကြယ္လြန္သြားသည္။ ဟူေဘးေဆးရံုမွ ေဒါက္တာ Liang Wudong ျဖစ္ျပီး ဗိုင္းရပ္စ္ကူး စက္ခံရၿပီး ၉ ရက္အၾကာတြင္ေသဆံုးခဲ့ျခင္းျဖစ္သည္။

ဝူဟန္ဗိုင္းရပ္စ္ကုသေရးတြင္ ဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ က်န္းမာေရးဝန္ထမ္းအမ်ားအျပား ရွိေနသည္။ ပီကင္းတကၠသိုလ္မွ အသက္ရူလမ္းေၾကာင္းပိုင္းဆိုင္ရာ က်ြမ္းက်င္ပညာရွင္ Wang Guangfa သည္ လည္း ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံထားရသည္။ ဝူဟန္ ျမိဳ ့သို ့က်ြမ္းက်င္ပညာရွင္မ်ားပါဝင္သည့္အဖြဲ ့ႏွင့္သြားေရာက္စစ္ေဆးခဲ့ရာတြင္ ႏွာေခါင္းႏွင့္ပါးစပ္ အ ကာMaskတပ္ဆင္သြားခဲ့သလို အျခားကာကြယ္မွုမ်ားျပဳလုပ္ခဲ့ေသာ္လည္း မ်က္လံုးကို အကာအကြယ္ မျပဳလုပ္မိခဲ့သည့္အတြက္ ကူးစက္ခံရသည္ဟု ၄င္းကယူဆေနျခင္းႏွင့္အတူ ဝူဟန္ဗိုင္းရပ္စ္မွာ မ်က္လံုးမွလည္း ဝင္ေရာက္ႏိုင္သည္ဟု သံုးသပ္ေနၾကသည္။

“ဝမ္းေလ်ာ/ဝမ္းပ်က္ျခင္း”

ဝူဟန္ကိုရိုနာဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားသူမ်ား၏ ေရာဂါလကၡဏာမ်ားထဲတြင္ ဝမ္းေလ်ာ/ဝမ္းပ်က္ျခင္းကိုပါ ထည့္သြင္းစဥ္းစားရန္လိုျပီျဖစ္ေၾကာင္း ဝူဟန္တကၠသိုလ္ေဆးရံု၏ အစာေျခလမ္းေၾကာင္းပိုင္းဆိုင္ရာဌာနဒါရိုက္တာျဖစ္သည့္ ပါေမာကၡ Yu Honggang က တရုတ္ႏိုင္ငံပိုင္ မီဒီယာ Xinhua News Agency သို ့ေျပာၾကားခဲ့ျခင္းကိုလည္း ႏိုင္ငံတာမီဒီယာမ်ားက ကိုးကားေဖာ္ျပသည္။

အသက္ ၄၅ ႏွစ္အရြယ္ရွိသည့္ အမ်ိဳးသားတစ္ဦးမွာ အူသိမ္အူမပိုင္းဆိုင္ရာျပသာနာကို ၃ ရက္ၾကာခံစားရျပီးေနာက္ ပါေမာကၡ Yu Honggang ၏ဌာနသို ့ ေရာက္ရွိလာကာ ကနဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ကို ေတြ ့ရွိျခင္းမရွိခဲ့ေပ။ လတ္တေလာသတ္မွတ္ထားသည့္ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားသူမ်ား၏ လကၡဏာမ်ားလည္း ျပသျခင္းမရွိေပ။ သို ့ေသာ္အဆိုပါလူနာမွာ ဗိုင္းရပ္စ္ ရွိသူမ်ားႏွင့္ထိေတြ ့မႈရွိခဲ့သည့္အတြက္ ပါေမာကၡ Yu Honggang ႏွင့္အဖြဲ ့က ရင္ဘတ္ကိုဓါတ္မွန္ ရိုက္ ၾကည့္ျပီးေနာက္မွ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည္ကိုေတြ ့ရွိခဲ့သည့္အတြက္ ဆရာဝန္မ်ားက မ်ားစြာအံ့ၾသသြားခဲ့ၾကသည္ဟုသိရသည္။

ထိုကဲ့သို ့ေတြ ့ရွိလာျခင္းႏွင့္အတူ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္သည့္ လကၡဏာမ်ားထဲတြင္ ဝမ္းပ်က္/ဝမ္း ေလ်ာကိုပါထည့္သြင္းသံုးသပ္ရန္လိုလာသည္ဟု Daily Mail က ေဖာ္ျပသည္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ယနေ့(ဇန်နဝါရီ ၂၅) မွန်းလွဲပိုင်းအချိန်အထိစာရင်းများအရ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ဖြစ်ပွားနေပြီဖြစ်ကာ ဗိုင်းရပ်စ်တွေ့ထားသူ ၁၃၆၄ ဦးနှင့် သေဆုံးသူ ၄၁ ဦးရှိနေသည်။ အများဆုံးမှာ တရုတ်နိုင်ငံမှပင်ဖြစ်ပြီး သေဆုံးသူများအားလုံးသည်လည်း တရုတ်နိုင်ငံမှ ဖြစ်နေသည်။

“ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ဆရာဝန်ကွယ်လွန်”

ဝူဟန်ဗိုင်းရပ်စ်ပျံ့နံှမှုတွင် လူနာများကိုကုသမှုပေးကာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် အသက် ၆၂ နှစ်အ ရွယ်ရှိ ဆရာဝန်တစ်ဦးသည်လည်း ယနေ့(ဇန်နဝါရီ ၂၅) နံနက်တွင်ကွယ်လွန်သွားသည်။ ဟူဘေးဆေးရုံမှ ဒေါက်တာ Liang Wudong ဖြစ်ပြီး ဗိုင်းရပ်စ်ကူး စက်ခံရပြီး ၉ ရက်အကြာတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဝူဟန်ဗိုင်းရပ်စ်ကုသရေးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းအများအပြား ရှိနေသည်။ ပီကင်းတက္ကသိုလ်မှ အသက်ရူလမ်းကြောင်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Wang Guangfa သည် လည်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသည်။ ဝူဟန် မြို့သို့ကျွမ်းကျင်ပညာရှင်များပါဝင်သည့်အဖွဲ့နှင့်သွားရောက်စစ်ဆေးခဲ့ရာတွင် နှာခေါင်းနှင့်ပါးစပ် အ ကာMaskတပ်ဆင်သွားခဲ့သလို အခြားကာကွယ်မှုများပြုလုပ်ခဲ့သော်လည်း မျက်လုံးကို အကာအကွယ် မပြုလုပ်မိခဲ့သည့်အတွက် ကူးစက်ခံရသည်ဟု ၎င်းကယူဆနေခြင်းနှင့်အတူ ဝူဟန်ဗိုင်းရပ်စ်မှာ မျက်လုံးမှလည်း ဝင်ရောက်နိုင်သည်ဟု သုံးသပ်နေကြသည်။

“ဝမ်းလျော/ဝမ်းပျက်ခြင်း”

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူများ၏ ရောဂါလက္ခဏာများထဲတွင် ဝမ်းလျော/ဝမ်းပျက်ခြင်းကိုပါ ထည့်သွင်းစဉ်းစားရန်လိုပြီဖြစ်ကြောင်း ဝူဟန်တက္ကသိုလ်ဆေးရုံ၏ အစာခြေလမ်းကြောင်းပိုင်းဆိုင်ရာဌာနဒါရိုက်တာဖြစ်သည့် ပါမောက္ခ Yu Honggang က တရုတ်နိုင်ငံပိုင် မီဒီယာ Xinhua News Agency သို့ပြောကြားခဲ့ခြင်းကိုလည်း နိုင်ငံတာမီဒီယာများက ကိုးကားဖော်ပြသည်။

အသက် ၄၅ နှစ်အရွယ်ရှိသည့် အမျိုးသားတစ်ဦးမှာ အူသိမ်အူမပိုင်းဆိုင်ရာပြသာနာကို ၃ ရက်ကြာခံစားရပြီးနောက် ပါမောက္ခ Yu Honggang ၏ဌာနသို့ ရောက်ရှိလာကာ ကနဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခြင်းမရှိခဲ့ပေ။ လတ်တလောသတ်မှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူများ၏ လက္ခဏာများလည်း ပြသခြင်းမရှိပေ။ သို့သော်အဆိုပါလူနာမှာ ဗိုင်းရပ်စ် ရှိသူများနှင့်ထိတွေ့မှုရှိခဲ့သည့်အတွက် ပါမောက္ခ Yu Honggang နှင့်အဖွဲ့က ရင်ဘတ်ကိုဓါတ်မှန် ရိုက် ကြည့်ပြီးနောက်မှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကိုတွေ့ရှိခဲ့သည့်အတွက် ဆရာဝန်များက များစွာအံ့သြသွားခဲ့ကြသည်ဟုသိရသည်။

ထိုကဲ့သို့တွေ့ရှိလာခြင်းနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် လက္ခဏာများထဲတွင် ဝမ်းပျက်/ဝမ်း လျောကိုပါထည့်သွင်းသုံးသပ်ရန်လိုလာသည်ဟု Daily Mail က ဖော်ပြသည်။