ဓာတ်ပုံရိုက်နေစဉ် လက်ကဇွန်းမလွှတ်နိုင်တဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဖွေးဖွေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္ငံေက်ာ္ မင္းသမီးေလးျဖစ္တဲ့ ေဖြးေဖြးက ခ်စ္စရာေကာင္းၿပီး သူမ်ားနဲ႔မတူ လွပလြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ေတြမ်ားစြာကုိ ရရိွပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ေဖြးေဖြးက အကယ္ဒမီဆုႀကီးသံုးဆုကို ရရိွပိုင္ဆိုင္ထားၿပီး အသက္အငယ္ဆံုး အကယ္ဒမီအမ်ားဆံုးပိုင္႐ွင္တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေဖြးေဖြးရဲ႕ အႏုပညာလႈပ္႐ွားမႈတိုင္းကိုု စိတ္ဝင္တစား အားေပးၾကပါတယ္။

ေဖြးေဖြးက မေန႔က ဇန္နဝါရီ္လ (၂၅) ရက္ေန႔မွာေတာ့ ဇြဲထက္စိန္ေရႊရတနာဆိုင္ (၁၀) ဆိုင္ေျမာက္ဖြင့္ပြဲကို ေရႊမႈံရတီ၊ ခင္ဝင့္ဝါတို႔နဲ႔အတူတူ တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ေဖြးေဖြးက ထိုပြဲမွာ ခင္ဝင့္ဝါ၊ ေရႊမႈံရတီတို႔နဲ႔အတူတူ ဓာတ္ပံု႐ိုက္ရင္း လက္ဖက္ဇြန္းကို မလႊတ္ႏိုင္တဲ့ပံုစံက ပရိသတ္ေတြၾကား ေရပန္းစားၿပီး ဟာသျဖစ္ခဲ့ပါတယ္။

အဲ့ဒီဓာတ္ပံုရဲ႕ အျဖစ္ကို ေဖြးေဖြးက “အိုးနိုး… လက္စြပ္ႂကြား​​ေနတာ​ပါ​ေနာ္.. ဟြင့္” ဆိုၿပီး သူမရဲ႕အျဖစ္သႏွစ္ကို ဟာသအေနနဲ႔ ျပန္လည္ေျပာထားတာကို ေတြ႔ရပါတယ္။

ေဖြးေဖြးကေတာ့ အစားအေသာက္ခ်စ္သူပီပီ လက္ဖက္စားေနတုန္း ဓာတ္ပံု႐ိုက္လိုက္တဲ့အခ်ိန္မွာ အခုလို ျဖစ္သြားခဲ့ရတာ ျဖစ္ပါတယ္။

Rowena
Source: Phway Phway’s fb
Photo credit

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် မင်းသမီးလေးဖြစ်တဲ့ ဖွေးဖွေးက ချစ်စရာကောင်းပြီး သူများနဲ့မတူ လှပလွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးက အကယ်ဒမီဆုကြီးသုံးဆုကို ရရှိပိုင်ဆိုင်ထားပြီး အသက်အငယ်ဆုံး အကယ်ဒမီအများဆုံးပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား အားပေးကြပါတယ်။

ဖွေးဖွေးက မနေ့က ဇန်နဝါရီ်လ (၂၅) ရက်နေ့မှာတော့ ဇွဲထက်စိန်ရွှေရတနာဆိုင် (၁၀) ဆိုင်မြောက်ဖွင့်ပွဲကို ရွှေမှုံရတီ၊ ခင်ဝင့်ဝါတို့နဲ့အတူတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဖွေးဖွေးက ထိုပွဲမှာ ခင်ဝင့်ဝါ၊ ရွှေမှုံရတီတို့နဲ့အတူတူ ဓာတ်ပုံရိုက်ရင်း လက်ဖက်ဇွန်းကို မလွှတ်နိုင်တဲ့ပုံစံက ပရိသတ်တွေကြား ရေပန်းစားပြီး ဟာသဖြစ်ခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံရဲ့ အဖြစ်ကို ဖွေးဖွေးက “အိုးနိုး… လက်စွပ်ကြွားနေတာပါနော်.. ဟွင့်” ဆိုပြီး သူမရဲ့အဖြစ်သနှစ်ကို ဟာသအနေနဲ့ ပြန်လည်ပြောထားတာကို တွေ့ရပါတယ်။

ဖွေးဖွေးကတော့ အစားအသောက်ချစ်သူပီပီ လက်ဖက်စားနေတုန်း ဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာ အခုလို ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။

Rowena
Source: Phway Phway’s fb
Photo credit