ဝူဟန်ရောဂါနဲ့ပက်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ပြောပြလာတဲ့ ဇာဏ်ခီ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Image may contain: 1 person, closeup
Image may contain: 1 person, sunglasses and closeup
Image result for wuhan virus
Image result for wuhan virus
Image may contain: 1 person, standing
မိုမိုလေး
Unicode ဖြင့်ဖတ်ပါ
★★★★★
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ကနေတဆင့် အနီးအနားနိုင်ငံတွေကို ကူးစက်ပျံနှံ့နေပြီပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီ ၂၆ ရက် နေ့ထိ သေဆုံးသူ ဦးရေဟာ ၅၆ ဦးအထိရှိလာပြီး ကူးစက်ခံရသူက ၂၀၀၀ နီးပါးအထိ ရှိလာ နေပြီဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဝူဟန်ဗိုင်းရပ်စ်ကို ကြောက်ရွံ့စိုးထိတ်မှုတွေဖြစ်နေကြပါတယ်။ ဒီကိစ္စနဲ့ ပက်သတ်ပြီး မင်းသားဇာဏ်ခီက သူသိထားသမျှကို အခုလိုပဲ မျှဝေလာပါတယ်။
“ကူးစက်တဲ့လူတိုင်း မသေပါဘူး။ အသက်ကြီးသူတွေ၊ ကလေးတွေ၊ ကိုယ်ခံအားစနစ်နည်းတဲ့သူတွေ၊ ဆီးချိုရောဂါသည်တွေ၊ ကင်ဆာရောဂါသည်တွေကတော့ ဒီပိုးတွေဝင်ရင် အသက်အန္တရာယ်ရှိလို့ သတိထားရပါမယ်။ အသီးအရွက်၊ အသီးအနှံ များများစားပြီး ကိုယ်ခံအားစနစ်ကောင်းအောင် နေရပါမယ်၊ အရက်၊ ကွမ်း၊ ဆေးလိပ်ရှောင်ပြီး အိပ်ရေး ဝ၀ အိပ်စက်အနားယူရပါမယ်။”
“အခုချိန်ကနေ နောက်တစ်ပတ်အတွင်းမှာ အထူးဂရုပြုကြပါ၊ အထူးသဖြင့် ဝူဟန်ကလာတဲ့ ခရီးသည်တွေနဲ့ အတူအလုပ်လုပ်တဲ့သူတွေ၊ အတူနေတဲ့သူတွေ ဂရုတစိုက်နဲ့ စောင့်ကြည့်ဖို့ လိုပါတယ်။ နှာစေး၊ ချောင်းဆိုး၊ ဖျားနာရင် ဆေးရုံကြီးတွေကို တိုက်ရိုက်သတင်းပို့ပြီး ကုသမှု ခံယူရပါမယ်။” ဆိုပြီး သတိပေးလာပါတယ်။
ပရိသတ်ကြီးလည်း သတိရှိကြဖို့လိုအပ်ပြီး မဖြစ်မနေ အပြင်သွားရတဲ့အခါတွေမှာ Mask အုပ်ပြီး အပြင်ထွက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။
မိုမိုလေး