Hyun Bin ကို သဘောကျမိတဲ့အကြောင်းတွေ ပြောလာတဲ့ နန်းဆုရတီစိုး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ခ်စ္ျခင္းေမတၱာေတြမွာ ေႂကြဆင္းသြားခဲ့တာပါတဲ့။နန္းဆုရတီစိုးကေတာ့ ကိုရီးယားမင္းသားေခ်ာ Hyun Bin ကို အရမ္းသေဘာက်တဲ့ အေၾကာင္းေတြ ေျပာျပလာပါတယ္။ Crash Landing On You ဇာတ္ကားထဲက ေျမာက္ကိုရီးယားဗိုလ္ႀကီးရဲ႕ အခ်စ္ေတြမွာ ေႂကြဆင္းသြားခဲ့ရတာပါတဲ့။နန္းဆုရတီစိုး တစ္ေယာက္ လက္ရွိထုတ္လႊင့္ျပသေနတဲ့ Crash Landing On You ကိုရီးယား ႐ုပ္သံဇာတ္လမ္းတြဲထဲက မင္းသားေခ်ာ Hyun Bin ကို သေဘာက်မိတဲ့အေၾကာင္းေတြကို အင္တာဗ်ဴးမွာ ေျဖဆိုလာပါတယ္။

Hyun Bin ကေတာ့ ဒီဇာတ္ကားထဲမွာ ေျမာက္ကိုရီးယားဗိုလ္ႀကီး ရီေဂ်ာင္ဟြတ္ ဆိုတဲ့ ကာ႐ိုက္တာနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားတာပါ။ ေခ်ာတာ မေခ်ာတာထက္ သူ႔ကို ဘာလို႔ႀကိဳက္သြားလည္းဆိုေတာ့ သူ႔မွာ ေယာက်္ားဆန္တဲ့၊ ေယာက်္ား ပီသတဲ့ စိတ္ဓာတ္ေလး တခ်ိဳ႕ ေပၚလြင္ေအာင္ ႐ိုက္ႏိုင္တယ္။ သူ႔ကာ႐ိုက္တာက မိန္းကေလးတစ္ေယာက္ကို အရမ္း Care လုပ္ၿပီးေတာ့ ဂ႐ုစိုက္တယ္။ အဲဒီမွာ သူ႔ရဲ႕ ကာ႐ိုက္တာေလးက ခ်စ္ခ်င္စရာေလးျဖစ္သြားတာေပါ့။ ဆြဲေဆာင္မႈ တစ္ခုေပါ့ေနာ္။ အဲဒီကာ႐ိုက္တာေလးေၾကာင့္ နန္းဆုႀကိဳက္သြားတာ” လို႔ သူကဆိုပါတယ္။

Crash Landing On You ဇာတ္ကားထဲမွာ ဗိုလ္ႀကီး ရီေဂ်ာင္ဟြတ္ရဲ႕ ခ်စ္ျခင္းေမတၱာကိုလည္း အရမ္းသေဘာက်ခဲ့တယ္လို႔ နန္းဆုရတီစိုးက ေျပာပါတယ္။“ သူခ်စ္တဲ့လူက လြဲၿပီးေတာ့ တျခားေကာင္မေလးေတြ ဘယ္ေလာက္ပဲ ေခ်ာေနပါေစ။ မိုက္ေနပါေစ လာႀကိဳက္တာေတာင္မွ Don’t care, No. အဖက္မလုပ္ဘူးေလ။ ေခ်တာေပါ့။ အဲဒီလို ပုံစံေလးကိုလည္း သေဘာက်တယ္။ သူႀကိဳက္တဲ့ေကာင္မေလးမွ ဒီေကာင္မေလးပဲ နည္းနည္းေလးေတာင္ ယိုင္သြားတာမ်ိဳး မရွိဘူးေပါ့ေနာ္။ အရမ္း စမတ္ျဖစ္တဲ့ ေယာက်္ားတစ္ေယာက္ေပါ့ေနာ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၂၅ ရက္ေန႔က Tiger Sugar ဆိုင္သစ္ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ေျမာက္ကိုရီးယားဗိုလ္ႀကီးရဲ႕ အခ်စ္ေရးအေၾကာင္းကို ေျပာျပၿပီးတဲ့ေနာက္မွာေတာ့ နန္းဆုရတီစိုးက သူမရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ပြင့္ပြင့္လင္းလင္း ေျပာျပလာပါေသးတယ္။ ပရိသတ္ေတြ သိထားသလို ခ်စ္သူအသစ္ရေနတာ မဟုတ္ဘူးလို႔ သူကဆိုပါတယ္။“ ခ်စ္သူ အသစ္ရေနၿပီဆိုတာ အထင္မွားတာပါ။ ပရိသတ္ေတြက မသိပဲ Music Video ႐ိုက္ကူးေရးမွာ တစ္ဖက္ေကာင္ေလးက My day တင္တယ္ထင္ပါတယ္။ အဲဒါကို နန္းဆု နဲ႔ဆိုၿပီးေတာ့ ေျပာၾကတာပါ။ သူ႔ရဲ႕ Music Video လည္း ထြက္ေတာ့မယ္လို႔ ေျပာပါတယ္။ အခုေနာက္ပိုင္းကေတာ့ နန္းဆုအနား က လူေတြအတြက္ နန္းဆု ေပ်ာ္ေနမွ၊ လွေနမွ သူတို႔လည္း စိတ္ခ်မ္းသာတာဆိုေတာ့ အရင္ကထက္ ပိုေပ်ာ္ၿပီးေတာ့ ပိုလွေအာင္ေနတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။

နန္းဆုရတီစိုးရဲ႕ အႏုပညာသက္တမ္းကေတာ့ ဆယ္စုႏွစ္ တစ္ခုကို ေက်ာ္လြန္လာၿပီျဖစ္ပါတယ္။ သူမကိုေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့သူျဖစ္သလို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ေတြ႕ရပါတယ္။ သူမဟာ တီဗီေၾကာ္ျငာေတြ ၊ မဂၢဇင္းကာဗာေတြမွာလည္း ဒီေန႔အခ်ိန္ထိ ပါဝင္ေနရတဲ့ မင္းသမီးေခ်ာတစ္ေယာက္ပါ။ အခုလက္ရွိမွာေတာ့ ဂီတလမ္းေၾကာင္းေပၚမွာ သီခ်င္းေတြနဲ႔ ေပ်ာ္ေမြ႕ေနသူတစ္ေယာက္ျဖစ္ပါတယ္။ တစ္ကိုယ္ေတာ္ အေခြေတြလည္း ထြက္ရွိထားတာ ေတြ႕ရပါေသးတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်ခြင်းမေတ္တာတွေမှာ ကြွေဆင်းသွားခဲ့တာပါတဲ့။နန်းဆုရတီစိုးကတော့ ကိုရီးယားမင်းသားချော Hyun Bin ကို အရမ်းသဘောကျတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ Crash Landing On You ဇာတ်ကားထဲက မြောက်ကိုရီးယားဗိုလ်ကြီးရဲ့ အချစ်တွေမှာ ကြွေဆင်းသွားခဲ့ရတာပါတဲ့။နန်းဆုရတီစိုး တစ်ယောက် လက်ရှိထုတ်လွှင့်ပြသနေတဲ့ Crash Landing On You ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲထဲက မင်းသားချော Hyun Bin ကို သဘောကျမိတဲ့အကြောင်းတွေကို အင်တာဗျူးမှာ ဖြေဆိုလာပါတယ်။

Hyun Bin ကတော့ ဒီဇာတ်ကားထဲမှာ မြောက်ကိုရီးယားဗိုလ်ကြီး ရီဂျောင်ဟွတ် ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ချောတာ မချောတာထက် သူ့ကို ဘာလို့ကြိုက်သွားလည်းဆိုတော့ သူ့မှာ ယောကျ်ားဆန်တဲ့၊ ယောကျ်ား ပီသတဲ့ စိတ်ဓာတ်လေး တချို့ ပေါ်လွင်အောင် ရိုက်နိုင်တယ်။ သူ့ကာရိုက်တာက မိန်းကလေးတစ်ယောက်ကို အရမ်း Care လုပ်ပြီးတော့ ဂရုစိုက်တယ်။ အဲဒီမှာ သူ့ရဲ့ ကာရိုက်တာလေးက ချစ်ချင်စရာလေးဖြစ်သွားတာပေါ့။ ဆွဲဆောင်မှု တစ်ခုပေါ့နော်။ အဲဒီကာရိုက်တာလေးကြောင့် နန်းဆုကြိုက်သွားတာ” လို့ သူကဆိုပါတယ်။

Crash Landing On You ဇာတ်ကားထဲမှာ ဗိုလ်ကြီး ရီဂျောင်ဟွတ်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အရမ်းသဘောကျခဲ့တယ်လို့ နန်းဆုရတီစိုးက ပြောပါတယ်။“ သူချစ်တဲ့လူက လွဲပြီးတော့ တခြားကောင်မလေးတွေ ဘယ်လောက်ပဲ ချောနေပါစေ။ မိုက်နေပါစေ လာကြိုက်တာတောင်မှ Don’t care, No. အဖက်မလုပ်ဘူးလေ။ ချေတာပေါ့။ အဲဒီလို ပုံစံလေးကိုလည်း သဘောကျတယ်။ သူကြိုက်တဲ့ကောင်မလေးမှ ဒီကောင်မလေးပဲ နည်းနည်းလေးတောင် ယိုင်သွားတာမျိုး မရှိဘူးပေါ့နော်။ အရမ်း စမတ်ဖြစ်တဲ့ ယောကျ်ားတစ်ယောက်ပေါ့နော်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၅ ရက်နေ့က Tiger Sugar ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

မြောက်ကိုရီးယားဗိုလ်ကြီးရဲ့ အချစ်ရေးအကြောင်းကို ပြောပြပြီးတဲ့နောက်မှာတော့ နန်းဆုရတီစိုးက သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါသေးတယ်။ ပရိသတ်တွေ သိထားသလို ချစ်သူအသစ်ရနေတာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။“ ချစ်သူ အသစ်ရနေပြီဆိုတာ အထင်မှားတာပါ။ ပရိသတ်တွေက မသိပဲ Music Video ရိုက်ကူးရေးမှာ တစ်ဖက်ကောင်လေးက My day တင်တယ်ထင်ပါတယ်။ အဲဒါကို နန်းဆု နဲ့ဆိုပြီးတော့ ပြောကြတာပါ။ သူ့ရဲ့ Music Video လည်း ထွက်တော့မယ်လို့ ပြောပါတယ်။ အခုနောက်ပိုင်းကတော့ နန်းဆုအနား က လူတွေအတွက် နန်းဆု ပျော်နေမှ၊ လှနေမှ သူတို့လည်း စိတ်ချမ်းသာတာဆိုတော့ အရင်ကထက် ပိုပျော်ပြီးတော့ ပိုလှအောင်နေတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။