ပရိသတ်တွေ အသည်းတယားယား ဖြစ်စေခဲ့တဲ့ ရှူတင်ရိုက်ကွင်းက မေတိုးခိုင်ရဲ့ ဗီဒီယိုဖိုင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:May Toe K

Unicode ဖြင့်ဖတ်ပါ
★★★★★

မေတိုးခိုင်ဟာ နိုင်ငံကျော်အနုပညာရှင် အူဝဲ ရဲ့ တူမ ဖြစ်ပြီး သရုပ်ဆောင်မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။(၂၀၁၉)ခုနှစ်ရုပ်ရှင်အကယ်ဒမီပေးပွဲမှာ လည်း အကယ်ဒမီ ဗန်းကိုင်အဖြစ်ပါဝင်ခဲ့တာပဲ ဖြစ်ပြီး အူဝဲနဲ့အတူ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ တက်သစ်စ အနုပညာရှင်အဖြစ် ရပ်တည်လာပြီး အနုပညာ မျိုးရိုး ရှိတဲ့ သူမဟာ အလားအလာရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

အဒေါ်ဖြစ်သူ အူဝဲနဲ့တွဲဖက်ပြီး ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကားကြီးမှာတွဲဖက်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီးပရိသတ်တွေကလည်းတခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အူဝဲရဲ့အနုပညာအမွေကိုဆက်ခံထားတဲ့ မေတိုးခိုင်လေးကတော့ ပထမဆုံးတာထွက်ဇာတ်ကားကြီးမှာပဲ ပရိသတ်တွေရဲ့ ချီးကျူးခြင်းခံခဲ့ရသူလေးပါနော်။

အမြဲ ပျော်ပျော်နေတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ မေတိုးခိုင်လေးကတော့ လက်ရှိမှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရှူတင်ရိုက်ကွင်းမှာ စနောက်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖော်ပြခဲ့တာပါ။ ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးလေးမေတိုးခိုင်ရဲ့ ဟန်ပန်လေးတွိကို မိန်းကလေးပရိသတ်တွေတောင် ချစ်လွန်းလို့မှတ်ချက်တွေပေးနေကြပါသေးတယ်။ CeleConnectionsပရိသတ်ကြီးလည်း မေတိုးခိုင်ရဲ့ ဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးမှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source:May Toe K
Candy – CeleConnections