အိုင်ဗီလေးကိုမြင်တိုင်း ကလေးမွေးချင်တယ်ဆိုတဲ့ ပိုပို

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

နိုင္ငံေက်ာ္အဆိုေတာ္ ပိုပိုကေတာ့ နိုင္ငံေက်ာ္အဆိုေတာ္ေအသင္ခ်ိဳရဲ့ သမီးေလး အိုင္ဗီေလးကိုျမင္တိုင္း ကေလးေမြးခ်င္တဲ့အေၾကာင္းကို “သူ႔ကိုျမင္တိုင္း ကေလးေမြးခ်င္လို့” ဆိုကာ အိုင္ဗီပုံေလးကို သူ႔ရဲ့လူမွုကြန္ရက္ စာမ်က္ႏွာမွာျပန္လည္မၽွေဝထားပါတယ္။ ပိုပိုကေတာ့ အလြမ္း၊အခ်စ္သီခ်င္းေလးေတြကို ကိုယ္တိုင္ေရးစပ္ သီဆိုေလ့ရွိၿပီး ကေလးေလးေတြကို အလြန္ခ်စ္ျမတ္နိုးတက္သူလည္းျဖစ္ပါတယ္။

ပိုပိုဟာ ေတးစီးရီးအယ္ဘမ္ေတြနဲ႔ တစ္ကိုယ္ေတာ္ေတးစီးရီးေတာ္ေတာ္မ်ားမ်ားကို ထြက္ရွိေအာင္ျမင္ထားသူတစ္ေယာက္ျဖစ္ၿပီး ကိုယ္ပိုင္အရည္အခ်င္းေကာင္းေတြနဲ႔ ဘဝကို ရဲရဲရင္ဆိုင္ေက်ာ္ျဖတ္ေနတဲ့ အဆိုေတာ္မေလးတစ္ေယာက္လို့ ဆိုလည္းမမွားပါဘူး။ပိုပိုရဲ့ သီခ်င္းေတာ္ေတာ္မ်ားမ်ားကလည္း ပရိသတ္ေတြရဲ့ ခံစားခ်က္နဲ႔ ထပ္တူက်ခဲ့သလို ပိုပိုကိုယ္တိုင္ကလည္း ခံစားခ်က္အျပည့္နဲ႔ သီဆိုထားခဲ့တာျဖစ္ပါတယ္။အဆိုေတာ္ကိုယ္စီတိုင္းမွာရွိတဲ့ ပန္းတိုင္ေလးတစ္ခုျဖစ္တဲ့ One Lady Show ကို က်င္းပဖို့အတြက္ ပိုပိုတစ္ေယာက္ စိတ္အားထက္သန္ေနခဲ့တာျဖစ္ၿပီး လတ္တေလာမွာေတာ့ အေကာင္အထည္ေဖာ္ေနၿပီလည္းျဖစ္ပါတယ္။ အိုင္ဗီေလးဟာ နိုင္ငံေက်ာ္အဆိုေတာ္ ေအသင္ခ်ိဳေဆြရဲ့ သမီးေလးျဖစ္ၿပီး ပရိသတ္ေတြက သည္းသည္းလွုပ္ခ်စ္ေပးကာ We Love ေတြပါ ဖြဲ႕ကာ အားေပးခံရတဲ့ သူေလးပါပဲ။

လက္ရွိမွာေတာ့ အိုင္ဗီေလးဟာ KG ေက်ာင္းသူေလးတစ္ေယာက္ျဖစ္ၿပီး သူမရဲ့ခ်စ္စရာေကာင္းလွတဲ့ ဟန္ပန္အမူအရာေလးေတြကို ေမေမေအသင္က ဗီဒီယိုေလးေတြ နဲ႔ အတူ ခ်စ္တဲ့ပရိသတ္ေတြအတြက္ အျမဲေဝမၽွေပးေလ့ရွိပါတယ္။ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့ We Love ေတြပါ ဖြဲ႕ကာ အားေပးခံရတဲ့ အႏုပညာမ်ိဳးဆက္သစ္ အိုင္ဗီေလးကိုေတြ႕တိုင္း နိုင္ငံေက်ာ္အဆိုေတာ္ ပိုပိုက ကေလးေမြးခ်င္ပါတယ္တဲ့ေနာ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော်အဆိုတော် ပိုပိုကတော့ နိုင်ငံကျော်အဆိုတော်အေသင်ချိုရဲ့ သမီးလေး အိုင်ဗီလေးကိုမြင်တိုင်း ကလေးမွေးချင်တဲ့အကြောင်းကို “သူ့ကိုမြင်တိုင်း ကလေးမွေးချင်လို့” ဆိုကာ အိုင်ဗီပုံလေးကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာပြန်လည်မျှဝေထားပါတယ်။ ပိုပိုကတော့ အလွမ်း၊အချစ်သီချင်းလေးတွေကို ကိုယ်တိုင်ရေးစပ် သီဆိုလေ့ရှိပြီး ကလေးလေးတွေကို အလွန်ချစ်မြတ်နိုးတက်သူလည်းဖြစ်ပါတယ်။

ပိုပိုဟာ တေးစီးရီးအယ်ဘမ်တွေနဲ့ တစ်ကိုယ်တော်တေးစီးရီးတော်တော်များများကို ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ ဘဝကို ရဲရဲရင်ဆိုင်ကျော်ဖြတ်နေတဲ့ အဆိုတော်မလေးတစ်ယောက်လို့ ဆိုလည်းမမှားပါဘူး။ပိုပိုရဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့သလို ပိုပိုကိုယ်တိုင်ကလည်း ခံစားချက်အပြည့်နဲ့ သီဆိုထားခဲ့တာဖြစ်ပါတယ်။အဆိုတော်ကိုယ်စီတိုင်းမှာရှိတဲ့ ပန်းတိုင်လေးတစ်ခုဖြစ်တဲ့ One Lady Show ကို ကျင်းပဖို့အတွက် ပိုပိုတစ်ယောက် စိတ်အားထက်သန်နေခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အကောင်အထည်ဖော်နေပြီလည်းဖြစ်ပါတယ်။ အိုင်ဗီလေးဟာ နိုင်ငံကျော်အဆိုတော် အေသင်ချိုဆွေရဲ့ သမီးလေးဖြစ်ပြီး ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ပေးကာ We Love တွေပါ ဖွဲ့ကာ အားပေးခံရတဲ့ သူလေးပါပဲ။

လက်ရှိမှာတော့ အိုင်ဗီလေးဟာ KG ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က ဗီဒီယိုလေးတွေ နဲ့ အတူ ချစ်တဲ့ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ We Love တွေပါ ဖွဲ့ကာ အားပေးခံရတဲ့ အနုပညာမျိုးဆက်သစ် အိုင်ဗီလေးကိုတွေ့တိုင်း နိုင်ငံကျော်အဆိုတော် ပိုပိုက ကလေးမွေးချင်ပါတယ်တဲ့နော်။