ဘင်ဘင်အတွက် Surprise လုပ်ပေးဖို့ ကျပ်သိန်း(၁၀၀)ခန့်ရရှိနေပြီဖြစ်တဲ့ Summer အဖွဲ့

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မၾကာခင္ကက်င္းပၿပီးစီးခဲ့ၿပီျဖစ္တဲ့ Myanmar Idol Season-4 ရဲ႕ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့ ဘင္ဂ်မင္ဆုမ္းကေတာ့ Top-3 အထိတက္လွမ္းႏိုင္ခဲ့တဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ပါတယ္။ထူးျခားတဲ့ပင္ကိုယ္အသံေၾကာင့္ အသံစစ္ေဆးမႈမွာကတည္းက အမာခံပရိသတ္အင္အားေတာင့္တင္းခဲ့သူတစ္ေယာက္ပါ။သူကေတာ့ ခ်င္းတိုင္းရင္းသားေလးတစ္ေယာက္ျဖစ္တဲ့အျပင္ ေမြးရာပါဆံပင္ေကာက္ေလးေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕သည္းသည္းလႈပ္အားေပးျခင္းကို ခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္တြင္းျပည္ပက ဘင္ဂ်မင္ကိုအားေပးတဲ့ပရိသတ္ေတြအကုန္လုံးစုၿပီး Summer ဆိုတဲ့အဖြဲ႕ေလးကိုတည္ေထာင္ကာ ဘင္ဂ်မင္ၿပိဳင္ပြဲဝင္ေနစဥ္ကတည္းက လိုအပ္သမွ်ကိုျဖည့္ဆည္းေပးခဲ့ၾကတာပါ။တျခားၿပိဳင္ပြဲဝင္ေတြမရခဲ့တဲ့ Surprise လုပ္ေပးတာမ်ိဳးေတြအျပင္၊ ဘင္ဂ်မင္အတြက္ရည္႐ြယ္ၿပီး အလႉေလးေတြပါလုပ္ေပးၾကတဲ့အထိ ဘင္ဘင္ကိုအားေပးခဲ့တာမို႔ ဘင္ဘင္ကေတာ့ ၿပိဳင္ပြဲဝင္ေတြထဲမွာ အမာခံပရိသတ္အင္အားအေတာင့္တင္းဆုံးနဲ႔ ကံအေကာင္းဆုံးလို႔ ဆိုရမွာပါ။

ၿပိဳင္ပြဲႀကီးၿပီးဆုံးသြားခဲ့တဲ့အခ်ိန္မွာလည္း ဘင္ဂ်မင္ကေတာ့ ေဖ်ာ္ေျဖပြဲေတြဆက္တိုက္ဆိုသလို သြားေရာက္ေနရတာျဖစ္ၿပီး သူသြားသမွ်ပြဲတိုင္းမွာလည္း အားေပးသူ Summer ေလးေတြက အၿမဲရွိေနခဲ့တာပါ။ဒါ့အျပင္ Summer ေလးေတြက ဘင္ဘင့္အတြက္ဆိုၿပီး Surprise အႀကီးႀကီးလုပ္ေပးခ်င္တာေၾကာင့္ ၿပိဳင္ပြဲၿပီးကတည္းက ပရိသတ္အင္အားနဲ႔ပိုက္ဆံစစုခဲ့ၾကတာပါ။အခုဆိုရင္ ေနရာအႏွံ႔ကလႊဲေပးလိုက္တဲ့ ေငြေတြသိန္း(၁၀၀)ခန႔္ရွိလာၿပီမို႔ Summer ေလးေတြကေတာ့ ဝမ္းသာေနၾကတာပါ။ဒီထက္ပိုၿပီး Surprise အႀကီးႀကီးလုပ္ေပးခ်င္တာေၾကာင့္ ထပ္မံဝန္းရံၾကဖို႔တိုက္တြန္းထားတာမို႔ ဘင္ဘင္ရဲ႕ ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – We Love Benjamin Sum(MMID S4) Official gp
Rainbow – Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

မကြာခင်ကကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ Myanmar Idol Season-4 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ Top-3 အထိတက်လှမ်းနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။ထူးခြားတဲ့ပင်ကိုယ်အသံကြောင့် အသံစစ်ဆေးမှုမှာကတည်းက အမာခံပရိသတ်အင်အားတောင့်တင်းခဲ့သူတစ်ယောက်ပါ။သူကတော့ ချင်းတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့အပြင် မွေးရာပါဆံပင်ကောက်လေးကြောင့် မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်အားပေးခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပက ဘင်ဂျမင်ကိုအားပေးတဲ့ပရိသတ်တွေအကုန်လုံးစုပြီး Summer ဆိုတဲ့အဖွဲ့လေးကိုတည်ထောင်ကာ ဘင်ဂျမင်ပြိုင်ပွဲဝင်နေစဉ်ကတည်းက လိုအပ်သမျှကိုဖြည့်ဆည်းပေးခဲ့ကြတာပါ။တခြားပြိုင်ပွဲဝင်တွေမရခဲ့တဲ့ Surprise လုပ်ပေးတာမျိုးတွေအပြင်၊ ဘင်ဂျမင်အတွက်ရည်ရွယ်ပြီး အလှူလေးတွေပါလုပ်ပေးကြတဲ့အထိ ဘင်ဘင်ကိုအားပေးခဲ့တာမို့ ဘင်ဘင်ကတော့ ပြိုင်ပွဲဝင်တွေထဲမှာ အမာခံပရိသတ်အင်အားအတောင့်တင်းဆုံးနဲ့ ကံအကောင်းဆုံးလို့ ဆိုရမှာပါ။

ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့တဲ့အချိန်မှာလည်း ဘင်ဂျမင်ကတော့ ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်နေရတာဖြစ်ပြီး သူသွားသမျှပွဲတိုင်းမှာလည်း အားပေးသူ Summer လေးတွေက အမြဲရှိနေခဲ့တာပါ။ဒါ့အပြင် Summer လေးတွေက ဘင်ဘင့်အတွက်ဆိုပြီး Surprise အကြီးကြီးလုပ်ပေးချင်တာကြောင့် ပြိုင်ပွဲပြီးကတည်းက ပရိသတ်အင်အားနဲ့ပိုက်ဆံစစုခဲ့ကြတာပါ။အခုဆိုရင် နေရာအနှံ့ကလွှဲပေးလိုက်တဲ့ ငွေတွေသိန်း(၁၀၀)ခန့်ရှိလာပြီမို့ Summer လေးတွေကတော့ ဝမ်းသာနေကြတာပါ။ဒီထက်ပိုပြီး Surprise အကြီးကြီးလုပ်ပေးချင်တာကြောင့် ထပ်မံဝန်းရံကြဖို့တိုက်တွန်းထားတာမို့ ဘင်ဘင်ရဲ့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – We Love Benjamin Sum(MMID S4) Official gp
Rainbow – Cele Gabar