ကြက်သီးထလောက်အောင် ဖြစ်သွားစေမယ့် မြမြရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:မြမြ ‘s Page


Unicode ဖြင့်ဖတ်ပါ
★★★★★

(၂၀၁၉)ခုနှစ်က အွန်လိုင်းပေါ်မှာ လူစိတ်ဝင်စားမှုပြီး ဖြစ်ရပ်မှန် သတင်းတစ်ခုကို ဇာတ်လမ်းနှင့် ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော်ရိုက်ကူးထားတဲ့” မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို ဇန်နဝါရီလ(၂၇)ရက်နေ့မှာ Page ကနေ တင်လာခဲ့ပါတယ်..။ သရုပ်ဆောင်အသစ်တွေနဲ့ရော ဝါရင့်သရုပ်ဆောင်တွေနဲ့ပါ ရိုက်ကူးအားဖြည့်ထားတာဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက ပီပြင်အောင် သရုပ်ဆောင်ထားကြတာကို trailer ထဲမှာ တွေ့ရမှာပါနော်..။ ရိုက်ကူးဖို့ စီစဉ်တဲ့အချိန်တုန်းက လူထုပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာပါ..။

ဒါရိုက်တာ ညိုမင်းလွင်ကတော့ ဖြစ်ရပ်မှန်လေးကို ရိုက်ကူးရတာက နည်းနာယူဖို့မဟုတ်ဘဲ ပညာပေးသဘောအနေနဲ့သာ ရိုက်ကူးတာဖြစ်ကြောင်းကို မီဒီယာတစ်ခုရဲ့ အင်တာဗျူးလေးမှာ ပြောပြခဲ့ဖူးပါတယ်..။ မင်းသမီးသင်ဇာဝင့်ကျော်ကလည်း အပြင်ဘက်က မြမြ ဇာတ်လမ်းလိုမဟုတ်ဘဲ ကွဲပြားကာ ပညာပေးတဲ့ကားတစ်ကားပါလို့လည်း အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်..။ ရည်ရွယ်ချက်ကောင်းတွေနဲ့ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် ပါဝင်တဲ့ကာရိုက်တာ တစ်ခုရဲ့ လူရွေးပွဲကိုတော့ လူထုပရိသတ်တွေရဲ့ ရှုံ့ချမှုကို ခံခဲ့ရတာပါ..။

အောင်အောင်မြင်မြင်နဲ့ ရိုက်ကူးပြီးစီးသွားခဲ့ပြီဖြစ်ပေမယ့် ဝေဖန်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို ခံနေရတဲ့ ဇာတ်ကားတစ်ကားလို့ပြောရမှာပါ..။ ဝေဖန်မှုတွေရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့ ကြိုးပမ်းထားမှုတွေနဲ့ ဒါရိုက်တာရဲ့ အားထုတ်မှုတွေကို Official Trailer မှာ တွေ့မြင်နိုင်မှာပါ..။ ဒါရိုက်တာညိုမင်းလွင် သင်ဇာဝင့်ကျော်၊ မင်းတော်ဝင်၊ ဒီဒီး နှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ(၆)ရက်နေ့မှာ မြန်မာတစ်ပြည်လုံးမှာ ပြသသွားတော့မှာဖြစ်ပါတယ်..။ Cele Connections ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source:မြမြ ‘s Page

Sakura(Cele Connections)