တရားစွဲဆိုထားတဲ့အမှုကို အမှန်အတိုင်းရင်ဆိုင်သွားမယ်ဆိုတဲ့ သံစဉ်မောင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ကိုယ့္ကိုယ္ကိုယ္လည္း အရမ္းရွက္မိပါတယ္။သံစဥ္ေမာင္ကေတာ့ ရည္းစားေဟာင္းရဲ႕ အၾကမ္းဖက္ျခင္းကို ခံခဲ့ရသူအျဖစ္ ပရိသတ္ေတြ ပိုသိလာတာမျဖစ္ေစခ်င္ဘူးလို႔ ေျပာပါတယ္။ အႏုပညာအလုပ္ေတြကေနတဆင့္ သူမရဲ႕ ႀကိဳးစားမႈေတြကို ပရိသတ္ က အသိအမွတ္ျပဳတာပဲ ျဖစ္ေစခ်င္တယ္လို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ႕ ညီမငယ္ေလး သံစဥ္ေမာင္ကေတာ့ သူမရဲ႕ ရည္းစားေဟာင္းရဲ႕ အၾကမ္းဖက္မႈေတြကို တရားစြဲဆိုထားတဲ့သူပါ။ ဒီအမႈနဲ႔ ပတ္သက္ၿပီး မိသားစုေတြရဲ႕ အားေပးမႈလည္းရသလို အမွန္တရားအတိုင္းေရွ႕ဆက္သြားမယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ အခုခ်ိန္မွာ အစ္မနဲ႔ အေမက ဆူရင္ေတာင္မွ အေဖက အေကာင္းဆုံးရွင္းျပတယ္။ အေဖေျပာျပေပးလို႔သာ မိသားစုမွာ အဆင္ေျပေနတာ။ အစ္မက က်ေတာ့ ျဖစ္တဲ့အေပၚမွာ ညီမကိုပဲဆူတာ။ သူ႔ညီမေလး ထိခိုက္မွာစိုးရိမ္တဲ့ စိတ္နဲ႔ ဆူတာ နားလည္ပါတယ္။ ကိုယ္ သိခဲ့ရတဲ့ အရာကေတာ့ ေနာက္ဆို ဘာျဖစ္ျဖစ္ မိသားစုကို တိုင္ပင္ရမယ္ဆိုတဲ့ စိတ္ေလးေတာ့ သိလာပါတယ္။ ညီမက အမွန္တရားအတြက္ပဲ ဆက္သြားမွာပါ။ ညီမ မွန္တယ္ဆိုရင္ မွန္တဲ့အတိုင္းပဲ သြားမယ္။ ညီမရဲ႕ အဆုံးအျဖတ္ထက္ တရားဥပေဒရဲ႕ အဆုံးအျဖတ္အတိုင္းပဲ သြားမွာပါ။ ” လို႔ သူကဆိုပါတယ္။

သံစဥ္ေမာင္က လက္ရွိမွာ အႏုပညာအလုပ္ေတြ လုပ္ေဆာင္ေနသူ တစ္ေယာက္ပါ။ သူမကိုေတာ့ ရည္းစားေဟာင္းရဲ႕ အၾကမ္းဖက္ျခင္းကို ခံခဲ့ရတဲ့ မင္းသမီးငယ္ေလးအျဖစ္ ပရိသတ္ေတြ ပိုၿပီး သတိထားမိခဲ့တာပါ။ ဒါေၾကာင့္ ပရိသတ္ေတြအေနနဲ႔ အႏုပညာအလုပ္ေတြနဲ႔သာ အားေပးေစခ်င္တယ္လို႔ သူကဆိုပါတယ္။“ သံစဥ္ေမာင္ဆိုတာကို ပရိသတ္က ဒီလို ကိစၥမ်ိဳးနဲ႔ မသိေစခ်င္ဘူး။ ညီမ ေတာ္ေနလို႔၊ တက္ေနလို႔လည္း မဟုတ္ဘူး၊ ညီမ အႏုပညာနဲ႔ပဲ ညီမကို သိေစခ်င္တယ္။ ဒီလိုျဖစ္သြားတယ္ဆိုတာကလည္း မတတ္သာလြန္းလို႔သာ ဒီလိုမ်ိဳးေရွ႕ထြက္လာရတာပါ။ အမွန္အတိုင္းေျပာရရင္ ရွက္လည္းရွက္တယ္။ ညီမကိုယ္တိုင္ကလည္း အေနေအးတဲ့သူဆိုေတာ့ ပိုဆိုးတယ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၂၇ ရက္ေန႔က ေ႐ႊႀကိဳ လူေတြ႕စစ္ေဆးမႈကို ေရာက္လာရင္း ေျဖဆိုခဲ့တာျဖစ္ပါတယ္။

သံစဥ္ေမာင္ဟာ ရည္းစားေဟာင္းျဖစ္သူ ေနေဒြးနဲ႔ ၃ ႏွစ္အၾကာ လက္တြဲလာခဲ့ၾကတာျဖစ္ပါတယ္။ မူးယစ္ေသာက္စားၿပီးတဲ့အခ်ိန္ေတြမွာလည္း ႐ိုက္ႏွက္မႈေတြ ျပဳလုပ္ေလ့ရွိတယ္လို႔ မီဒီယာအင္တာဗ်ဴးေတြမွာ သံစဥ္ေမာင္က ေျဖဆိုခဲ့တာ ေတြ႕ရပါတယ္။ မိန္းကေလး တစ္ေယာက္အေနနဲ႔ အခုလို ႏွိပ္စက္ ခံခဲ့ရတာေတြကို ကိုယ္ခ်င္းစာမိခဲ့ၿပီလို႔ သံစဥ္ေမာင္က ေျပာပါတယ္။“ လူဆိုတာက ကိုယ္ျဖစ္မွ ကိုယ္သိတာေလ။ ညီမကိုယ္တိုင္ကလည္း ဒီကိစၥေတြ မႀကဳံဖူးတုန္းက သူမ်ားေတြ ေျပာသလိုပဲ ကိုယ္လည္း လိုက္ၿပီး ကဲ့ရဲ႕မိတာေတြရွိတယ္။ ဒါေပမယ့္ ကိုယ္တကယ္ ခံစားရမွ သိတာ။ ဘယ္သူမွေတာ့ ဒီလိုမ်ိဳး အဆိုးဆုံးအေျခအေနမ်ိဳး မျဖစ္ခင္ဘူး။ ျဖစ္လာတဲ့အေပၚမွာလည္း အေကာင္းဆုံးျဖစ္ဖို႔ ေမွ်ာ္လင့္ရပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ သံစဥ္ေမာင္ဟာ သ႐ုပ္ေဆာင္ ေနေဒြးကို တာေမြတရား႐ုံးမွာ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။ သူမရဲ႕ ရည္းစားေဟာင္းျဖစ္တဲ့ ေနေဒြးကလည္း မွန္မွန္ကန္ကန္ တရားရင္ဆိုင္သြားမယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့တာ ေတြ႕ရပါတယ္။သံစဥ္ေမာင္ကိုေတာ့ သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ႕ ညီမငယ္ေလးအျဖစ္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာျဖစ္ပါတယ္။ သူမဟာ အခုလက္ရွိမွာ တီဗီေၾကာ္ျငာေတြ၊ ျပကၡဒိန္ေတြ အျပင္ ဗီဒီယို ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားလည္း ႐ိုက္ကူးေနရသူျဖစ္ပါတယ္။ သံစဥ္ေမာင္ရဲ႕ အႏုပညာသက္တမ္းကလည္း ၄ ႏွစ္ခန႔္ကို ေရာက္ရွိလို႔လာပါၿပီ။

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းရှက်မိပါတယ်။သံစဉ်မောင်ကတော့ ရည်းစားဟောင်းရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ရသူအဖြစ် ပရိသတ်တွေ ပိုသိလာတာမဖြစ်စေချင်ဘူးလို့ ပြောပါတယ်။ အနုပညာအလုပ်တွေကနေတဆင့် သူမရဲ့ ကြိုးစားမှုတွေကို ပရိသတ် က အသိအမှတ်ပြုတာပဲ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေး သံစဉ်မောင်ကတော့ သူမရဲ့ ရည်းစားဟောင်းရဲ့ အကြမ်းဖက်မှုတွေကို တရားစွဲဆိုထားတဲ့သူပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး မိသားစုတွေရဲ့ အားပေးမှုလည်းရသလို အမှန်တရားအတိုင်းရှေ့ဆက်သွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အခုချိန်မှာ အစ်မနဲ့ အမေက ဆူရင်တောင်မှ အဖေက အကောင်းဆုံးရှင်းပြတယ်။ အဖေပြောပြပေးလို့သာ မိသားစုမှာ အဆင်ပြေနေတာ။ အစ်မက ကျတော့ ဖြစ်တဲ့အပေါ်မှာ ညီမကိုပဲဆူတာ။ သူ့ညီမလေး ထိခိုက်မှာစိုးရိမ်တဲ့ စိတ်နဲ့ ဆူတာ နားလည်ပါတယ်။ ကိုယ် သိခဲ့ရတဲ့ အရာကတော့ နောက်ဆို ဘာဖြစ်ဖြစ် မိသားစုကို တိုင်ပင်ရမယ်ဆိုတဲ့ စိတ်လေးတော့ သိလာပါတယ်။ ညီမက အမှန်တရားအတွက်ပဲ ဆက်သွားမှာပါ။ ညီမ မှန်တယ်ဆိုရင် မှန်တဲ့အတိုင်းပဲ သွားမယ်။ ညီမရဲ့ အဆုံးအဖြတ်ထက် တရားဥပဒေရဲ့ အဆုံးအဖြတ်အတိုင်းပဲ သွားမှာပါ။ ” လို့ သူကဆိုပါတယ်။

သံစဉ်မောင်က လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ဆောင်နေသူ တစ်ယောက်ပါ။ သူမကိုတော့ ရည်းစားဟောင်းရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ရတဲ့ မင်းသမီးငယ်လေးအဖြစ် ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာပါ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အနုပညာအလုပ်တွေနဲ့သာ အားပေးစေချင်တယ်လို့ သူကဆိုပါတယ်။“ သံစဉ်မောင်ဆိုတာကို ပရိသတ်က ဒီလို ကိစ္စမျိုးနဲ့ မသိစေချင်ဘူး။ ညီမ တော်နေလို့၊ တက်နေလို့လည်း မဟုတ်ဘူး၊ ညီမ အနုပညာနဲ့ပဲ ညီမကို သိစေချင်တယ်။ ဒီလိုဖြစ်သွားတယ်ဆိုတာကလည်း မတတ်သာလွန်းလို့သာ ဒီလိုမျိုးရှေ့ထွက်လာရတာပါ။ အမှန်အတိုင်းပြောရရင် ရှက်လည်းရှက်တယ်။ ညီမကိုယ်တိုင်ကလည်း အနေအေးတဲ့သူဆိုတော့ ပိုဆိုးတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေကြို လူတွေ့စစ်ဆေးမှုကို ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

သံစဉ်မောင်ဟာ ရည်းစားဟောင်းဖြစ်သူ နေဒွေးနဲ့ ၃ နှစ်အကြာ လက်တွဲလာခဲ့ကြတာဖြစ်ပါတယ်။ မူးယစ်သောက်စားပြီးတဲ့အချိန်တွေမှာလည်း ရိုက်နှက်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ သံစဉ်မောင်က ဖြေဆိုခဲ့တာ တွေ့ရပါတယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ အခုလို နှိပ်စက် ခံခဲ့ရတာတွေကို ကိုယ်ချင်းစာမိခဲ့ပြီလို့ သံစဉ်မောင်က ပြောပါတယ်။“ လူဆိုတာက ကိုယ်ဖြစ်မှ ကိုယ်သိတာလေ။ ညီမကိုယ်တိုင်ကလည်း ဒီကိစ္စတွေ မကြုံဖူးတုန်းက သူများတွေ ပြောသလိုပဲ ကိုယ်လည်း လိုက်ပြီး ကဲ့ရဲ့မိတာတွေရှိတယ်။ ဒါပေမယ့် ကိုယ်တကယ် ခံစားရမှ သိတာ။ ဘယ်သူမှတော့ ဒီလိုမျိုး အဆိုးဆုံးအခြေအနေမျိုး မဖြစ်ခင်ဘူး။ ဖြစ်လာတဲ့အပေါ်မှာလည်း အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ရပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ သံစဉ်မောင်ဟာ သရုပ်ဆောင် နေဒွေးကို တာမွေတရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ့ နေဒွေးကလည်း မှန်မှန်ကန်ကန် တရားရင်ဆိုင်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။