ရွှေကြိုလျှောက်ထားတဲ့ မောင်ဝမ်းကွဲလေးကို ပွဲထုတ်လိုက်တဲ့ သုသု

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငရဲ့ ထိပ်တန်းမိတ်ကပ်ဆရာတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် ညီညီမောင်စမ်းချောင်းဟာလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်..။ ညီညီမောင်(စမ်းချောင်း)ကို ပရိသတ်တွေက သုသုလို့လည်း ချစ်စနိုးခေါ်ပြီး ဟာသဗီဒီယိုလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားသူပါ..။

ထိထိမိမိနဲ့ပြောတတ်သူ သုသုရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုလေးတွေကို ရရှိထားပြီး အနုပညာအလုပ်လေးတွေကိုလည်း လုပ်ကိုင်နေပြီဖြစ်ပါတယ်..။

သူငယ်ချင်းတွေဖြစ်ကြတဲ့ မိတ်ကပ်လင်းလင်း၊ မိတ်ကပ် မထက်တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုလည်း ရိုက်ကူးထားပြီးဖြစ်ပါတယ်..။ လက်ရှိမှာ ဒါရိုက်တာခင်လှိုင်ရိုက်ကူးနေတဲ့ “အထိန်းတော်”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်အားဖြည့်နေတာပါ..။

(၂၀၁၉)ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားရဲ့ ရွှေကြိုတွေအတွက် လူရွေးပွဲကို ဇန်နဝါရီလ(၂၇)ရက်နေ့မှာ ကျင်းပနေပြီဖြစ်ပါတယ်..။အခုတစ်ခါမှာတော့ သုသုလေးက ရွှေကြိုမှာ ပါဝင်လျှောက်ထားတဲ့ မောင်တစ်ဝမ်းကွဲကို ပွဲထုတ်ကာ အားပေးပေးဖို့ကို “ကဲ ရွှေကြို လျောက်ထားတဲ့ မောင်ဝမ်းကွဲလေး နော်.။ ယောင်းမတို့ရေ Vote ပေးရမယ် အားပေးရမယ်နော်” မောင်ချောချောလေးရဲ့ ပုံရိပ်လေးတွေနဲ့အတူ တင်လာတာပဲဖြစ်ပါတယ်..။

ကဲ သုသုလေးကတော့ မောင်ဝမ်းကွဲလေးကို အားပေးဖို့တိုက်တွန်းကာ “ယောင်းမလေးတို့ရေ”ဆိုပြီး အပီချုပ်လိုက်တာပါနော် ပရိသတ်ကြီးတို့ရေ..။ ပရိသတ်ကြီးအတွက်လည်း အနာတ်မှာအလားအလာရှိတဲ့ အနုပညာရှင်မျိုးဆက်သစ် ညီညီမောင်(စမ်းချောင်း)ရဲ့ မောင်ဝမ်းကွဲပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်.။