ပရိသတ်တွေ တဝါးဝါး ပွဲကျစေခဲ့တဲ့ကကွက်တွေနဲ့ ဒွန့်ခဲ့ကြတဲ့ မြင့်မြတ်နဲ့ အိချောပို တို့ရဲ့ ဗီဒီယိုဖိုင်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်ကြီးရေ မြင့်မြတ်ကတော့ နှစ်အတော်ကြာအောင်မြင်လာတဲ့ မင်းသားတစ်လက်လို့ ဆိုရမှာပါ။မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်ကိုအမြဲ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းတဲ့ မင်းသားဖြစ်ပြီး ဟာသတွေသာမက ဇာတ်ကြမ်းတွေကိုလည်း ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့သူူတစ်ယောက်ပဲ ဖြစ်ပါတယ်။မြင့်မြတ်ကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတွေထဲက တစ်လက်ဖြစ်ပြီး ယခုနှစ် (၂၀၂၀) အကယ်ဒမီ မှာ ထင်ကြေးပေးခံနေရတဲ့ မင်းသားတွေထဲကတစ်ယောက်ပါပဲနော်။ “ ဂျင်းကောင် ” ဇာတ်ကားကို အစွဲ ပြုပြီးတစ်ချို့ ပရိသတ်တွေက ချစ်စနိုးနဲ့ “ ဂျင်းကောင် ” လို့ ခေါ်လေ့ရှိကြပါသေးတယ်။
ဂျင်းကောင်းကတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေသာမက အနုပညာရှင်တွေပါ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းခံရတဲ့ “ ဂျင်းကောင် အသေးစား ” လေးကို ပိုင်ဆိုင်ထားပါသေးတယ် ။
လတ်တလောမှာလည်း ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြည်သူချစ်အနုပညာရှင် မင်းသမီး အိချောပို နဲ့အတူ မြင့်မြတ်တို့နဲ့ တွဲဖက်ကာ ဆော့ကစားခဲ့တဲ့ TikTok လေးကို “ မြင့်မြတ်နဲ့အိချောပိုတို့ရဲ့အကတွေကသေသွားမယ်လို့ ” ဆိုတဲ့ စာသားလေးနဲ့အတူ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ ပုံစံအတိုင်း အမိုက်စားကကွက်တွေကြောင့် ပရိသတ်တွေ ပွဲကျစေခဲ့တယ်ဆိုတာအမှန်ပါပဲနော်။  ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ အမိုက်စားကကွက်တွေကိုကြည့်ပြီး လိုက်ကချင်တဲ့သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။