ကလေးတွေအပေါ်ထားတဲ့ စိတ်ရင်းအမှန်ကို ရင်ဖွင့်လာတဲ့ ခိုင်နှင်းဝေ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ခိုင္ႏွင္းေဝကေတာ့ ဝါရင့္သ႐ုပ္ေဆာင္အႏုပညာရွင္မင္းသမီးတစ္လက္ျဖစ္ၿပီး အႏုပညာအလုပ္ေလးေတြကိုလုပ္ရင္းနဲ႔ လူမႈေရးနဲ႔ ပရဟိတအလုပ္ေလးေတြကို လက္မေႏွးဘဲ လုပ္ေဆာင္တတ္သူတစ္ဦးပဲျဖစ္ပါတယ္..။ ခိုင္ႏွင္းေဝရင္ေသြးငယ္ေလးမ်ားေဂဟာမွာ ကေလးအေယာက္(၃၀)ကို ေမြးစားထားၿပီး သူမရဲ႕သားသမီးေတြအျဖစ္နဲ႔ ေကြၽးေမြးေစာင့္ေရွာက္ေနတာပါ..။ ခိုင္ႏွင္းေဝကေတာ့ ခ်စ္စရာေကာင္းတဲ့သားသားမီးမီးေလးေတြေၾကာင့္ အလုပ္ေတြကို ပိုႀကိဳးစားလုပ္ေဆာင္ေနၿပီး ေဂဟာေလးကိုထပ္ခ်ဲ႕ႏိုင္ဖို႔အတြက္ကိုလည္း မအားမလပ္ႏိုင္ေအာင္ လုပ္ေဆာင္ေနပါတယ္..။

ခ်စ္ရတဲ့ကေလးေတြကို ေကာင္းမြန္စြာေစာင့္ေရွာက္ထားၿပီး သူတို႔ဆီကေန ေမွ်ာ္လင့္ထားမိတဲ့ အေၾကာင္းေလးတစ္ခုကို “ေက်ာင္းေပ်ာ္ေလးေတြျဖစ္လာၿပီ…သူတို႔ေလးေတြ ဆီက ရခ်င္တဲ့ေမွ်ာ္လင့္ခ်က္တခုပဲရွိတယ္..အဲဒါကသူတို႔ေလးေတြ ပညာတတ္ႀကီးျဖစ္ဖို႔ နဲ႔ စာရိတၱေကာင္းမြန္ၿပီး မိမိႏွင့္ဘဝတူ ေနာက္လာမဲ့ ကေလးေတြကို က်မလို လက္ဆင့္ကမ္းေစာင့္ေရွာက္တတ္ေစဖို႔ပါပဲ…။ ဒါေလးတခုေတာ့ ေမွ်ာ္လင့္ခ်င္ပါတယ္ ကေလးတို႔ေရ”ဆိုၿပီး လူမႈကြန္ရက္စာမ်က္ႏွာေပၚကေန သူမရဲ႕ ေမွ်ာ္လင့္ခ်က္ေလးကို ရင္ဖြင့္လာခဲ့ပါတယ္..။

ခိုင္ႏွင္းေဝကေတာ့ သူမရဲ႕ ကိုယ္က်ိဳးအတြက္မဟုတ္ဘဲ သားသမီးေလးေတြရဲ႕ေရွ႕ေရးမွာ ေျဖာင့္ျဖဴးၿပီး လွပကာ ေနာင္တစ္ခ်ိန္မွာ သူမလို ပရဟိတနဲ႔ ဘဝတူကေလးေလးေတြကို လက္ဆင့္ကမ္းေစာင့္ေရွာက္ႏိုင္ဖို႔ကိုပဲ ေမွ်ာ္လင့္တာပဲျဖစ္ပါတယ္..။ ေဝဖန္တိုက္ခိုက္ေနသူေတြရွိေပမယ့္သူမရဲ႕ကေလးေတြအတြက္ ေဝဖန္မႈေတြကို အမႈမထားႏိုင္ဘဲ ေရွ႕ဆက္ကာ ႀကိဳးစားေနတဲ့ မိခင္ေကာင္းတစ္ေယာက္လို႔ေျပာရင္မွားမယ္မထင္ပါဘူးေနာ္ ပရိသတ္ႀကီးေရ..။ Cele Connections ပရိသတ္ႀကီးလည္း ကေလးအေယာက္(၃၀)ကို သူမရဲ႕ သားရင္းသမီးရင္းေတြလို ျပဳစုေစာင့္ေရွာက္ေနတဲ့ မိခင္ေကာင္းခိုင္ႏွင္းေဝရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈေတြအတြက္ အားေပးစကားေလးေတြကိုလည္း ေျပာသြားပါဦးေနာ္ …။
Source:Khine Hnin Wai ‘s Facebook

Sakura(Cele Connections)

Unicode ဖြင့်ဖတ်ပါ
★★★★★

ခိုင်နှင်းဝေကတော့ ဝါရင့်သရုပ်ဆောင်အနုပညာရှင်မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာအလုပ်လေးတွေကိုလုပ်ရင်းနဲ့ လူမှုရေးနဲ့ ပရဟိတအလုပ်လေးတွေကို လက်မနှေးဘဲ လုပ်ဆောင်တတ်သူတစ်ဦးပဲဖြစ်ပါတယ်..။ ခိုင်နှင်းဝေရင်သွေးငယ်လေးများဂေဟာမှာ ကလေးအယောက်(၃၀)ကို မွေးစားထားပြီး သူမရဲ့သားသမီးတွေအဖြစ်နဲ့ ကျွေးမွေးစောင့်ရှောက်နေတာပါ..။ ခိုင်နှင်းဝေကတော့ ချစ်စရာကောင်းတဲ့သားသားမီးမီးလေးတွေကြောင့် အလုပ်တွေကို ပိုကြိုးစားလုပ်ဆောင်နေပြီး ဂေဟာလေးကိုထပ်ချဲ့နိုင်ဖို့အတွက်ကိုလည်း မအားမလပ်နိုင်အောင် လုပ်ဆောင်နေပါတယ်..။

ချစ်ရတဲ့ကလေးတွေကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူတို့ဆီကနေ မျှော်လင့်ထားမိတဲ့ အကြောင်းလေးတစ်ခုကို “ကျောင်းပျော်လေးတွေဖြစ်လာပြီ…သူတို့လေးတွေ ဆီက ရချင်တဲ့မျှော်လင့်ချက်တခုပဲရှိတယ်..အဲဒါကသူတို့လေးတွေ ပညာတတ်ကြီးဖြစ်ဖို့ နဲ့ စာရိတ္တကောင်းမွန်ပြီး မိမိနှင့်ဘဝတူ နောက်လာမဲ့ ကလေးတွေကို ကျမလို လက်ဆင့်ကမ်းစောင့်ရှောက်တတ်စေဖို့ပါပဲ…။ ဒါလေးတခုတော့ မျှော်လင့်ချင်ပါတယ် ကလေးတို့ရေ”ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ သူမရဲ့ မျှော်လင့်ချက်လေးကို ရင်ဖွင့်လာခဲ့ပါတယ်..။

ခိုင်နှင်းဝေကတော့ သူမရဲ့ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သားသမီးလေးတွေရဲ့ရှေ့ရေးမှာ ဖြောင့်ဖြူးပြီး လှပကာ နောင်တစ်ချိန်မှာ သူမလို ပရဟိတနဲ့ ဘဝတူကလေးလေးတွေကို လက်ဆင့်ကမ်းစောင့်ရှောက်နိုင်ဖို့ကိုပဲ မျှော်လင့်တာပဲဖြစ်ပါတယ်..။ ဝေဖန်တိုက်ခိုက်နေသူတွေရှိပေမယ့်သူမရဲ့ကလေးတွေအတွက် ဝေဖန်မှုတွေကို အမှုမထားနိုင်ဘဲ ရှေ့ဆက်ကာ ကြိုးစားနေတဲ့ မိခင်ကောင်းတစ်ယောက်လို့ပြောရင်မှားမယ်မထင်ပါဘူးနော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးလည်း ကလေးအယောက်(၃၀)ကို သူမရဲ့ သားရင်းသမီးရင်းတွေလို ပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းခိုင်နှင်းဝေရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေအတွက် အားပေးစကားလေးတွေကိုလည်း ပြောသွားပါဦးနော် …။
Source:Khine Hnin Wai ‘s Facebook

Sakura(Cele Connections)