တက်စီစီးရင်း iPhone မေ့ကျန်ခဲ့တာကြောင့် လာရောင်းရင်မဝယ်ကြဖို့ တောင်းဆိုလိုက်တဲ့ ချမ်းချမ်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္ငံေက်ာ္အဆိုေတာ္ခ်မ္းခ်မ္းကေတာ့ မေန႔ကသမီးေလးကို ေက်ာင္းသြားႀကိဳၿပီး သူ႔ရဲ႕အလုပ္ဖုန္းေလး တက္စီေပၚမွာက်န္ခဲ့ေၾကာင္းကို သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားခဲ့တာပါ။ “ကြၽန္မရဲ႕ iPhone 6s ေလးတက္စီေပၚပါသြားလို႔ပါ.. ဒီေန႔ သမီးေလးေက်ာင္း ES4Eကို သန္လ်င္ကေနသြားႀကိဳၿပီး ykko မွာထမင္းေကြၽးဖို႔ ဆင္းလိုက္တာဖုန္းပါသြားလို႔.. Taxi သမားက အသက္ႀကီးပါၿပီ.. အဘအ႐ြယ္ပါ.. ကြၽန္မထင္တာေတာ့ ေနာက္ထပ္တက္စီဌားစီးတဲ့သူရသြားတာျဖစ္ပါလိမ့္မယ္” လို႔ေရးသားခဲ့တာပါ။

ဒါ့အျပင္ ခ်မ္းခ်မ္းကေတာ့ သူ႔ဖုန္းေလးနဲ႔ပတ္သက္ၿပီး အေရးႀကီးတဲ့အခ်က္အလက္ေတြပါသြားေၾကာင္းကို “ဖုန္းကလည္း ကြဲေနပါၿပီ.. ေရာင္းစားလည္းတန္ဖိုးမရွိပါဘူး… ကြၽန္မစပ္ထားတဲ့သီခ်င္းေလးေတြပါသြားလို႔ပါ.. ေက်းဇူးျပဳၿပီး ဖုန္းဆိုင္ေတြမွာ iPhone 6s အကြဲေလး lock လာဖြင့္ရင္ ဖုန္းဆိုင္ေတြမလုပ္ေပးၾကပါနဲ႔ေနာ္.. လာေရာင္းရင္မဝယ္ၾကပါနဲ႔.. iPhone ေငြေရာင္ေလးပါ.. အေရးႀကီးတဲ့ အလုပ္ဖုန္းေတြပါသြားလို႔” လို႔ဆိုၿပီး ေတာင္းဆိုခဲ့တာပါ။

ခ်မ္းခ်မ္းကေတာ့ မယ္လိုဒီေဝါသီခ်င္းဆိုၿပိဳင္ပြဲကေနတစ္ဆင့္ ဂီတခရီးလမ္းကိုေလွ်ာက္လွမ္းလာတာျဖစ္ၿပီး အခုဆိုရင္ ေအာင္ျမင္ေက်ာ္ၾကားတဲ့အဆိုေတာ္တစ္ေယာက္အေနနဲ႔ ေဖ်ာ္ေျဖပြဲေတြဆက္တိုက္သီဆိုေနရသူပါ။ဒါ့အျပင္ ခ်စ္ဖို႔ေကာင္းတဲ့သမီးေလး ျမမိုးဂဂါနၤဲ့အတူ ေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ဘဝေလးကိုပိုင္ဆိုင္ထားၿပီး မေန႔ကေတာ့ သမီးေလးေက်ာင္းႀကိဳအျပန္မွာ သူ႔ရဲ႕အလုပ္ဖုန္းကားေပၚက်န္ခဲ့တာျဖစ္ပါတယ္။ခ်မ္းခ်မ္းေရးစပ္ထားတဲ့ သီခ်င္းေတြအျပင္ အေရးႀကီးတဲ့အလုပ္ဖုန္းေတြပါ ပါသြားတာမို႔ ပရိသတ္ႀကီးျမန္ျမန္ျပန္ရႏိုင္ေအာင္ မွ်ေဝေပးၾကပါဦးေနာ္..

Source – Chan Chan
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော်အဆိုတော်ချမ်းချမ်းကတော့ မနေ့ကသမီးလေးကို ကျောင်းသွားကြိုပြီး သူ့ရဲ့အလုပ်ဖုန်းလေး တက်စီပေါ်မှာကျန်ခဲ့ကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ “ကျွန်မရဲ့ iPhone 6s လေးတက်စီပေါ်ပါသွားလို့ပါ.. ဒီနေ့ သမီးလေးကျောင်း ES4Eကို သန်လျင်ကနေသွားကြိုပြီး ykko မှာထမင်းကျွေးဖို့ ဆင်းလိုက်တာဖုန်းပါသွားလို့.. Taxi သမားက အသက်ကြီးပါပြီ.. အဘအရွယ်ပါ.. ကျွန်မထင်တာတော့ နောက်ထပ်တက်စီဌားစီးတဲ့သူရသွားတာဖြစ်ပါလိမ့်မယ်” လို့ရေးသားခဲ့တာပါ။

ဒါ့အပြင် ချမ်းချမ်းကတော့ သူ့ဖုန်းလေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်အလက်တွေပါသွားကြောင်းကို “ဖုန်းကလည်း ကွဲနေပါပြီ.. ရောင်းစားလည်းတန်ဖိုးမရှိပါဘူး… ကျွန်မစပ်ထားတဲ့သီချင်းလေးတွေပါသွားလို့ပါ.. ကျေးဇူးပြုပြီး ဖုန်းဆိုင်တွေမှာ iPhone 6s အကွဲလေး lock လာဖွင့်ရင် ဖုန်းဆိုင်တွေမလုပ်ပေးကြပါနဲ့နော်.. လာရောင်းရင်မဝယ်ကြပါနဲ့.. iPhone ငွေရောင်လေးပါ.. အရေးကြီးတဲ့ အလုပ်ဖုန်းတွေပါသွားလို့” လို့ဆိုပြီး တောင်းဆိုခဲ့တာပါ။

ချမ်းချမ်းကတော့ မယ်လိုဒီဝေါသီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ဂီတခရီးလမ်းကိုလျှောက်လှမ်းလာတာဖြစ်ပြီး အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ယောက်အနေနဲ့ ဖျော်ဖြေပွဲတွေဆက်တိုက်သီဆိုနေရသူပါ။ဒါ့အပြင် ချစ်ဖို့ကောင်းတဲ့သမီးလေး မြမိုးဂဂါင်္နဲ့အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလေးကိုပိုင်ဆိုင်ထားပြီး မနေ့ကတော့ သမီးလေးကျောင်းကြိုအပြန်မှာ သူ့ရဲ့အလုပ်ဖုန်းကားပေါ်ကျန်ခဲ့တာဖြစ်ပါတယ်။ချမ်းချမ်းရေးစပ်ထားတဲ့ သီချင်းတွေအပြင် အရေးကြီးတဲ့အလုပ်ဖုန်းတွေပါ ပါသွားတာမို့ ပရိသတ်ကြီးမြန်မြန်ပြန်ရနိုင်အောင် မျှဝေပေးကြပါဦးနော်..

Source – Chan Chan
Rainbow- Cele Gabar