လင်းနို့အကြီးကြီးကို မကြောက်မရွံ့ကိုင်ကာ ဗွီဒီယိုရိုက်ကူးခဲ့တဲ့ မခိုင်လေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ခိုင္သင္းၾကည္ကေတာ့ ဟိုးအရင္အခ်ိန္ကတည္းက မင္းသမီးေတြထဲမွာ ေပါ့ပါးသြက္လက္တဲ့ဟန္ပန္ေတြေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုခဲ့ရသူတစ္ေယာက္ပါ။အႏုပညာမွတ္တိုင္အေနနဲ႔ (၂၀၁၃)ခုႏွစ္မွာ “စုန္းျပဴး” ဇာတ္ကားနဲ႔အမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိခဲ့ၿပီး (၂၀၁၄)ခုႏွစ္မွာ “ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း” နဲ႔အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သူပါ။ဟာသ၊ဒရာမာ အကုန္ပိုင္တဲ့မခိုင္ေလးဟာ အသက္(၄၂)ႏွစ္ရွိၿပီျဖစ္ေပမယ့္လည္း ေနာက္တက္မင္းသမီးေတြနဲ႔အၿပိဳင္ လက္ရွိ႐ုံတင္ေနတဲ့ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာလည္း ေနရာယူထားႏိုင္စဲျဖစ္ပါတယ္။

ခိုင္သင္းၾကည္က မေန႔ညကေတာ့ ဗြီဒီယိုတစ္ခုတင္ေပးခဲ့တာျဖစ္ၿပီး “ကိုခန႔္တင္တဲ့ပုံေတြ႕လို႔ သတိရၿပီးတင္လိုက္တာပါ”လို႔ေရးသားကာ မွ်ေဝခဲ့တာပါ။ဗြီဒီယိုထဲမွာေတာ့ လင္းႏို႔အႀကီးႀကီးတစ္ေကာင္ကို ေျခေထာက္ကေနကိုင္ထားတာကိုျမင္ရမွာျဖစ္ၿပီး လင္းႏို႔အေတာင္နဲ႔ မခိုင္ေလးလက္ကိုျပန္တြယ္တက္ေနတာကိုလည္း အသည္းယားဖြယ္ေတြ႕ျမင္ရမွာျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕မွာစတင္ျဖစ္ပြားခဲ့ၿပီး ကမာၻအရပ္ရပ္ပ်ံ႕ႏွံ႔ေနတဲ့ ေကာ္႐ိုနာဗိုင္းရပ္စ္ပိုးစတင္ျဖစ္ပြားရာမွာ ပင္လယ္စာအမ်ိဳးမ်ိဳးေၾကာင့္သာမက လင္းႏို႔စြပ္ျပဳတ္ေၾကာင့္ပါ လို႔သတ္မွတ္ထားတာေၾကာင့္ ပရိသတ္ေတြကေတာ့ မခိုင္ေလးလင္းႏို႔ကိုင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး မ်ားစြာစိုးရိမ္ပူပန္မိေၾကာင္း မွတ္ခ်က္ေပးေရးသားခဲ့ၾကတာပါ။

မခိုင္ေလးကေတာ့ လင္းႏို႔ကိုင္ထားတဲ့ဗြီဒီယိုကို ဘယ္တုန္းက႐ိုက္ကူးထားမွန္းမသိေပမယ့္ ခန႔္စည္သူဓာတ္ပုံတင္ထားတာေတြ႕လို႔သတိရၿပီး ျပန္တင္ခဲ့ဟန္တူပါတယ္ ပရိသတ္ႀကီးေရ… လက္ရွိအခ်ိန္မွာေတာ့ ကမာၻအရပ္ရပ္မွာျဖစ္ပြားေနတဲ့ ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ မခိုင္ေလးလင္းႏို႔အႀကီးႀကီးနဲ႔႐ိုက္ကူးထားတဲ့ ဗြီဒီယိုေလးက ပရိသတ္ၾကားအေျပာမ်ားေနတာေၾကာင့္ ဆယ္လီကမာၻပရိသတ္ႀကီးအတြက္လည္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Khine Thin Kyi
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ခိုင်သင်းကြည်ကတော့ ဟိုးအရင်အချိန်ကတည်းက မင်းသမီးတွေထဲမှာ ပေါ့ပါးသွက်လက်တဲ့ဟန်ပန်တွေကြောင့် ပရိသတ်တွေအချစ်ပိုခဲ့ရသူတစ်ယောက်ပါ။အနုပညာမှတ်တိုင်အနေနဲ့ (၂၀၁၃)ခုနှစ်မှာ “စုန်းပြူး” ဇာတ်ကားနဲ့အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပြီး (၂၀၁၄)ခုနှစ်မှာ “ကောင်းကျိုးကိုယ်၌တည်စေမင်း” နဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူပါ။ဟာသ၊ဒရာမာ အကုန်ပိုင်တဲ့မခိုင်လေးဟာ အသက်(၄၂)နှစ်ရှိပြီဖြစ်ပေမယ့်လည်း နောက်တက်မင်းသမီးတွေနဲ့အပြိုင် လက်ရှိရုံတင်နေတဲ့ဇာတ်ကားတော်တော်များများမှာလည်း နေရာယူထားနိုင်စဲဖြစ်ပါတယ်။

ခိုင်သင်းကြည်က မနေ့ညကတော့ ဗွီဒီယိုတစ်ခုတင်ပေးခဲ့တာဖြစ်ပြီး “ကိုခန့်တင်တဲ့ပုံတွေ့လို့ သတိရပြီးတင်လိုက်တာပါ”လို့ရေးသားကာ မျှဝေခဲ့တာပါ။ဗွီဒီယိုထဲမှာတော့ လင်းနို့အကြီးကြီးတစ်ကောင်ကို ခြေထောက်ကနေကိုင်ထားတာကိုမြင်ရမှာဖြစ်ပြီး လင်းနို့အတောင်နဲ့ မခိုင်လေးလက်ကိုပြန်တွယ်တက်နေတာကိုလည်း အသည်းယားဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာအရပ်ရပ်ပျံ့နှံ့နေတဲ့ ကော်ရိုနာဗိုင်းရပ်စ်ပိုးစတင်ဖြစ်ပွားရာမှာ ပင်လယ်စာအမျိုးမျိုးကြောင့်သာမက လင်းနို့စွပ်ပြုတ်ကြောင့်ပါ လို့သတ်မှတ်ထားတာကြောင့် ပရိသတ်တွေကတော့ မခိုင်လေးလင်းနို့ကိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး များစွာစိုးရိမ်ပူပန်မိကြောင်း မှတ်ချက်ပေးရေးသားခဲ့ကြတာပါ။

မခိုင်လေးကတော့ လင်းနို့ကိုင်ထားတဲ့ဗွီဒီယိုကို ဘယ်တုန်းကရိုက်ကူးထားမှန်းမသိပေမယ့် ခန့်စည်သူဓာတ်ပုံတင်ထားတာတွေ့လို့သတိရပြီး ပြန်တင်ခဲ့ဟန်တူပါတယ် ပရိသတ်ကြီးရေ… လက်ရှိအချိန်မှာတော့ ကမ္ဘာအရပ်ရပ်မှာဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် မခိုင်လေးလင်းနို့အကြီးကြီးနဲ့ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးက ပရိသတ်ကြားအပြောများနေတာကြောင့် ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။

Source – Khine Thin Kyi
Rainbow- Cele Gabar