ခင်ပွန်းဖြစ်သူဆီကမလှိမ့်တပတ်လုပ်တာခံလိုက်ရလို့ မကျေမနပ်ဖြစ်နေတဲ့ မိုးယုစံ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး မိုးယုစံကတော့ အလှမယ်လောကကနေ ကူးပြောင်းလာတဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်..။ ကာရိုက်တာတိုင်းကို ထပ်တူကျအောင် သရုပ်ဆောင်နိုင်တဲ့သူလို့ပြောရင်မှားမယ်မထင်ပါဘူးနော်.။ မိုးယုစံဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ချစ်ရတဲ့ သားလေးနဲ့ မိသားစုအတွက် အချိန်ပေးနေရတာကြောင့် အနုပညာအလုပ်လေးတွေနဲ့ အလှမ်းဝေးနေတာပါ..။ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးနေပေမယ့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကို စိတ်ဝင်စားကာ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားတော့မယ့်လို့လည်း ပိုစ့်လေးတင်လာခဲ့ပါသေးတယ်..။

မိုးယုစံကတော့ ချစ်ဖို့ကောင်းတဲ့သားလေးနဲ့ ချစ်ရတဲ့ ခင်ပွန်းလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ..။ လက်ရှိမှာမိုးယုစံကတော့ ချစ်စရာကောင်းပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးနဲ့အတူ ခရီးတွေထွက်ကာ ပျော်ရွှင်စွာကုန်ဆုံးနေတာပဲဖြစ်ပါတယ်နော်..။ ခရီးတွေထဲက အမှတ်တရလေးအဖြစ်နဲ့ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးပြီး ခင်ပွန်းနဲ့အတူရိုက်ထားတဲ့ပုံတွေရဲ့နောက်ကွယ်က အကြောင်းလေးတွေကို “တခါမှမရိုက်စဖူး မိန်းမလာရိုက်မယ်ဆိုပြီး ရိုက်တာ အကောင်းတော့မဟုတ်ဘူး အနောက်က ဘုရားကျောင်းလှလို့တဲ့ အိမ်ကို အဲ့လိုဆောက်‌နေချင်တာတဲ့.။ ပုံလိုချင်လို့ရိုက်တာ ကိုယ်ကလည်းသိပါတယ်.။ ကိုယ့်ကို ရိုက်ပေးတာမဟုတ်ဘူးဆိုတာ ဟွန်းးး” ဆိုပြီး တင်လာခဲ့ပါတယ်..။

သူများလင်မယားတွေလို ရိုပြီး ဓာတ်ပုံအတူရိုက်ချင်လို့မဟုတ်ဘဲ အနောက်က ဘုရားကျောင်းပုံစံလိုချင်လို့ နောက်မှ သိလိုက်ရတာကြောင့် မိုးယုစံလေးတစ်ယောက် မကျေမနပ်တွေဖြစ်နေတာ ဖြစ်သင့်ပါတယ်နော် ပရိသတ်ကြီးရေ..။Cele Connections ပရိသတ်ကြီးအတွက် ခင်ပွန်းဖြစ်သူရဲ့ မလှိမ့်တပတ်နည်းနဲ့ ဓာတ်ပုံရိုက်ခံလိုက်ရတဲ့ မိုးယုစံတို့ လင်မယားပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source:Moe Yu San’s Facebook

Sakura(Cele Connecitons)