ဝေဖန်ပြောဆိုသူတွေကို ပညာသားပါပါတုံ့ပြန်လိုက်တဲ့ ဖွေးဖွေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

CeleConnections ပရိသတ္ႀကီးေရ ေဖြးစိန္ေလးကေတာ့ လက္ရွိမွာလူမႈကြန္ရက္စာမ်က္ႏွာကေန သူမရဲ႕ခံစားခ်က္ေတြကို ရင္ဖြင့္လာတာပဲ ျဖစ္ပါတယ္ ။ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းနဲ႔ ခ်စ္တဲ့ပရိသတ္ေတြကို ေဝမွ်ေလ့ရွိတဲ့ ေဖြးစိန္ေလးကေတာ့ စိတ္ထဲခံစားခ်က္ေတြရွိေနတဲ့ပုံေၾကာင့္ ပရိသတ္ေတြကလည္း ေဖြးစိန္ေလးကို အားေပးစကားေတြေျပာေနၾကတာပဲ ျဖစ္ပါတယ္။

အၿမဲပြင့္ပြင့္လင္းလင္းေနတတ္တဲ့ ေဖြးစိန္ေလးကေတာ့ အျခားသူေတြကို ေဝဖန္မယ့္အစား သူ႔ကိုယ္သူျပန္သုံးသပ္ေဝဖန္တဲ့အေၾကာင္းကို “ Not all but mostly Burmese people judge so easily upon others’ life..But did they even look at the mirror and judge themselves honestly yet??..Well i did . . . & that moment is so scary yet so free…Try it? ” ဆိုတဲ့ စာသားေလးနဲ႔ တစ္ဖက္သားအားေဝဖန္သူေတြကို ပညာသားပါပါတုံ႔ျပန္လိုက္တာပဲ ျဖစ္ပါတယ္။သူမရဲ႕ ပိုစ့္ေအာက္မွာလည္း ေဝဖန္အျပစ္ေျပာေနတဲ့ သူေတြကို ဂ႐ုမစိုက္ဖို႔ ခ်စ္တဲ့ပရိသတ္ေတြက မွတ္ခ်က္ေတြေပးေနၾကတာပဲ ျဖစ္ပါတယ္။

ေဖြးစိန္ကေတာ့ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု (၃)ဆုပိုင္ရွင္ျဖစ္တဲ့အျပင္ အႏုပညာလမ္းေၾကာင္းမွာ ေအာင္ျမင္မႈမ်ားစြာကိုရရွိထားသူျဖစ္ေပမယ့္ ဟိတ္ဟန္မရွိဘဲ ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္သူ တစ္ဦးဆိုလည္း မမွားပါဘူးေနာ္။ က်ရာဇာတ္ေကာင္ကို ပီျပင္ေအာင္ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔အတူ စိတ္ေရာလူေရာအားထည့္ကာ အၿမဲ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔အႏုပညာဝမ္းစာကို အျပည့္ျဖည့္တတ္သူပဲ ျဖစ္ၿပီး အႏုပညာအလုပ္အေပၚ ဝါသနာႀကီးသူတစ္ေယာက္လို႔ဆိုရမွာပါ။သူမရဲ႕ျဖဴစင္တဲ့ စိတ္သေဘာထားေလးကို ခ်စ္ရင္ CeleConnections ပရိသတ္ႀကီးလည္း မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္ ။

Source : Phway Phway
Candy –CeleConnections

Unicode ဖြင့်ဖတ်ပါ
★★★★★

CeleConnections ပရိသတ်ကြီးရေ ဖွေးစိန်လေးကတော့ လက်ရှိမှာလူမှုကွန်ရက်စာမျက်နှာကနေ သူမရဲ့ခံစားချက်တွေကို ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ် ။ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ချစ်တဲ့ပရိသတ်တွေကို ဝေမျှလေ့ရှိတဲ့ ဖွေးစိန်လေးကတော့ စိတ်ထဲခံစားချက်တွေရှိနေတဲ့ပုံကြောင့် ပရိသတ်တွေကလည်း ဖွေးစိန်လေးကို အားပေးစကားတွေပြောနေကြတာပဲ ဖြစ်ပါတယ်။

အမြဲပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ဖွေးစိန်လေးကတော့ အခြားသူတွေကို ဝေဖန်မယ့်အစား သူ့ကိုယ်သူပြန်သုံးသပ်ဝေဖန်တဲ့အကြောင်းကို “ Not all but mostly Burmese people judge so easily upon others’ life..But did they even look at the mirror and judge themselves honestly yet??..Well i did . . . & that moment is so scary yet so free…Try it? ” ဆိုတဲ့ စာသားလေးနဲ့ တစ်ဖက်သားအားဝေဖန်သူတွေကို ပညာသားပါပါတုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။သူမရဲ့ ပိုစ့်အောက်မှာလည်း ဝေဖန်အပြစ်ပြောနေတဲ့ သူတွေကို ဂရုမစိုက်ဖို့ ချစ်တဲ့ပရိသတ်တွေက မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။

ဖွေးစိန်ကတော့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆုပိုင်ရှင်ဖြစ်တဲ့အပြင် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာကိုရရှိထားသူဖြစ်ပေမယ့် ဟိတ်ဟန်မရှိဘဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူ တစ်ဦးဆိုလည်း မမှားပါဘူးနော်။ ကျရာဇာတ်ကောင်ကို ပီပြင်အောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ စိတ်ရောလူရောအားထည့်ကာ အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပြီး အနုပညာအလုပ်အပေါ် ဝါသနာကြီးသူတစ်ယောက်လို့ဆိုရမှာပါ။သူမရဲ့ဖြူစင်တဲ့ စိတ်သဘောထားလေးကို ချစ်ရင် CeleConnections ပရိသတ်ကြီးလည်း မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော် ။

Source : Phway Phway
Candy –CeleConnections