မွေးနေ့အလှူအတွက် ဘုရားဆင်းတုတော်အကြီးကြီးပင့်ဆောင်ခဲ့တဲ့ ဖြူဖြူထွေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျဖဴျဖဴေထြးကေတာ့ ဟန္ေဆာင္မႈေတြမရွိဘဲ ပကတိ႐ိုးသားတဲ့စိတ္ရင္းခံေလးနဲ႔ အႏုပညာေလာကကို ဝင္ေရာက္လာသူတစ္ေယာက္ျဖစ္ပါတယ္။ေတာ႐ြာမွာ ႀကီးျပင္းခဲ့သူပီပီ ႐ြာဓေလ့အတိုင္း စကားေျပာဆိုဟန္၊ အေနအထိုင္၊အျပဳအမူတို႔ေၾကာင့္လည္း ပရိသတ္ေတြကိုတိုးလို႔ အခ်စ္ပိုေစခဲ့တာပါ။အႏုပညာေလာကကို ဝင္ေရာက္ခါစမွာ ေဝဖန္တိုက္ခိုက္မႈတစ္ခ်ိဳ႕ရွိခဲ့တာျဖစ္ေပမယ့္ စိတ္ဓာတ္ကိုျပန္လည္ျပင္ဆင္ၿပီး နလန္ျပန္ထူႏိုင္ဖို႔ အေကာင္းဆုံးႀကိဳးစားခဲ့တဲ့ျဖဴျဖဴေထြးကေတာ့ လက္ရွိအခ်ိန္မွာ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚကိုေရာက္ေနၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ေၾကာ္ျငာေတြဆက္တိုက္ဆိုသလို႐ိုက္ကူးေနရတာျဖစ္ၿပီး သူရရွိထားတဲ့အႏုပညာေၾကးေလးေတြနဲ႔ ႐ြာမွာလည္းမၾကာခဏ အလႉဒါနျပဳေလ့ရွိသလို အေမျဖစ္ေစခ်င္တဲ့အတိုင္း ရန္ကုန္မွာအိမ္ေလးတစ္လုံးဝယ္ဖို႔လည္း ပိုက္ဆံစုေနၿပီျဖစ္ပါတယ္။အျပင္အပိုသုံးမရွိဘဲ ရသမွ်ပိုက္ဆံကိုအက်ိဳးရွိရွိအသုံးခ်ေလ့ရွိတဲ့ ျဖဴျဖဴေထြးကေတာ့ မၾကာခင္မွာက်ေရာက္ေတာ့မယ့္သူ႔ရဲ႕ေမြးေန႔မွာလႉဒါန္းဖို႔အတြက္ ဘုရားဆင္းတုေတာ္ႀကီးကို အိမ္မွာပင့္ေဆာင္ခဲ့ေၾကာင္းကို မေန႔ညကမွ်ေဝေပးခဲ့ပါတယ္။

ျဖဴျဖဴေထြးကေတာ့ ဝတ္႐ြတ္အသင္း ရပ္မိရပ္ဖမ်ားနဲ႔ ဘုရားေသခ်ာပင့္ေဆာင္ခဲ့ၿပီး မလႉဒါန္းခင္ သူ႔ရဲ႕ေနအိမ္မွာ ပင့္ေဆာင္ကာပူေဇာ္ခဲ့တာပါ။ အဲ့ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း “ႀကိဳပင့္ထားတာ အိမ္မွာပူေဇာ္ခ်င္လို႔ ေမြးေန႔က (၂)လပိုင္း(၂၀)ရက္ေန႔မွပါ… အယုတ္အလတ္အျမတ္မေ႐ြး လာေရာက္ဖို႔ဖိတ္ေခၚပါတယ္” လို႔လည္း သူပင့္ေဆာင္ထားတဲ့ဘုရား လာေရာက္ဖူးေျမာ္ႏိုင္ဖို႔ ေျပာၾကားခဲ့ပါေသးတယ္။ဘာပဲလုပ္လုပ္ စိတ္ရင္းေစတနာေကာင္းနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လုပ္ေဆာင္တတ္တဲ့ ျဖဴျဖဴေထြးရဲ႕ ဘုရားပင့္ေဆာင္တုန္းက ပုံရိပ္ေလးေတြကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္လည္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Phyu Phyu Htwe
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုတွေမရှိဘဲ ပကတိရိုးသားတဲ့စိတ်ရင်းခံလေးနဲ့ အနုပညာလောကကို ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပါတယ်။တောရွာမှာ ကြီးပြင်းခဲ့သူပီပီ ရွာဓလေ့အတိုင်း စကားပြောဆိုဟန်၊ အနေအထိုင်၊အပြုအမူတို့ကြောင့်လည်း ပရိသတ်တွေကိုတိုးလို့ အချစ်ပိုစေခဲ့တာပါ။အနုပညာလောကကို ဝင်ရောက်ခါစမှာ ဝေဖန်တိုက်ခိုက်မှုတစ်ချို့ရှိခဲ့တာဖြစ်ပေမယ့် စိတ်ဓာတ်ကိုပြန်လည်ပြင်ဆင်ပြီး နလန်ပြန်ထူနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့တဲ့ဖြူဖြူထွေးကတော့ လက်ရှိအချိန်မှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကြော်ငြာတွေဆက်တိုက်ဆိုသလိုရိုက်ကူးနေရတာဖြစ်ပြီး သူရရှိထားတဲ့အနုပညာကြေးလေးတွေနဲ့ ရွာမှာလည်းမကြာခဏ အလှူဒါနပြုလေ့ရှိသလို အမေဖြစ်စေချင်တဲ့အတိုင်း ရန်ကုန်မှာအိမ်လေးတစ်လုံးဝယ်ဖို့လည်း ပိုက်ဆံစုနေပြီဖြစ်ပါတယ်။အပြင်အပိုသုံးမရှိဘဲ ရသမျှပိုက်ဆံကိုအကျိုးရှိရှိအသုံးချလေ့ရှိတဲ့ ဖြူဖြူထွေးကတော့ မကြာခင်မှာကျရောက်တော့မယ့်သူ့ရဲ့မွေးနေ့မှာလှူဒါန်းဖို့အတွက် ဘုရားဆင်းတုတော်ကြီးကို အိမ်မှာပင့်ဆောင်ခဲ့ကြောင်းကို မနေ့ညကမျှဝေပေးခဲ့ပါတယ်။

ဖြူဖြူထွေးကတော့ ဝတ်ရွတ်အသင်း ရပ်မိရပ်ဖများနဲ့ ဘုရားသေချာပင့်ဆောင်ခဲ့ပြီး မလှူဒါန်းခင် သူ့ရဲ့နေအိမ်မှာ ပင့်ဆောင်ကာပူဇော်ခဲ့တာပါ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း “ကြိုပင့်ထားတာ အိမ်မှာပူဇော်ချင်လို့ မွေးနေ့က (၂)လပိုင်း(၂၀)ရက်နေ့မှပါ… အယုတ်အလတ်အမြတ်မရွေး လာရောက်ဖို့ဖိတ်ခေါ်ပါတယ်” လို့လည်း သူပင့်ဆောင်ထားတဲ့ဘုရား လာရောက်ဖူးမြော်နိုင်ဖို့ ပြောကြားခဲ့ပါသေးတယ်။ဘာပဲလုပ်လုပ် စိတ်ရင်းစေတနာကောင်းနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်တတ်တဲ့ ဖြူဖြူထွေးရဲ့ ဘုရားပင့်ဆောင်တုန်းက ပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar