မိုးအောင်ရင် နဲ့ရတဲ့ ကိုယ်ဝန်လွယ်ခဲ့ဖူးတယ်ဆိုတဲ့ ခင်မြတ်နိုး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အိမ္မွာအတူတူေနတုန္းကလည္း ႏွိပ္စက္ခံခဲ့ရပါတယ္။သ႐ုပ္ေဆာင္မိုးေအာင္ရင္ရဲ႕ ႏွိပ္စက္မႈေတြခံခဲ့ရတဲ့အေၾကာင္းကို ရည္းစားေဟာင္းျဖစ္သူ မခင္ျမတ္ႏိုးက ဇန္နဝါရီလ ၃၁ ရက္ေန႔ ႐ုံးခ်ိန္းမွာ ထြက္ဆိုခဲ့ပါတယ္။ မိဘေတြရဲ႕ သေဘာတူညီမႈေၾကာင့္ အတူတူေနခဲ့ဖူးတယ္လို႔ သူက ေျပာပါတယ္။

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို ရည္းစားေဟာင္းျဖစ္သူ မခင္ျမတ္ႏိုးက ကာမလိမ္လည္မႈနဲ႔ တရားစြဲဆိုထားရာမွာ ဒီေန႔(ဇန္နဝါရီလ ၃၁ရက္)မွာေတာ့ ရန္ကင္းတရား႐ုံးက ႐ုံးခ်ိန္းျပဳလုပ္ခဲ့ပါတယ္။ ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ တရားလိုျဖစ္သူ မခင္ျမတ္ႏိုးကိုသက္ေသမ်ားနဲ႔တကြ စတင္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီေန႔ အမႈအေျခအေနနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

“ဒီေန႔ကေတာ့ ညီမကို စစ္တာေပါ့ေနာ္။ သက္ေသတခ်ိဳ႕ အေနနဲ႔ အသံဖိုင္ေတြရယ္၊ ဓာတ္ပုံေတြရယ္ တင္ခဲ့ပါတယ္။ တစ္ဖက္မွာလည္း သူတို႔မွာ သက္ေသရွိရင္ တင္မွာပါ။ သူတို႔ မိဘေတြ သေဘာတူလို႔ သူ႔မိဘေတြနဲ႔ အတူတူ သူတို႔အိမ္မွာ သြားေနတယ္။ ဘယ္အခ်ိန္ကတည္းက တြဲတယ္၊ သူတို႔အိမ္က ကိုယ့္ကို ဘယ္လို ႏွင္ခ်ခဲ့တယ္ဆိုတဲ့ သက္ေသမ်ိဳးေတြ ထြက္ဆိုခဲ့ပါတယ္” လို႔ သူကေျပာပါတယ္။ တရားခြင္မွာ မခင္ျမတ္ႏိုးက သ႐ုပ္ေဆာင္မိုးေအာင္ရင္နဲ႔ ခ်စ္သူေတြျဖစ္ခဲ့ခ်ိန္မွာ တစ္အိမ္တည္း အတူတူေနခဲ့ၾကတယ္လို႔ ထြက္ဆိုခဲ့ပါတယ္။

တစ္ခါတေလ အဆင္မေျပၾကတဲ့အခ်ိန္မွာ မိုးေအာင္ရင္ရဲ႕ ႐ိုက္ႏွက္မႈေတြလည္း ခံခဲ့ရတယ္လို႔  သိရပါတယ္။“ ဒီလိုျဖစ္ခဲ့တာကေတာ့ သူ မူးယစ္အမႈနဲ႔ ေထာင္မက်ခင္ကတည္းက ျဖစ္ခဲ့တာပါ။ အဲဒီအရာေတြကို ထုတ္မေျပာတာကလည္း သူ႔ဘက္ကိုလည္း ၾကည့္ရေသးတယ္ေလ။ သူမင္းသားတစ္ေယာက္အေနနဲ႔ ဂုဏ္သိကၡာထိခိုက္မွာစိုးလို႔ ကိုယ္ထုတ္မေျပာခဲ့တာေတြ အမ်ားႀကီးရွိတယ္။ ညီမ အမွန္အတိုင္း ေျပာတယ္ဆိုတာကို သူနဲ႔အရင္တြဲခဲ့ဖူးတဲ့ ေကာင္မေလးေတြလည္း သိရင္ သိမွာပါ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၃၁ ရက္ေန႔ က ႐ုံးခ်ိန္းမွာ ေျဖဆိုခဲ့တာပါ။

အဲဒီေနာက္ မခင္ျမတ္ႏိုးအေနနဲ႔ သ႐ုပ္ေဆာင္ မိုးေအာင္ရင္နဲ႔ ရတဲ့ ကိုယ္ဝန္လည္း လြယ္ခဲ့ဖူးတယ္လို႔ အင္တာဗ်ဴးေတြမွာ ေျပာျပခဲ့ျပန္ပါေသးတယ္။ ဒါေပမယ့္ ကေလးကေတာ့ အဖက္မတင္ခဲ့ဘူးလို႔ သိရပါတယ္။“ အဲဒီတုန္းက အန္ထရာေဆာင္း႐ိုက္ၾကည့္ေတာ့ ကေလးက ႏွလုံးမခုန္ေတာ့ဘူးဆိုၿပီးေတာ့ ဆာကူရာ ေဆး႐ုံမွာ ေသေသခ်ာခ်ာေလး လုပ္ခဲ့တယ္။ ကေလးဖ်က္ခ်တာမ်ိဳးေတာ့ မဟုတ္ဘူး။ ဆုံးရႈံးနစ္နာခဲ့တာေတြကေတာ့ အမ်ားႀကီးပါ။ ေျပာေနလည္း တခ်ိဳ႕ေတြက ယုံမွာ မဟုတ္ဘူးေလ။ ကိုယ္ျဖစ္ခဲ့တာ ကိုယ္အသိဆုံးပါပဲ” ဆိုၿပီးေတာ့ ဆက္လက္ ေျဖဆိုခဲ့ပါတယ္။

ေနာက္ထပ္ ႐ုံးခ်ိန္းကိုေတာ့ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ ထပ္မံခ်ိန္းဆိုလိုက္တယ္လို႔ ဆိုပါတယ္။မိုးေအာင္ရင္ကို ရည္းစားေဟာင္းက ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွာ ကာမလိမ္လည္မႈနဲ႔ ဦးတိုက္ေလွ်ာက္ထားၿပီး တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ကာမလိမ္လည္ရယူမႈ ပုဒ္မ(၄၁၇)နဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကေတာ့ ဒီဇင္ဘာ၁၃ရက္ေန႔က ျပဳလုပ္တဲ့ ႐ုံးခ်ိန္းမွာ သိန္း(၁၀၀)နဲ႔ အာမခံရခဲ့တာျဖစ္ပါတယ္။

မိုးေအာင္ရင္ဟာ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အြန္လိုင္းမီဒီယာတစ္ခုမွာ အင္တာဗ်ဴးၿပီးေနာက္ပိုင္း ယခုလို တရားစြဲဆိုျခင္း ခံရတာလည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို တရားစြဲဆိုထားတဲ့ ပုဒ္မ ၄၁၇ဟာ လိမ္လည္မႈပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္သုံးႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရႏိုင္သည္ဟု ရာဇသတ္ႀကီး ဥပေဒမွာ ျပဌာန္းထားေၾကာင္း သိရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

အိမ်မှာအတူတူနေတုန်းကလည်း နှိပ်စက်ခံခဲ့ရပါတယ်။သရုပ်ဆောင်မိုးအောင်ရင်ရဲ့ နှိပ်စက်မှုတွေခံခဲ့ရတဲ့အကြောင်းကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ဇန်နဝါရီလ ၃၁ ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။ မိဘတွေရဲ့ သဘောတူညီမှုကြောင့် အတူတူနေခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားရာမှာ ဒီနေ့(ဇန်နဝါရီလ ၃၁ရက်)မှာတော့ ရန်ကင်းတရားရုံးက ရုံးချိန်းပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ မခင်မြတ်နိုးကိုသက်သေများနဲ့တကွ စတင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ အမှုအခြေအနေနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ဒီနေ့ကတော့ ညီမကို စစ်တာပေါ့နော်။ သက်သေတချို့ အနေနဲ့ အသံဖိုင်တွေရယ်၊ ဓာတ်ပုံတွေရယ် တင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူတို့မှာ သက်သေရှိရင် တင်မှာပါ။ သူတို့ မိဘတွေ သဘောတူလို့ သူ့မိဘတွေနဲ့ အတူတူ သူတို့အိမ်မှာ သွားနေတယ်။ ဘယ်အချိန်ကတည်းက တွဲတယ်၊ သူတို့အိမ်က ကိုယ့်ကို ဘယ်လို နှင်ချခဲ့တယ်ဆိုတဲ့ သက်သေမျိုးတွေ ထွက်ဆိုခဲ့ပါတယ်” လို့ သူကပြောပါတယ်။ တရားခွင်မှာ မခင်မြတ်နိုးက သရုပ်ဆောင်မိုးအောင်ရင်နဲ့ ချစ်သူတွေဖြစ်ခဲ့ချိန်မှာ တစ်အိမ်တည်း အတူတူနေခဲ့ကြတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

တစ်ခါတလေ အဆင်မပြေကြတဲ့အချိန်မှာ မိုးအောင်ရင်ရဲ့ ရိုက်နှက်မှုတွေလည်း ခံခဲ့ရတယ်လို့  သိရပါတယ်။“ ဒီလိုဖြစ်ခဲ့တာကတော့ သူ မူးယစ်အမှုနဲ့ ထောင်မကျခင်ကတည်းက ဖြစ်ခဲ့တာပါ။ အဲဒီအရာတွေကို ထုတ်မပြောတာကလည်း သူ့ဘက်ကိုလည်း ကြည့်ရသေးတယ်လေ။ သူမင်းသားတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ ကိုယ်ထုတ်မပြောခဲ့တာတွေ အများကြီးရှိတယ်။ ညီမ အမှန်အတိုင်း ပြောတယ်ဆိုတာကို သူနဲ့အရင်တွဲခဲ့ဖူးတဲ့ ကောင်မလေးတွေလည်း သိရင် သိမှာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ က ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် မခင်မြတ်နိုးအနေနဲ့ သရုပ်ဆောင် မိုးအောင်ရင်နဲ့ ရတဲ့ ကိုယ်ဝန်လည်း လွယ်ခဲ့ဖူးတယ်လို့ အင်တာဗျူးတွေမှာ ပြောပြခဲ့ပြန်ပါသေးတယ်။ ဒါပေမယ့် ကလေးကတော့ အဖက်မတင်ခဲ့ဘူးလို့ သိရပါတယ်။“ အဲဒီတုန်းက အန်ထရာဆောင်းရိုက်ကြည့်တော့ ကလေးက နှလုံးမခုန်တော့ဘူးဆိုပြီးတော့ ဆာကူရာ ဆေးရုံမှာ သေသေချာချာလေး လုပ်ခဲ့တယ်။ ကလေးဖျက်ချတာမျိုးတော့ မဟုတ်ဘူး။ ဆုံးရှုံးနစ်နာခဲ့တာတွေကတော့ အများကြီးပါ။ ပြောနေလည်း တချို့တွေက ယုံမှာ မဟုတ်ဘူးလေ။ ကိုယ်ဖြစ်ခဲ့တာ ကိုယ်အသိဆုံးပါပဲ” ဆိုပြီးတော့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

နောက်ထပ် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။