ဆယ်လီစုံထောက်တွေရဲ့ မှန်းချက်နဲ့ တပ်တပ်ဆင်အောင်လွဲခဲ့တဲ့ ပစ်ကီမျက်နှာဖုံးပိုင်ရှင် အဆိုတော်နေနေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

” ဆယ်လီစုံထောက်တွေရဲ့ မှန်းချက်နဲ့ တပ်တပ်ဆင်အောင်လွဲခဲ့တဲ့ ပစ်ကီမျက်နှာဖုံးပိုင်ရှင် အဆိုတော်နေနေ ”

The Mask Singer Myanmar ကတော့ လက်ရှိပရိသတ်တွေစိတ်ဝင်စားခံနေရတဲ့ ပရိုဂရမ်တစ်ခုလို့ ဆိုရမှာပါ။ The Mask Singer တွေကို ခန့်မှန်းတဲ့ဆယ်လီစုံထောက်တွေကတော့ အရိုင်း၊ ခိုင်သင်းကြည် ၊ ထွန်းထွန်း ၊ ရတနာမိုင် တို့ ပါဝင်ထားတာတွေ့ရပါတယ်။ပရိသတ်တွေအထူးစိတ်ဝင်စားနေတဲ့ မျက်နှာဖုံးတပ်ထားတဲ့ အနုပညာရှင်တွေက ဘယ်သူဖြစ်မလဲ ဆိုတာ အမျိုးမျိုးမှတ်ချက်တွေပေးနေကြတာပါပဲနော်။

မျက်နှာဖုန်းပိုင်ရှင်အသစ်တွေ ထွက်ပေါ်လာပြီးနောက် အနုပညာရှင်(၂)ဦး မျက်နှာဖုံးချွတ်ရမယ့် ထိပ်တိုက်ယှဉ်ပြိုင်ဖျော်ဖြေမှုအဖြစ်နဲ့ ဒီတစ်ပတ်မှာတော့ Group (D )မှ ဒေါင်း၊ Group (E )မှ ပစ်ဂီ၊ Group (F ) မှ ရေခဲမုန့်တို့ရဲ့ ထိပ်တိုက်သီဆိုယှဉ်ပြိုင်မှုအပြီးမှာ ပန်းရောင် ပစ်ကီ လေးနဲ့ ရေခဲမုန့်မျက်နှာဖုံးပိုင်ရှင်တို့ကို အနိုင်ရရှိကာ ဒေါင်းမျက်နှာဖုံးပိုင်ကတော့ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

မျက်နှာဖုံးချွတ်ခဲ့ရတဲ့ ပြိုင်ပွဲဝင် နှစ်ယောက်မှာ ပန်းရောင်ပစ်ကီလေးကတော့ ဒိုင်တွေရဲ့ ခန့်မှန်းချက်တွေနဲ့ လုံးဝလွဲမှားခဲ့ကာ မထင်မှတ်ထားတဲ့ နိုင်ငံကျော်အဆိုတော် နေနေ ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ် ။ အသံကအစ အမူအရာတွေအဆုံး ပရိသတ်တွေ ဟင်ခနဲဟာခနဲ ဖြစ်စေခဲ့တဲ့ တေးသံရှင် နေနေကတော့ အခုလိုခန့်မှန်းမှုတွေလွဲချော်ပြီး အားလုံးအံ့သြခဲ့ရတဲ့ သူမအဖြစ်ကို အရမ်းကျေနပ်ပြီး သဘောကျမိတယ်လို့လည်းပြောပြခဲ့ပါတယ်။ CeleConnecionsပရိသတ်ကြီးရော ခန့်မှန်းချက်နဲ့ ထပ်တူညီရဲ့လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source: The Mask Singer Myanmar
Candy – CeleConnections