ရွှေကစ်ရဲ့ ဟန်ပန်အတိုင်း သရုပ်ဆောင်ပြခဲ့တဲ့ သွန်းမြတ်ကြယ်စင်ရဲ့ TikTokဗီဒီယိုဖိုင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သြန္းျမတ္ၾကယ္စင္ၾကေတာ့ ျမန္မာႏိုင္ငံရဲ႕ အသက္အငယ္ဆုံး Miss ေလးျဖစ္တဲ့ ခ်စ္စရာေကာင္းလြန္းတဲ့သူမကိုေတာ့ ခ်စ္ပရိသတ္ႀကီးတို႔နဲ႔ အထူးတလည္ မိတ္ဆက္ေပးစရာ မလိုေတာ့ပါဘူးေနာ္ ။ အသက္ငယ္ငယ္ေလးနဲ႔ Little Miss Supranational Myanmar သရဖူဆုကို အသက္( ၄) ႏွစ္အ႐ြယ္မွာ ဆြတ္ခူးရရွိထားတဲ့အျပင္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ပိုပိုရရွိေနတဲ့အခ်က္ေလးကေတာ့ အသည္းယားစဖြယ္ ခ်စ္စရာေကာင္းတဲ့ ပုံရိပ္ေလးေတြနဲ႔အတူTikTok လးေတြကို ေဆာ့ေလ့ရွိတာေၾကာင့္ပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြက ” မိုအာနာ “ေလးလို႔ ခ်စ္စႏိုး ေခၚေလ့ရွိၾကၿပီး ပရိသတ္ေတြရဲ႕ အသည္းကို လႈပ္ကိုင္ ဆြဲေဆာင္သိမ္းပိုက္ထားႏိုင္တဲ့ ” မိုအာနာ “ေလးဟာ ရန္ကုန္မွာေမြးၿပီး မႏၲေလးမွာ ေနထိုင္သူေလးပါတဲ့ေနာ္။ သူမ အသက္ႀကီးလာရင္လည္း ေမာ္ဒယ္သ႐ုပ္ေဆာင္လုပ္မွာလို႔လည္း သိရၿပီး Aroma Show (2020 )မွာလည္းပါဝင္တင္ဆက္ခဲ့ျပန္ပါေသးတယ္။ အႏုပညာပိုင္းမွာ အ႐ြယ္နဲ႔မလိုက္ေအာင္ထူးခြၽန္တဲ့ သြန္းျမတ္ၾကယ္စင္ေလးကေတာ့ လက္ရွိမွာ “ကြၽန္ေတာ့္ရဲ႕သူ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေနတိုး၊ မိုးေဟကို တို႔ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္႐ိုက္ကူးထားတယ္လို႔ သိရပါတယ္။

ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚေရာက္ရွိၿပီး အရည္အခ်င္းရွိတဲ့ ဆယ္လီကေလးတစ္ေယာက္လည္းျဖစ္တဲ့ သြန္းျမတ္ၾကယ္စင္ေလးကေတာ့ ပရိသတ္ေတြကို အလြမ္းေျပ TikTokအသစ္ေလးသူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဝမွ်ခဲ့တာပါ။TikTokေတြကိုဆက္တိုက္(၃)မ်ိဳးေလာက္အမ်ိဳးမ်ိဳးေဆာ့ျပခဲ့ၿပီး ေနာက္ဆုံးမွာ လတ္တေလာ ေခတ္စားေနတဲ့ “ျမက္ႏု” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ အခန္းတစ္ခန္းကို ဝတ္မႈံေ႐ႊရည္ေနရာက သ႐ုပ္ေဆာင္ျပခဲ့တာပါ။ပရိသတ္ေတြကေတာ့ သူမရဲ႕သ႐ုပ္ေဆာင္ခ်က္ကို အသည္းတယားယားျဖစ္ကာ အခ်စ္ပိုတဲ့ မွတ္ခ်က္ေလးေတြေပးေနၾကတာပဲ ျဖစ္ပါတယ္။CeleConnections ပရိသတ္ႀကီးလည္း သြန္းျမတ္ၾကယ္စင္ေလးရဲ႕ TikTok ေလးကိုၾကည့္ၿပီး သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Thoon Myat Kyal Zin
Candy -CeleConnections

Unicode ဖြင့်ဖတ်ပါ
★★★★★

“ ရွှေကစ်ရဲ့ ဟန်ပန်အတိုင်း သရုပ်ဆောင်ပြခဲ့တဲ့ သွန်းမြတ်ကြယ်စင်ရဲ့ TikTokဗီဒီယိုဖိုင်”

သွန်းမြတ်ကြယ်စင်ကြတော့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းတဲ့သူမကိုတော့ ချစ်ပရိသတ်ကြီးတို့နဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော် ။ အသက်ငယ်ငယ်လေးနဲ့ Little Miss Supranational Myanmar သရဖူဆုကို အသက်( ၄) နှစ်အရွယ်မှာ ဆွတ်ခူးရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကို ပိုပိုရရှိနေတဲ့အချက်လေးကတော့ အသည်းယားစဖွယ် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူTikTok လးတွေကို ဆော့လေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေက ” မိုအာနာ “လေးလို့ ချစ်စနိုး ခေါ်လေ့ရှိကြပြီး ပရိသတ်တွေရဲ့ အသည်းကို လှုပ်ကိုင် ဆွဲဆောင်သိမ်းပိုက်ထားနိုင်တဲ့ ” မိုအာနာ “လေးဟာ ရန်ကုန်မှာမွေးပြီး မန္တလေးမှာ နေထိုင်သူလေးပါတဲ့နော်။ သူမ အသက်ကြီးလာရင်လည်း မော်ဒယ်သရုပ်ဆောင်လုပ်မှာလို့လည်း သိရပြီး Aroma Show (2020 )မှာလည်းပါဝင်တင်ဆက်ခဲ့ပြန်ပါသေးတယ်။ အနုပညာပိုင်းမှာ အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ လက်ရှိမှာ “ကျွန်တော့်ရဲ့သူ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မိုးဟေကို တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ငယ်ငယ်လေးနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိပြီး အရည်အချင်းရှိတဲ့ ဆယ်လီကလေးတစ်ယောက်လည်းဖြစ်တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ ပရိသတ်တွေကို အလွမ်းပြေ TikTokအသစ်လေးသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝေမျှခဲ့တာပါ။TikTokတွေကိုဆက်တိုက်(၃)မျိုးလောက်အမျိုးမျိုးဆော့ပြခဲ့ပြီး နောက်ဆုံးမှာ လတ်တလော ခေတ်စားနေတဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အခန်းတစ်ခန်းကို ဝတ်မှုံရွှေရည်နေရာက သရုပ်ဆောင်ပြခဲ့တာပါ။ပရိသတ်တွေကတော့ သူမရဲ့သရုပ်ဆောင်ချက်ကို အသည်းတယားယားဖြစ်ကာ အချစ်ပိုတဲ့ မှတ်ချက်လေးတွေပေးနေကြတာပဲ ဖြစ်ပါတယ်။CeleConnections ပရိသတ်ကြီးလည်း သွန်းမြတ်ကြယ်စင်လေးရဲ့ TikTok လေးကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Thoon Myat Kyal Zin
Candy -CeleConnections