ရွှေကြိုမှာ မိန်းကလေး ပရိသတ်တွေ အားပေး ဝန်းရံကြတဲ့ သဘင်မျိုးဆက် ထွန်းဝီရ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ယခုႏွစ္ အကယ္ဒမီ ေ႐ႊႀကိဳ ေ႐ြးခ်ယ္ပြဲမွာ ပါဝင္ေလွ်ာက္ျဖစ္ခဲ့ပုံနဲ႔ ပတ္သက္ၿပီး မိန္းကေလး ပရိသတ္ေတြ အားေပးဝန္းရံေနၾကတဲ့ ထြန္းဝီရက ေ႐ႊႀကိဳ ဝင္ၿပိဳင္ျဖစ္ပုံကို အခုလိုပဲ ေျပာျပပါတယ္။

Image may contain: 1 person, standing

“ေ႐ႊႀကိဳမွာပါျဖစ္တာက အေမက ေ႐ႊႀကိဳေတြ ေခၚေနတယ္ ဆိုတာနဲ႔ က်ေနာ္လည္း အႏုပညာလုပ္ခ်င္ေတာ့ အခြင့္အေရးတခု ရမယ္ထင္လို႔ လာၿပိဳင္တာပါ။ အေမက ခြန္အားေပးတယ္၊ အႀကံဉာဏ္ေတြလည္း ေပးတယ္။ အကုန္လုံးေတာ့ ကိုယ့္ဘာသာကိုယ္ ႀကိဳးစားဖို႔ ေျပာတယ္။ အႏုပညာအလုပ္ကို ငယ္ငယ္ကတည္းက စိတ္ဝင္စားတာမို႔ အတတ္ႏိုင္ဆုံးေတာ့ အေကာင္းဆုံး ႀကိဳးစားသြားမွာပါ။ ေ႐ႊႀကိဳျဖစ္ခြင့္ရရင္ေတာ့ အတိုင္းထက္အလြန္ ေပ်ာ္မိမွာပါ”

Image may contain: 1 person, sitting, shoes and outdoor

“က်ေနာ္တို႔က သဘင္မ်ိဳး႐ိုး ဆိုေတာ့ ႐ုပ္ရွင္ဘက္မွာ အဆက္အသြယ္ မရွိဘူး။ သ႐ုပ္ေဆာင္အလုပ္ကို ကေလးသ႐ုပ္ေဆာင္အေနနဲ႔ လုပ္ခဲ့ဖူးတယ္။ ၅ တန္းေလာက္တုန္းက လုပ္ခဲ့တာ။ ဒီၾကားထဲမွာ ပညာေရးကို ဦးစားေပးလိုက္ရတဲ့အတြက္ အႏုပညာ မလုပ္လိုက္ရတဲ့ အခ်ိန္ေတြကို ေနာင္တရတာမ်ိဳးေတာ့ မရွိပါဘူး”လို႔ ထြန္းဝီရက ေျပာပါတယ္။

Image may contain: 1 person

ေ႐ႊႀကိဳ စေလွ်ာက္ခါစက ပရိသတ္ေတြ အခုလိုမ်ိဳး အားေပးၾကမယ္ မထင္ဘူးလို႔ ထြန္းဝီရက ဆိုပါတယ္။

Image may contain: 1 person

“က်ေနာ္ ေ႐ႊႀကိဳ ေလွ်ာက္တဲ့ေန႔က ပုံကို မိန္းကေလးပရိတ္သတ္ေတြ ဝန္းရံေပးၾကေတာ့ အရမ္းေက်းဇူး တင္ပါတယ္။ က်ေနာ့္ကို အားေပးၾကမယ္လို႔ မထင္ထားဘူး။ ေပ်ာ္လည္း ေပ်ာ္တယ္။ ေနလည္း မေနတတ္ဘူး။ ေ႐ႊႀကိဳမွာ ပါသြားခဲ့ရင္ Voting စနစ္လည္း ပါတာေၾကာင့္ က်ေနာ့္ကို Voting ေပးၿပီး အားေပးပါလို႔ ေျပာခ်င္ပါတယ္။ ေ႐ႊႀကိဳပါသြားခဲ့ရင္ အႏုပညာကို ေသခ်ာ တစိုက္မတ္မတ္ ဆက္လုပ္ခ်င္ေပမယ့္ ဘြဲ႕တခု ယူၿပီးမွပဲ အေသအခ်ာ ဆက္လုပ္ပါမယ္”လို႔ ထြန္းဝီရက ေျပာပါတယ္။

Image may contain: 2 people, people smiling, closeup

အႏုပညာ မ်ိဳးဆက္သစ္ ျဖစ္တဲ့ ထြန္းဝီရဟာ စိန္မဟာသဘင္၊ ဦးရဲစိန္ရဲ႕ ေျမး ျဖစ္ၿပီး ပတၱျမားေကခိုင္ရဲ႕ သား ျဖစ္ပါတယ္။ ထြန္းဝီရက ကေလးသ႐ုပ္ေဆာင္အေနနဲ႔ ဇာတ္ကားေတြ၊ ေၾကာ္ျငာေတြမွာလည္း ပါဝင္ သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။

Image may contain: 1 person, standing

ဧရာဝတီ

Unicode ဖြင့်ဖတ်ပါ
★★★★★

ယခုနှစ် အကယ်ဒမီ ရွှေကြို ရွေးချယ်ပွဲမှာ ပါဝင်လျှောက်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး မိန်းကလေး ပရိသတ်တွေ အားပေးဝန်းရံနေကြတဲ့ ထွန်းဝီရက ရွှေကြို ဝင်ပြိုင်ဖြစ်ပုံကို အခုလိုပဲ ပြောပြပါတယ်။

“ရွှေကြိုမှာပါဖြစ်တာက အမေက ရွှေကြိုတွေ ခေါ်နေတယ် ဆိုတာနဲ့ ကျနော်လည်း အနုပညာလုပ်ချင်တော့ အခွင့်အရေးတခု ရမယ်ထင်လို့ လာပြိုင်တာပါ။ အမေက ခွန်အားပေးတယ်၊ အကြံဉာဏ်တွေလည်း ပေးတယ်။ အကုန်လုံးတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားဖို့ ပြောတယ်။ အနုပညာအလုပ်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတာမို့ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ရွှေကြိုဖြစ်ခွင့်ရရင်တော့ အတိုင်းထက်အလွန် ပျော်မိမှာပါ”

“ကျနော်တို့က သဘင်မျိုးရိုး ဆိုတော့ ရုပ်ရှင်ဘက်မှာ အဆက်အသွယ် မရှိဘူး။ သရုပ်ဆောင်အလုပ်ကို ကလေးသရုပ်ဆောင်အနေနဲ့ လုပ်ခဲ့ဖူးတယ်။ ၅ တန်းလောက်တုန်းက လုပ်ခဲ့တာ။ ဒီကြားထဲမှာ ပညာရေးကို ဦးစားပေးလိုက်ရတဲ့အတွက် အနုပညာ မလုပ်လိုက်ရတဲ့ အချိန်တွေကို နောင်တရတာမျိုးတော့ မရှိပါဘူး”လို့ ထွန်းဝီရက ပြောပါတယ်။

ရွှေကြို စလျှောက်ခါစက ပရိသတ်တွေ အခုလိုမျိုး အားပေးကြမယ် မထင်ဘူးလို့ ထွန်းဝီရက ဆိုပါတယ်။

“ကျနော် ရွှေကြို လျှောက်တဲ့နေ့က ပုံကို မိန်းကလေးပရိတ်သတ်တွေ ဝန်းရံပေးကြတော့ အရမ်းကျေးဇူး တင်ပါတယ်။ ကျနော့်ကို အားပေးကြမယ်လို့ မထင်ထားဘူး။ ပျော်လည်း ပျော်တယ်။ နေလည်း မနေတတ်ဘူး။ ရွှေကြိုမှာ ပါသွားခဲ့ရင် Voting စနစ်လည်း ပါတာကြောင့် ကျနော့်ကို Voting ပေးပြီး အားပေးပါလို့ ပြောချင်ပါတယ်။ ရွှေကြိုပါသွားခဲ့ရင် အနုပညာကို သေချာ တစိုက်မတ်မတ် ဆက်လုပ်ချင်ပေမယ့် ဘွဲ့တခု ယူပြီးမှပဲ အသေအချာ ဆက်လုပ်ပါမယ်”လို့ ထွန်းဝီရက ပြောပါတယ်။

အနုပညာ မျိုးဆက်သစ် ဖြစ်တဲ့ ထွန်းဝီရဟာ စိန်မဟာသဘင်၊ ဦးရဲစိန်ရဲ့ မြေး ဖြစ်ပြီး ပတ္တမြားကေခိုင်ရဲ့ သား ဖြစ်ပါတယ်။ ထွန်းဝီရက ကလေးသရုပ်ဆောင်အနေနဲ့ ဇာတ်ကားတွေ၊ ကြော်ငြာတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ဧရာဝတီ