ပြန်လည်ရောက်ရှိလာတော့မယ့် ဝူဟန်ကျောင်းသား၊ကျောင်းသူတွေကို မေတ္တာထားဖို ့တောင်းဆိုလိုက်တဲ့ ပိုင်တံခွန်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လတ္တေလာ တ႐ုတ္နိုင္ငံကေနစတင္ၿပီးျဖစ္ပြားလာခဲ့တဲ့ ေကာ္ရိုနာဗိုင္းရပ္စ္ပိုးကေတာ့ တ႐ုတ္နိုင္ငံတင္မကဘဲ ကမၻာအရပ္ရပ္က ျပည္သူလူထုတစ္ခုလုံးကိုပါ ၿခိမ္းေျခာက္ေနတာပါ။ဝူဟန္ၿမိဳ့မွာရွိတဲ့ ပင္လယ္စာနဲ႔တိရစၧာန္မ်ိဳးစုံေရာင္းခ်တဲ့ေဈးကြက္ကေန ဒီဗိုင္းရပ္စ္ပိုးပ်ံ႕ႏွံ့လာခဲ့တယ္လို့သတ္မွတ္ခဲ့တာေၾကာင့္ အခုဆိုရင္ ဝူဟန္တစ္ၿမိဳ့လုံးကို လူအဝင္အထြက္ကန႔္သတ္ထားတာ ျဖစ္ပါတယ္။ဝူဟန္ၿမိဳ့ထဲမွာေတာ့ ျမန္မာနိုင္ငံကေန သြားေရာက္ပညာသင္ၾကားေနတဲ့ေက်ာင္းသား၊ေက်ာင္းသူ(၆၃)ေယာက္ပိတ္မိေနတာေၾကာင့္ လြန္ခဲ့တဲ့ရက္ပိုင္းထဲက မိမိရဲ့အမိေျမျဖစ္တဲ့ျမန္မာနိုင္ငံကို အကူအညီေတာင္းခဲ့မွုတခ်ိဳ့ျပဳလုပ္ခဲ့တာပါ။

အဲ့လိုအကူညီေတာင္းခံခဲ့စဥ္ကတည္းက ျပည္သူတခ်ိဳ့ကေတာ့ ဝူဟန္မွာပိတ္မိေနတဲ့ ျမန္မာနိုင္ငံသားေတြျပန္ေရာက္လာကာ ေရာဂါပိုးပါလာမွာကိုစိုးရိမ္ခဲ့ၾကၿပီး ျပန္လာမွာကို ဆန႔္က်င္တဲ့မွတ္ခ်က္ေတြေပးခဲ့ၾကတာပါ။ဒါေပမယ့္ မေန႔ကမနက္ပိုင္းမွာေတာ့ ဝူဟန္မွာေရာက္ရွိေနတဲ့ ျမန္မာေက်ာင္းသား၊ေက်ာင္းသူမ်ားအား ျမန္မာအစိုးရမွ အထူးေလယာဥ္ေစလႊတ္ၿပီး ျပန္လည္ေခၚယူသြားမည္ဆိုၿပီး နိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ခဲ့တာေၾကာင့္ မၾကာခင္ရက္ပိုင္းအတြင္းမွာ ျပန္လည္ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမာ္လ္ဒယ္သ႐ုပ္ေဆာင္မင္းသားေခ်ာပိုင္တံခြန္ကေတာ့ “ဝူဟန္ၿမိဳ့မွာ ေရာက္ေနတဲ့ ျမန္မာနိုင္ငံသား အားလုံးအတြက္ အႏၲရာယ္ကင္း ေဘးရွင္းစြာနဲ႔ ကိုယ့္ျမန္မာနိုင္ငံကို အျမန္ဆုံး ျပန္ေရာက္လာနိုင္ပါေစလို့ ရင္ထဲက ဆႏၵျပဳရင္း ဆုေတာင္းေပးပါတယ္… ကပ္ေရာဂါဆိုးႀကီးက်ေရာက္ေနတဲ့ သူမ်ားနိုင္ငံမွာ စားနပ္ရိကၡာေတြ ျပတ္လပ္ၿပီး မိေဝးဖေဝးနဲ႔ ဒုကၡ ေရာက္ေနရတဲ့ သူေတြကိုလည္း ျမန္မာနိုင္ငံသားအခ်င္းခ်င္း ဆိုးရြားလြန္းတဲ့ တခ်ိဳ့ comments ေတြေၾကာင့္ စိတ္ဓာတ္မက်ေစခ်င္ဘူးဗ်ာ” လို့သူ႔ရင္ထဲကဆႏၵေတြကို ေဖာ္ထုတ္ခဲ့တာပါ။

Unicode ဖြင့်ဖတ်ပါ
★★★★★

လတ်တလော တရုတ်နိုင်ငံကနေစတင်ပြီးဖြစ်ပွားလာခဲ့တဲ့ ကော်ရိုနာဗိုင်းရပ်စ်ပိုးကတော့ တရုတ်နိုင်ငံတင်မကဘဲ ကမ္ဘာအရပ်ရပ်က ပြည်သူလူထုတစ်ခုလုံးကိုပါ ခြိမ်းခြောက်နေတာပါ။ဝူဟန်မြို့မှာရှိတဲ့ ပင်လယ်စာနဲ့တိရစ္ဆာန်မျိုးစုံရောင်းချတဲ့ဈေးကွက်ကနေ ဒီဗိုင်းရပ်စ်ပိုးပျံ့နှံ့လာခဲ့တယ်လို့သတ်မှတ်ခဲ့တာကြောင့် အခုဆိုရင် ဝူဟန်တစ်မြို့လုံးကို လူအဝင်အထွက်ကန့်သတ်ထားတာ ဖြစ်ပါတယ်။ဝူဟန်မြို့ထဲမှာတော့ မြန်မာနိုင်ငံကနေ သွားရောက်ပညာသင်ကြားနေတဲ့ကျောင်းသား၊ကျောင်းသူ(၆၃)ယောက်ပိတ်မိနေတာကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းထဲက မိမိရဲ့အမိမြေဖြစ်တဲ့မြန်မာနိုင်ငံကို အကူအညီတောင်းခဲ့မှုတချို့ပြုလုပ်ခဲ့တာပါ။

အဲ့လိုအကူညီတောင်းခံခဲ့စဉ်ကတည်းက ပြည်သူတချို့ကတော့ ဝူဟန်မှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေပြန်ရောက်လာကာ ရောဂါပိုးပါလာမှာကိုစိုးရိမ်ခဲ့ကြပြီး ပြန်လာမှာကို ဆန့်ကျင်တဲ့မှတ်ချက်တွေပေးခဲ့ကြတာပါ။ဒါပေမယ့် မနေ့ကမနက်ပိုင်းမှာတော့ ဝူဟန်မှာရောက်ရှိနေတဲ့ မြန်မာကျောင်းသား၊ကျောင်းသူများအား မြန်မာအစိုးရမှ အထူးလေယာဉ်စေလွှတ်ပြီး ပြန်လည်ခေါ်ယူသွားမည်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် မကြာခင်ရက်ပိုင်းအတွင်းမှာ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောပိုင်တံခွန်ကတော့ “ဝူဟန်မြို့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား အားလုံးအတွက် အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ ကိုယ့်မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ရောက်လာနိုင်ပါစေလို့ ရင်ထဲက ဆန္ဒပြုရင်း ဆုတောင်းပေးပါတယ်… ကပ်ရောဂါဆိုးကြီးကျရောက်နေတဲ့ သူများနိုင်ငံမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီး မိဝေးဖဝေးနဲ့ ဒုက္ခ ရောက်နေရတဲ့ သူတွေကိုလည်း မြန်မာနိုင်ငံသားအချင်းချင်း ဆိုးရွားလွန်းတဲ့ တချို့ comments တွေကြောင့် စိတ်ဓာတ်မကျစေချင်ဘူးဗျာ” လို့သူ့ရင်ထဲကဆန္ဒတွေကို ဖော်ထုတ်ခဲ့တာပါ။