နောက်ထပ်ဇာတ်လမ်းတွဲမှာ ချစ်သူတွေအနေနဲ့ ထပ်မံမြင်တွေ့ရဦးမယ့် ကျော်ဆုနဲ့ ခြူးလေး
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
“နောက်ထပ်ဇာတ်လမ်းတွဲမှာ ချစ်သူတွေအနေနဲ့ ထပ်မံမြင်တွေ့ရဦးမယ့် ကျော်ဆုနဲ့ ခြူးလေး”
MRTV-4ရုပ်သံဇာတ်လမ်းတွဲများနဲ့နှုတ်ခမ်းနီမလေးတွေရဲ့ကြားမှာ ရေပန်းစားနေတဲ့ မင်းသားချောကျော်ဆုကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ..။ ကျော်ဆုကတော့ “ဥယျာဉ်မှူးဖြစ်ဖူးချင်တယ်”နှင့် “ရွှေဖူူးစာဆုံရာမြေ” ဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်..။ လတ်တလောမှာ ပြသပြီးစီးသွားပြီဖြစ်တဲ့ “အခန်းနံပါတ်?” မှာလည်း ဗညားဆိုတဲ့ကာရိုက်တာနဲ့ မိမိမိုက်မိုက်သရုပ်ဆောင်ထားမှုတွေဟာ ပရိသတ်တွေရဲ့အကြိုက်ကိုတွေ့စေခဲ့ပါတယ်..။ ကျော်ဆုဟာ ကာရိုက်တာတိုင်းမှာ အပိုအလိုမရှိသရုပ်ဆောင်တတ်တဲ့သူလို့ပြောရင်မှားမယ်မထင်ပါဘူးနော်..။
သူ့ရဲ့ ဇာတ်လမ်းတွဲဟာ ပြသပြီးစီးသွားပေမယ့် နောက်ထပ်ဇာတ်လမ်းတွဲအတွက် မင်းသမီးချော ခြူးလေးနဲ့အတူ ပြင်ဆင်မှုတွေလုပ်နေတဲ့ ပုံရိပ်လေးတွေကို “နောက်ရိုက်မယ့် ဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေပါပြီခင်ဗျာ” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ “ရွှေဖူးစာဆုံရာမြေ”ဇာတ်လမ်းတွဲမှာ မင်းသမီးချောလေး ခြူးလေးနဲ့ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထပ်ရိုက်ကူူးမယ့် စာရေးဆရာမခင်နှင်းယုရဲ့ “သရဖူ” ဝတ္ထုကို ခြူးလေးနဲ့အတူ ထပ်မံသရုပ်ဆောင်သွားမှာပါနော်..။
ပရိသတ်တွေရဲ့ အချစ်တော်လေးနှစ်ယောက်ဖြစ်တဲ့ ကျော်ဆုနဲ့ခြူးလေးကို နောက်ထပ်ဇာတ်လမ်းတွဲမှာ အတွဲလေးအနေနဲ့ ထပ်မံမြင်တွေ့ရတော့မှာပါနော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက် နောက်ထပ်တွဲလျက်တွေ့မြင်ရတော့မယ့် ကျော်ဆုနဲ့ ခြူးလေးတို့ရဲ့ ဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေမှုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source:Kyaw Su’s Facebook
Sakura(Cele Connections)