ယုံကြည်ရတဲ့ သူငယ်ချင်းက လက် ၅ ချောင်းတောင် မပြည့်ဘူးဆိုတဲ့ နော်ဖောအယ်ထား

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လူမႈကြန္ရက္ေပၚမွာ ဓာတ္ပုံလွလွေလးေတြေၾကာင့္ ပရိသတ္ေတြ သိရွိခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ ေနာ္ေဖာအယ္ထားကေတာ့ သူ႔မွာ ယုံၾကည့္ရတဲ့ သူငယ္ခ်င္း လက္ ၅ ေခ်ာင္းျပည့္ေအာင္ မရွိဘူးလို႔ ေျပာပါတယ္။

Image may contain: 2 people, people smiling, people standing

“ေနာ္ေဖာမွာ သူငယ္ခ်င္း မ်ားမ်ားစားစား မရွိဘူး။ ငယ္ငယ္ေလးကတည္းက သူငယ္ခ်င္းနဲ႔ ပတ္သက္ၿပီး အဆင္မေျပခဲ့တာေတြ မ်ားတဲ့အခါက်ေတာ့ လုပ္ငန္းခြင္မွာလည္း သူငယ္ခ်င္းေတြနဲ႔ ျပန္ေတြ႕ရေတာ့ နည္းနည္း တြယ္တာမိတယ္။ မဖူးတို႔ (ေမတိုးခိုင္) တျခားသူငယ္ခ်င္းေတြ မဖူးကိုေတာ့ အားလုံးက သိၾကတယ္။ တျခား ယုံယုံၾကည္ၾကည္နဲ႔ ေပါင္းသင္းတဲ့ သူငယ္ခ်င္းေတြ ရွိပါတယ္။ လက္ ၅ ေခ်ာင္းေတာင္ မျပည့္ပါဘူး” လို႔ ေနာ္ေဖာအယ္ထားက ေျပာပါတယ္။

Image may contain: 3 people, people smiling, people sitting, possible text that says 'LUEEN the WORLD'

ေနာ္ေဖာအယ္ထားအတြက္ သူငယ္ခ်င္းဆိုတာက အေရးပါၿပီး သူငယ္ခ်င္းရွိေနတာဟာ အထီးက်န္ၿပီး ဆုံးျဖတ္ခ်က္ မွားတာမ်ိဳးေတြ မျဖစ္ေတာ့ဘူးလို႔ ဆိုပါတယ္။

Image may contain: 2 people, people smiling

“သူငယ္ခ်င္းေတြက ေနာ္ေဖာအတြက္ အေရးပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ခံစားေနရတဲ့ အရာေတြကိုလည္း ေသေသခ်ာခ်ာေလး ေျပာျပလို႔ရတယ္။ လူဆိုတာက ပတ္ဝန္းက်င္နဲ႔ ေနရတာလည္း ျဖစ္တယ္။ တေယာက္တည္း ေနရင္ေကာင္းတယ္ဆိုေပမယ့္ အထီးက်န္တာမ်ိဳးေတြ ျဖစ္လာတတ္တယ္”

Image may contain: 1 person, standing, tree, plant and outdoor

“အဲ့အခါက်ရင္ ဆုံးျဖတ္ခ်က္ေတြ မွားတာမ်ိဳးေတြ အထီးေတြက်န္ၿပီး Suicide လုပ္တာမ်ိဳးေတြအထိ ျဖစ္လာႏိုင္တယ္။ သူငယ္ခ်င္းရွိတာက အရာအားလုံး တိုင္ပင္လို႔ ရတယ္။ ကိုယ္က စိတ္ဓာတ္က်ေနရင္ေတာင္ သူက အၿမဲကိုယ့္ကို Supporting ေပးေနတဲ့အခါက်ေတာ့ အားရွိတာေပါ့”လို႔ ေနာ္ေဖာအယ္ထားက ေျပာပါတယ္။

Image may contain: 1 person, standing and shoes

အႏုပညာေလာကထဲမွ သူငယ္ခ်င္းမ်ားနဲ႔ ေတြ႕ဆုံတဲ့အခါမွာ အကုန္အားတဲ့အခ်ိန္ကို ညႇိၿပီး အိမ္မွာသာ သီးသန႔္ေတြ႕ ျဖစ္ၾကတယ္လို႔ သိရပါတယ္။

Image may contain: 1 person, smiling

“သူငယ္ခ်င္းေတြနဲ႔ေတြ႕တာကလည္း အားတဲ့သူအေပၚမွာ မူတည္တယ္။ ေနာက္ပိုင္းက်ေတာ့ ေနာ္ေဖာတို႔က အျပင္သိပ္ မထြက္ျဖစ္ၾကေတာ့ဘူး။ အကုန္အားတဲ့အခ်ိန္ကိုပဲ ညႇိၿပီးသြားၾကတာ မ်ားတယ္။ အလုပ္ေတြက ကိုယ္စီပင္ပန္းတဲ့အခါမွာ နားခ်င္တာေပါ့ေနာ္။ ေသေသခ်ာခ်ာ စီစဥ္ၿပီးေတာ့မွ ေတြ႕ျဖစ္ၾကတယ္။ ေနာ္ေဖာတို႔က ဆိုင္ေတြဘာေတြ ထိုင္ရတာထက္ လြတ္လြတ္လပ္လပ္ ေပ်ာ္ခ်င္ပါးခ်င္တာ။ ဂိမ္းေတြ ဘာေတြလည္းေဆာ့ၾကေတာ့ အိမ္မွာပဲ သီးသန႔္ေလးေတြ႕ျဖစ္တာေပါ့”လို႔ ေနာ္ေဖာအယ္ထားက ေျပာပါတယ္။

Image may contain: 1 person, smiling, sitting

မၾကာခင္မွာဆိုရင္လည္း “ခ်စ္သူမ်ားေန႔”ကို ေရာက္ေတာ့မွာ ျဖစ္တာေၾကာင့္ ေက်ာင္းတက္တုန္းကေတာ့ Surprise လုပ္ခံရေပမယ့္ အခုေတာ့ မရွိေတာ့ဘူးလို႔ ဆိုပါတယ္။“Surprise ဆိုတာ ငယ္ငယ္တုန္းက ရွိခဲ့ပါတယ္။ ငယ္ငယ္တုန္းကဆိုတာက တကၠသိုလ္ တက္တုန္းကေပါ့။ အခုကေတာ့ အဲ့လို မဟုတ္ေတာ့ပါဘူး။ ေခ်ာကလက္ကလည္း ခ်စ္သူမ်ားေန႔မွ စားရတာ မဟုတ္ဘူး။ ေန႔တိုင္း စားရတယ္”လို႔ ေနာ္ေဖာအယ္ထားက ေျပာပါတယ္။

Image may contain: 1 person, sitting and outdoor

ေနာ္ေဖာအယ္ထားကေတာ့ ယခု ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္အလုပ္ကိုပါ တြဲဖက္ လုပ္ကိုင္လာခဲ့ၿပီး MRTV-4 မွာ ျပသခဲ့တဲ့ “ေပ်ာက္ဆုံးေနေသာ အမွန္တရား” ဇာတ္လမ္းတြဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ယခုႏွစ္အတြင္းမွာလည္း ထိုင္းနဲ႔ ျမန္မာ တြဲဖက္ ႐ိုက္ကူးထားတဲ့ “မဖဲဝါ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကိုလည္း ႐ုံတင္ဖို႔ ရွိတယ္လို႔ သိရပါတယ္။

ဧရာဝတီ

Unicode ဖြင့်ဖတ်ပါ
★★★★★

လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံလှလှလေးတွေကြောင့် ပရိသတ်တွေ သိရှိခဲ့ကြတဲ့ သရုပ်ဆောင် နော်ဖောအယ်ထားကတော့ သူ့မှာ ယုံကြည့်ရတဲ့ သူငယ်ချင်း လက် ၅ ချောင်းပြည့်အောင် မရှိဘူးလို့ ပြောပါတယ်။

“နော်ဖောမှာ သူငယ်ချင်း များများစားစား မရှိဘူး။ ငယ်ငယ်လေးကတည်းက သူငယ်ချင်းနဲ့ ပတ်သက်ပြီး အဆင်မပြေခဲ့တာတွေ များတဲ့အခါကျတော့ လုပ်ငန်းခွင်မှာလည်း သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ နည်းနည်း တွယ်တာမိတယ်။ မဖူးတို့ (မေတိုးခိုင်) တခြားသူငယ်ချင်းတွေ မဖူးကိုတော့ အားလုံးက သိကြတယ်။ တခြား ယုံယုံကြည်ကြည်နဲ့ ပေါင်းသင်းတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ လက် ၅ ချောင်းတောင် မပြည့်ပါဘူး” လို့ နော်ဖောအယ်ထားက ပြောပါတယ်။

နော်ဖောအယ်ထားအတွက် သူငယ်ချင်းဆိုတာက အရေးပါပြီး သူငယ်ချင်းရှိနေတာဟာ အထီးကျန်ပြီး ဆုံးဖြတ်ချက် မှားတာမျိုးတွေ မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

“သူငယ်ချင်းတွေက နော်ဖောအတွက် အရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ခံစားနေရတဲ့ အရာတွေကိုလည်း သေသေချာချာလေး ပြောပြလို့ရတယ်။ လူဆိုတာက ပတ်ဝန်းကျင်နဲ့ နေရတာလည်း ဖြစ်တယ်။ တယောက်တည်း နေရင်ကောင်းတယ်ဆိုပေမယ့် အထီးကျန်တာမျိုးတွေ ဖြစ်လာတတ်တယ်”

“အဲ့အခါကျရင် ဆုံးဖြတ်ချက်တွေ မှားတာမျိုးတွေ အထီးတွေကျန်ပြီး Suicide လုပ်တာမျိုးတွေအထိ ဖြစ်လာနိုင်တယ်။ သူငယ်ချင်းရှိတာက အရာအားလုံး တိုင်ပင်လို့ ရတယ်။ ကိုယ်က စိတ်ဓာတ်ကျနေရင်တောင် သူက အမြဲကိုယ့်ကို Supporting ပေးနေတဲ့အခါကျတော့ အားရှိတာပေါ့”လို့ နော်ဖောအယ်ထားက ပြောပါတယ်။

Image may contain: 1 person, smiling, standing and outdoor

အနုပညာလောကထဲမှ သူငယ်ချင်းများနဲ့ တွေ့ဆုံတဲ့အခါမှာ အကုန်အားတဲ့အချိန်ကို ညှိပြီး အိမ်မှာသာ သီးသန့်တွေ့ ဖြစ်ကြတယ်လို့ သိရပါတယ်။

“သူငယ်ချင်းတွေနဲ့တွေ့တာကလည်း အားတဲ့သူအပေါ်မှာ မူတည်တယ်။ နောက်ပိုင်းကျတော့ နော်ဖောတို့က အပြင်သိပ် မထွက်ဖြစ်ကြတော့ဘူး။ အကုန်အားတဲ့အချိန်ကိုပဲ ညှိပြီးသွားကြတာ များတယ်။ အလုပ်တွေက ကိုယ်စီပင်ပန်းတဲ့အခါမှာ နားချင်တာပေါ့နော်။ သေသေချာချာ စီစဉ်ပြီးတော့မှ တွေ့ဖြစ်ကြတယ်။ နော်ဖောတို့က ဆိုင်တွေဘာတွေ ထိုင်ရတာထက် လွတ်လွတ်လပ်လပ် ပျော်ချင်ပါးချင်တာ။ ဂိမ်းတွေ ဘာတွေလည်းဆော့ကြတော့ အိမ်မှာပဲ သီးသန့်လေးတွေ့ဖြစ်တာပေါ့”လို့ နော်ဖောအယ်ထားက ပြောပါတယ်။

မကြာခင်မှာဆိုရင်လည်း “ချစ်သူများနေ့”ကို ရောက်တော့မှာ ဖြစ်တာကြောင့် ကျောင်းတက်တုန်းကတော့ Surprise လုပ်ခံရပေမယ့် အခုတော့ မရှိတော့ဘူးလို့ ဆိုပါတယ်။“Surprise ဆိုတာ ငယ်ငယ်တုန်းက ရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းကဆိုတာက တက္ကသိုလ် တက်တုန်းကပေါ့။ အခုကတော့ အဲ့လို မဟုတ်တော့ပါဘူး။ ချောကလက်ကလည်း ချစ်သူများနေ့မှ စားရတာ မဟုတ်ဘူး။ နေ့တိုင်း စားရတယ်”လို့ နော်ဖောအယ်ထားက ပြောပါတယ်။

နော်ဖောအယ်ထားကတော့ ယခု နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက် လုပ်ကိုင်လာခဲ့ပြီး MRTV-4 မှာ ပြသခဲ့တဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ယခုနှစ်အတွင်းမှာလည်း ထိုင်းနဲ့ မြန်မာ တွဲဖက် ရိုက်ကူးထားတဲ့ “မဖဲဝါ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရုံတင်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဧရာဝတီ