ရုပ်ရှင်ရိုက်ဖို ့ ကမ်းလှမ်းတဲ့ ယုန်လေးကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ ဟဲဗီးဖြိုး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

တခ်ိန္တုန္းက ပရိသတ္ အခိုင္အမာ ရရွိထားတဲ့ ကေလး သ႐ုပ္ေဆာင္ ဟဲဗီးၿဖိဳးကိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း ရင္းႏွီးၾကမယ္လို႔ ထင္ပါတယ္။ ကေလး သ႐ုပ္ေဆာင္ တေယာက္အေနနဲ႔ အႏုပညာေလာကကို ဝင္ေရာက္လာတဲ့ ဟဲဗီးၿဖိဳး တေယာက္ကေတာ့ သူငယ္စဥ္တုတ္းက သူ႔ရဲ႕ေၾကာ္ျငာေတြ ႐ုပ္ရွင္ေတြကေတာ့ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈရခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဟဲဗီးၿဖိဳး တေယာက္ အႏုပညာေလာကနဲ႔ အဆက္အသြယ္ ျပတ္သြားၿပီး ပရိသတ္ေတြနားကေန လုံးဝကို ေပ်ာက္သြားတာ ျဖစ္ပါတယ္။ လူငယ္တေယာက္ ျဖစ္ေနၿပီ ျဖစ္တဲ့ ဟဲဗီးၿဖိဳးကိုေတာ့ အႏုပညာေလာက ကေနေပ်ာက္သြားတာေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကလည္း စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။ဒီလိုမ်ိဳး အႏုပညာေလာက ကေန ေပ်ာက္သြားတာ ၾကာၿပီ ျဖစ္တဲ့ ဟဲဗီးၿဖိဳးကိုေတာ့ အဆိုေတာ္ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ယုန္ေလးကေတာ့ ပရိသတ္ေတြ ေရွ႕မွာျပန္ျမင္ခြင့္ရေအာင္ လုပ္ေပးဖို႔ ရွိေနပါတယ္။

အဆိုေတာ္ ယုန္ေလးကေတာ့ ဟဲဗီးၿဖိဳးနဲ႔ ပတ္သက္ၿပီး သူ႔ေဖ့ဘုတလအေကာင့္မွာေတာ့ ” ညီေလး ဟဲဗီၿဖိဳး နဲ႔ ဘယ္သူမ်ား အဆက္သြယ္ရွိပါလဲ ခင္မ်ား ႐ူတင္ မန္ေနဂ်ာေတြ ေမးၾကည့္တာ တစ္ေယာက္မွ Ph မသိဘူးေျပာက်လို႔ပါ ကေလး သ႐ုပ္ေဆာင္ဆိုရင္ လူႀကီး ျဖစ္သြားရင္ ဘယ္သူ႔မွ ႐ိုက္ေလ့႐ိုက္ထ မရွိက်ေတာ့ဘူး အဲ့ဒါႀကီးကို စိတ္မေကာင္းျဖစ္မိတယ္။

ဒီညီေလး သ႐ုပ္ေဆာင္ တာ ကြၽန္ေတာ္ထက္ အမ်ားႀကီးေကာင္းပါတယ္ ကြၽန္ေတာ္ကေတာ့ႀကိဳးစားဆဲေပါ့ အဲ့အတြက္ သူနဲ႔လိုက္မယ့္ေနရာကို ေစတနာနဲ႔ တည္ၿပီး စဥ္းစားေပးထားလို႔ပါ Dragon Empire ႐ုပ္ရွင္ အတြက္လိုအပ္ေနပါတယ္ အဆက္သြယ္ ရွိတဲ့ ညီအစ္ကို ေမာင္ႏွစ္မမ်ား ကူညီေပးက်ပါ အားလုံး Peace” ဆိုၿပီး တင္ထားတာ ျဖစ္ပါတယ္။ ဒီပို႔စ္ကို ျမင္သြားတဲ့ ဟဲဗီးၿဖိဳးကလည္း ယုန္ေလးကို ” အခုလိုသတိတရရွိေပးလို႔ ေက်းဇူးတင္ပါတယ္ ကိုႀကီး” ဆိုၿပီး ျပန္လည္ေရးသားၿပီး တင္ထားတာကို ေတြ႕ရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

တချိန်တုန်းက ပရိသတ် အခိုင်အမာ ရရှိထားတဲ့ ကလေး သရုပ်ဆောင် ဟဲဗီးဖြိုးကိုတော့ တော်တော်များများလည်း ရင်းနှီးကြမယ်လို့ ထင်ပါတယ်။ ကလေး သရုပ်ဆောင် တယောက်အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာတဲ့ ဟဲဗီးဖြိုး တယောက်ကတော့ သူငယ်စဉ်တုတ်းက သူ့ရဲ့ကြော်ငြာတွေ ရုပ်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဟဲဗီးဖြိုး တယောက် အနုပညာလောကနဲ့ အဆက်အသွယ် ပြတ်သွားပြီး ပရိသတ်တွေနားကနေ လုံးဝကို ပျောက်သွားတာ ဖြစ်ပါတယ်။ လူငယ်တယောက် ဖြစ်နေပြီ ဖြစ်တဲ့ ဟဲဗီးဖြိုးကိုတော့ အနုပညာလောက ကနေပျောက်သွားတာကြောင့် ပရိသတ်တော်တော်များများကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ဒီလိုမျိုး အနုပညာလောက ကနေ ပျောက်သွားတာ ကြာပြီ ဖြစ်တဲ့ ဟဲဗီးဖြိုးကိုတော့ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးကတော့ ပရိသတ်တွေ ရှေ့မှာပြန်မြင်ခွင့်ရအောင် လုပ်ပေးဖို့ ရှိနေပါတယ်။

အဆိုတော် ယုန်လေးကတော့ ဟဲဗီးဖြိုးနဲ့ ပတ်သက်ပြီး သူ့ဖေ့ဘုတလအကောင့်မှာတော့ ” ညီလေး ဟဲဗီဖြိုး နဲ့ ဘယ်သူများ အဆက်သွယ်ရှိပါလဲ ခင်များ ရူတင် မန်နေဂျာတွေ မေးကြည့်တာ တစ်ယောက်မှ Ph မသိဘူးပြောကျလို့ပါ ကလေး သရုပ်ဆောင်ဆိုရင် လူကြီး ဖြစ်သွားရင် ဘယ်သူ့မှ ရိုက်လေ့ရိုက်ထ မရှိကျတော့ဘူး အဲ့ဒါကြီးကို စိတ်မကောင်းဖြစ်မိတယ်။

ဒီညီလေး သရုပ်ဆောင် တာ ကျွန်တော်ထက် အများကြီးကောင်းပါတယ် ကျွန်တော်ကတော့ကြိုးစားဆဲပေါ့ အဲ့အတွက် သူနဲ့လိုက်မယ့်နေရာကို စေတနာနဲ့ တည်ပြီး စဉ်းစားပေးထားလို့ပါ Dragon Empire ရုပ်ရှင် အတွက်လိုအပ်နေပါတယ် အဆက်သွယ် ရှိတဲ့ ညီအစ်ကို မောင်နှစ်မများ ကူညီပေးကျပါ အားလုံး Peace” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ဒီပို့စ်ကို မြင်သွားတဲ့ ဟဲဗီးဖြိုးကလည်း ယုန်လေးကို ” အခုလိုသတိတရရှိပေးလို့ ကျေးဇူးတင်ပါတယ် ကိုကြီး” ဆိုပြီး ပြန်လည်ရေးသားပြီး တင်ထားတာကို တွေ့ရပါတယ်။