ညောင်ဆယ်ပင်အဓိဌာန်အတူဝင်ခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့အဓိဌာန်အောင်မြင်မှုကြောင့် ပီတိဖြစ်နေတဲ့ စမိုင်းလ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

စမိုင္းလ္ကေတာ့ ျပည့္စုံၿပီးအမ်ားအားက်ရတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့အျပင္ စိတ္ထားျပည့္ဝၿပီးအလႉအတန္းရက္ေရာသူတစ္ေယာက္ျဖစ္တာမို႔ ပရိသတ္ေတြကေလးစားခ်စ္ခင္ေနရသူတစ္ေယာက္ပါ။ဒါ့အျပင္ ေနာက္ပိုင္းမွာ ကိုယ္ကိုတိုင္ ဘာသာေရးကိုအင္တိုက္အားတိုက္လုပ္႐ုံမကဘဲ ခ်စ္ခင္ရတဲ့ပရိသတ္ေတြပါ အဆင္ေျပေျပအဓိဌာန္ဝင္ႏိုင္ဖို႔ လုပ္ေဆာင္လာခဲ့တာပါ။

မၾကာေသးခင္ကမွ ရန္ကုန္က်ိဳက္ငါးက်ိဳက္အဓိဌာန္ကို လူအေယာက္(၁၃၀၀)နီးပါးအတြက္ စီစဥ္ေပးခဲ့ၿပီး မႏၲေလးမွာလည္း လူအေယာက္(၅၀၀)အတြက္ ေညာင္ဆယ္ပင္အဓိဌာန္ကိုျပဳလုပ္ေပးခဲ့ပါေသးတယ္။ဒါ့အျပင္ ေ႐ႊတိဂုံ၊က်ိဳက္ထီး႐ိုး အဓိဌာန္အတြက္လည္း လူအေယာက္(၁၅၀၀)အဓိဌာန္ဝင္ႏိုင္ဖို႔ စီစဥ္ေပးသြားမွာျဖစ္ပါတယ္။ဒီေန႔မွာေတာ့ (၁၂)ႀကိမ္ေျမာက္ေအာင္ဘာေလသိန္းထီဆုႀကီးကို ဖြင့္လွစ္ေပးခဲ့တာျဖစ္ၿပီး စမိုင္းလ္ရဲ႕ပရိသတ္တစ္ေယာက္စကားေၾကာင့္ စမိုင္းလ္ကေတာ့ ေပ်ာ္ေနခဲ့ေၾကာင္းကိုမွ်ေဝေပးခဲ့တာပါ။Khin Khin အေကာင့္ပိုင္ရွင္ကေတာ့ “အစ္မေရ ဝမ္းသာရေအာင္ပါ.. ညီမေညာင္ဆယ္ပင္ အဓိဌာန္ေလးဝင္ၿပီး ဆုေတာင္းခဲ့တာ အခုေတာ့ ထီသိန္း(၁၀၀)ရတယ္.. အစ္မရယ္ေက်းဇူးတင္လိုက္တာ.. ၿပီးေတာ့ ဘဝမွာေမ့ေနခဲ့တဲ့ ဘာသာတရားေတြကို ျပန္လုပ္ေနမိတယ္.. အခု ပုတီးလည္း လက္ကမခ်ဘူး ေက်းဇူးပါ” လို႔ေရးသားခဲ့တာပါ။

စမိုင္းလ္ကေတာ့ “ညီမေလးေရ အခုလိုျမင္ရတာနဲ႔တင္ အစ္မပိုက္ဆံေတြ အခ်ိန္ေတြ အားေတြကုန္ရက်ိဳးနပ္ပါၿပီ.. မ်က္ရည္က်မိတဲ့အထိဝမ္းသာပါတယ္ ညီမရယ္… ကိုယ္ေၾကာင့္ သူတစ္ပါးစိတ္ခ်မ္းသာရရင္ကိုပဲ အစ္မဦးေဆာင္ရက်ိဳးနပ္ပါတယ္” လို႔ျပန္လည္ေရးသားကာ သူ႔ရဲ႕အေပ်ာ္ေတြကို မွ်ေဝေပးလိုက္တာျဖစ္ပါတယ္။

Source – စမိုင္းလ္ Smile
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

စမိုင်းလ်ကတော့ ပြည့်စုံပြီးအများအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့အပြင် စိတ်ထားပြည့်ဝပြီးအလှူအတန်းရက်ရောသူတစ်ယောက်ဖြစ်တာမို့ ပရိသတ်တွေကလေးစားချစ်ခင်နေရသူတစ်ယောက်ပါ။ဒါ့အပြင် နောက်ပိုင်းမှာ ကိုယ်ကိုတိုင် ဘာသာရေးကိုအင်တိုက်အားတိုက်လုပ်ရုံမကဘဲ ချစ်ခင်ရတဲ့ပရိသတ်တွေပါ အဆင်ပြေပြေအဓိဌာန်ဝင်နိုင်ဖို့ လုပ်ဆောင်လာခဲ့တာပါ။

မကြာသေးခင်ကမှ ရန်ကုန်ကျိုက်ငါးကျိုက်အဓိဌာန်ကို လူအယောက်(၁၃၀၀)နီးပါးအတွက် စီစဉ်ပေးခဲ့ပြီး မန္တလေးမှာလည်း လူအယောက်(၅၀၀)အတွက် ညောင်ဆယ်ပင်အဓိဌာန်ကိုပြုလုပ်ပေးခဲ့ပါသေးတယ်။ဒါ့အပြင် ရွှေတိဂုံ၊ကျိုက်ထီးရိုး အဓိဌာန်အတွက်လည်း လူအယောက်(၁၅၀၀)အဓိဌာန်ဝင်နိုင်ဖို့ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ (၁၂)ကြိမ်မြောက်အောင်ဘာလေသိန်းထီဆုကြီးကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး စမိုင်းလ်ရဲ့ပရိသတ်တစ်ယောက်စကားကြောင့် စမိုင်းလ်ကတော့ ပျော်နေခဲ့ကြောင်းကိုမျှဝေပေးခဲ့တာပါ။Khin Khin အကောင့်ပိုင်ရှင်ကတော့ “အစ်မရေ ဝမ်းသာရအောင်ပါ.. ညီမညောင်ဆယ်ပင် အဓိဌာန်လေးဝင်ပြီး ဆုတောင်းခဲ့တာ အခုတော့ ထီသိန်း(၁၀၀)ရတယ်.. အစ်မရယ်ကျေးဇူးတင်လိုက်တာ.. ပြီးတော့ ဘဝမှာမေ့နေခဲ့တဲ့ ဘာသာတရားတွေကို ပြန်လုပ်နေမိတယ်.. အခု ပုတီးလည်း လက်ကမချဘူး ကျေးဇူးပါ” လို့ရေးသားခဲ့တာပါ။

စမိုင်းလ်ကတော့ “ညီမလေးရေ အခုလိုမြင်ရတာနဲ့တင် အစ်မပိုက်ဆံတွေ အချိန်တွေ အားတွေကုန်ရကျိုးနပ်ပါပြီ.. မျက်ရည်ကျမိတဲ့အထိဝမ်းသာပါတယ် ညီမရယ်… ကိုယ်ကြောင့် သူတစ်ပါးစိတ်ချမ်းသာရရင်ကိုပဲ အစ်မဦးဆောင်ရကျိုးနပ်ပါတယ်” လို့ပြန်လည်ရေးသားကာ သူ့ရဲ့အပျော်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။

Source – စမိုင်းလ် Smile
Rainbow- Cele Gabar