အရမ်းအလိုက်သိပြီး သူမကို အရိပ်တစ်ကြည့်ကြည့် ချစ်တတ်တဲ့ ချစ်သူအကြောင်း ဖွင့်ဟလာတဲ့ ခေးဆက်သွင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★


Image may contain: 2 people, people smiling, people standing and outdoor


Image may contain: 2 people, people standing and outdoor


Image may contain: 2 people, people sitting, shoes, child and outdoor


Image may contain: 2 people, people smiling, people sitting, shoes, child and outdoor


Image may contain: 2 people, people smiling, people standing, child and outdoor

မိုမိုလေး

Unicode ဖြင့်ဖတ်ပါ
★★★★★

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခေးဆက်သွင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ ခေးဆက်သွင် သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခေးဆက်သွင် နဲ့ ဘုန်းမင်းနေလ တို့ ရဲ့ ကြော်ငြာရိုက်ကွင်း မှ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခေးဆက်သွင်က လတ်တလောသူမသရုပ်ဆောင်ထားတဲ့ နှင်းဆီဇာတ်လမ်း တွဲမှာ ပရိသတ်အားပေးမှုများစွာရရှိနေတာပါ။သူမက နှင်းဆီဇာတ်ကောင်နဲ့ လိုက်ဖက်လွန်းတာကြောင့်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ခေးဆက်သွင် က ” မအားလပ်တဲ့ကြားထဲက ခေးအတွက်အချိန်လေးတစ်ချို့ သူပေးတယ်….အနားမှာရှိမနေပေမယ့်လည်း သတိတရနဲ့ အမြဲလိုလို messageလေးတွေ သူပို့တယ်….ခေးကြိုက်တဲ့ အရာတွေလည်း မပြောပြဘဲသူ့အလိုအလိုသိနေတတ်ပြန်သေးတဲ့ လူလည်လေးခုလည်းခေးသဘောကျရတဲ့Alexandre Chirstieနာရီလေး သူလက်ဆောင်ပေးတယ်…..Thank you my Man” ဆိုပြီး ဘုန်းမင်းနေလ နဲ့ ရိုက်ထားတဲ့ ကြော်ငြာ ရိုက်ကွင်းမှ ပုံရိပ်လေးတွေကို ဖော်ပြထားပါတယ်။

ခေးဆက်သွင် နဲ့ ဘုန်းမင်းနေလ တို့ရဲ့ ပုံလေးတွေက အရမ်းရိုမန့်တစ်ဆန်ပြီး ကြည်နူးစရာပါ၊

MRTV 4 မင်းသမီးလေး ခေးဆက်သွင်တို့ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်ေ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး