အစ်မဖြစ်သူ ပိုင်ဖြိုးသု တို့ဇနီးမောင်နှံ Ro လွန်းလို့ Block တော့မယ် ဆိုတဲ့ နိုင်ဖြိုးဥ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Moekalay
Source;naing phyo Oo

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ ညီမဖြစ်သူ ဒေါက်တာမလေး နိုင်ဖြိုးဥ ကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ သူမက လက်ရှိ New York မှာ နေထိုင်နေသူလေးပါ။ အစ်မဖြစ်သူ ပိုင်းဖြိုးသု တို့ရဲ့ မင်္ဂလာပွဲမှာ အစ်မကို အရမ်းချစ်ရတဲ့ အကြောင်းအများရှေ့မှာ ပြောခဲ့တာကြောင့် ပရိသတ်တွေကြားမှာ အတော်လေး နာမည်ကြီးခဲ့ပါသေးတယ်။

နိုင်ဖြိုးဥ က သူ့ရဲ့ ချစ်ရတဲ့ အစ်မ တို့ဇနီးမောင်နှံ ရဲ့ ရိုမန့်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်တွေ မကြာမကြာ မျှဝေနေတာကြောင့် အစ်မဖြစ်သူ တို့ကို သူ့ရဲ့ ဖေ့စ်ဘွတ်က Block တော့မယ်လို့ ခုလို ကျီစယ်ထားပါတယ်။

နိုင်ဖြိုးဥ က ” ညည်းတို့ ချစ်ပြ roပြလို့ပြီးဦးမှာလားဒီတစ်သက်ခုခေတ်အတွဲတွေများငါ block မိတော့မယ်နှစ်ယောက်လုံး” လို့ ပြောထားပါတယ်။

ပိုင်ဖြိုးသု ဖိနပ်ချွတ်မရလို့ ဒါရိုက်တာ ဏကြီးက ကူချွတ်ပေးရတယ် ဆိုတဲ့ Post ကြောင့် ခုလို ကျီစယ်ထားတာပါ။

ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသု တို့ ညီအစ်မ နှစ်ယောက် ရဲ့ အကြောင်းကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;naing phyo Oo