သီလရှင်ဝတ်ပြီး သာသနဘောင်ထဲဝင်သွားပြီဖြစ်တဲ့ မေပန်းချီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Moekalay
Source;may pache

Unicode ဖြင့်ဖတ်ပါ
★★★★★

ချောမောလှပတဲ့ မျက်နှာလေး နဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့သ ရုပ်ဆောင် မေပန်းချီဟာ ဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာရှိတာကြောင့်လည်း ပရိသတ်လက်ခံအားပေးတဲ့ အနုပညာရှင်တစ်ဦးအဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ပရိသတ် ကြီးအတွက် သရုပ်ဆောင် မေပန်းချီ သာသနဘောင်ထဲဝင်ပြီ သီလရှင်ဝတ်သွားတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဆွဲဆောင်မှု ရှိတဲ့ ကောက်ကြောင်းမလှကို ပိုင်ဆိုင်ထားသူလေး မေပန်းချီက ပုရိသတွေကြားမှာလည်း နာမည်ကြီးသူလေးပါ။ သူမ ရဲ့ အလှပုံရိပ်ကလေးတွေကိုလည်း အမြဲတင်ပေးလေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ မေပန်းချီက ဆံပင်ကေတို ညှပ်ပြီး မကြာမီမှာပဲ သာသနဘောင်ထဲဝင်သွားတာပါ။

သီလရှင် ဆရာလေး အဖြစ်မြင်တွေ့ရတဲ့ မင်းသမီး မေပန်းချီ

သရုပ်ဆောင် ဆရာလေး မေပန်းချီရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;may pache