ထီကိုယ်စားလှယ်က အိမ်ပေါ်ထိတက်ရောင်းလို့ သိန်းတစ်သောင်းခွဲပေါက်ခဲ့တဲ့ သူတို့ မိသားစု

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

၁၂ ကြိမ်မြောက် အောင်ဘာလေသိန်းထီဆုရဲ့ ကံထူးရှင်ကတော့ ကျုံပျော်မြို့နယ် ၊ ဆင် နှစ်ကောင်ကျေးရွာက ကိုဇော်မင်းထွန်း နဲ့ ဆရာမ ဒေါ်ခိုင်ခိုင်ဝင်းတို့ မိသားစုပဲဖြစ်ပါတယ်။ သူတို့ မိသားစုကတော့ သိန်းတစ်သောင်းခွဲ ဆုကြီးကို ဠ ၈၅၇၅၂၀ နံပါတ်ဖြင့် ဆွတ်ခူးနိုင်ခဲံတာဖြစ်ပါတယ်။

သူတို့ဟာဆိုရင် ထီထိုးတိုင်း ၁ လုံးပင် မတူတာကြောင့် မထိုးပဲနေခဲ့တာ ၈ လခန့်ရှိပြီဖြစ်ပြီး ယနေ့ အခါမှာလည်း ရောင်းသူကိုယ်တိုင်က အိမ်ပေါ်ထိ တက်ရောင်းနေတာကြောင့် ၃ စောင်တွဲတစ်ခုပြန်လည်ထိုးလိုက်ရာမှ ယခုကဲ့သို့ ထီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သူတို့ မိသားစုဟာဆိုရင် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စုစုပေါင်း မိသားစုဝင် ၄ ဦးရှိတာဖြစ်ပါတယ်။ အခုလို ထီဆုကြီးပေါက်တာကြောင့် ရွာက ဘုန်းကြီးကျောင်းကိုလည်း လိုအပ်တာတွေ လှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။