ခင်ပွန်းသည်ရဲ့ မွေးနေ့လေးမှာ ထူးခြားတဲ့စကားလေးဆိုလိုက်တဲ့ နန္ဒာလှိုင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source : Nandar Hlaing

Unicode ဖြင့်ဖတ်ပါ
★★★★★

“ ခင်ပွန်းသည်ရဲ့ မွေးနေ့လေးမှာ ထူးခြားတဲ့စကားလေးဆိုလိုက်တဲ့ နန္ဒာလှိုင်”

CeleConnections ပရိသတ်ကြီးရေ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးဟောင်း နန္ဒာလှိုင်ကတော့ အထူးတလည်မိတ်ဆက်စရာမလိုတော့ပါဘူးနော်။ အနုပညာလောက ကနေရပ်နားလိုက်ပေမယ့်လည်း ပရိသတ်တွေကတော့ အခုချိန်ထိ အားပေးနေဆဲလို့ဆိုရမှာပါ။ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ နေ့စဉ်လှုပ်ရှားမှုတွေကို အခုချိန်ထိ ပရိသတ်တွေက အားပေးဆဲ ပါပဲနော်။ အိမ်ထောင်ကျကတည်းကအနုပညာအလုပ်တွေရပ်နားကာ မိသားစုကို အချိန်ပေးနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး (၃)ယောက်ကိုပိုင်ဆိုင်ထားပြီး နားလည်မှုရှိကာ ဂရုစိုက်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပါ။ ခင်ပွန်းသည်နဲ့စိတ်တူကိုယ်တူ ဖြစ်ကာ အလှူအတန်းတွေလည်း မကြာခဏပြုလုပ်တတ်ကြတဲ့ အတွက် ပရိသတ်တွေအားကျရတဲ့ စုံတွဲထဲက တစ်တွဲပဲ ဖြစ်ပါတယ်။

သမီးတွေကိုအချိန်ပေးကာ ပြုစုစောင့်ရှောက်နေတဲ့ နန္ဒာလှိုင်တစ်ယောက် ခင်ပွန်းသည်အပေါ်မှာလည်း အမြဲ ဂရုစိုက်ပြီးချစ်ပေးတတ်သူဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည် ရောက်တိုင်းလည်း ရိုမန့်တစ်ဆန်တဲ့ စာလေးတွေနဲ့ အမြဲဖော်ပြတဲ့ ခင်ပွန်းကြောင့် အိမ်ထောင်ရေးကံကောင်းတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ လက်ရှိမှာလည်း ခင်ပွန်းသည်ရဲ့ မွေးနေ့ရက်မြတ်လေးနဲ့ပတ်သက်ပြီး “ မွေးနေ့ဆုတောင်းမလိုပါဘူးနော်။

နေ့တိုင်းအချိန်တိုင်းအကောင်းဆုံးကိုအတတ်နိုင်ဆုံးဖန်တီးပေးနေတာမို့ပါ။မွေးနေ့လက်ဆောင်လဲမလိုပါဘူးနော်
ပိုင်ဆိုင်သမျှကိုမိသားစုအတူမျှဝေသုံးစွဲနေတာမို့ပါ။” ဆိုတဲ့စာသားလေးနဲ့ စိတ်တူကိုယ်တူဇနီးမောင်နှံတွေဖြစ်ကြောင်း ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ ” CeleConnections ပရိသတ်ကြီးလည်း အားကျဖွယ်ကောင်းတဲ့ နန္ဒာလှိုင်တို့ မိသားစုဘဝလေးကို သဘောကျရင် မှတ်ချက် တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Nandar Hlaing
Candy-CeleConnections