ထပ်မံပူးကပ်ပြီး လက်စားမချေရသေးလို့ သာဓုမခေါ်နိုင်ဘူးဆိုပြီး ပြောလာတဲ့ မြမြ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ႀကီးေရ ၿပီးခဲ့တဲ့ (၂၀၁၉)ခုႏွစ္ မဟာသၾကၤန္ကာလအၿပီး ႏွစ္ဆန္း(၁)ရက္ေန႔ ေတာင္ဒဂုံမွာ ျဖစ္ပြားခဲ့တဲ့ “ျမျမ”လို႔အမည္ရတဲ့ မိန္းကေလးတစ္ေယာက္ မတရားအက်င့္ခံရၿပီး အသတ္ခံခဲ့ရေၾကာင္းဝင္ေရာက္ပူးကပ္ေျပာဆိုခဲ့တာကို ပရိသတ္ေတြ မွတ္မိဦးမယိထင္ပါတယ္။တခ်ိဳ႕ကလည္း အခုလို ဝင္ေရာက္ပူးကပ္ေျပာဆိုတာဟာ မျဖစ္ႏိုင္ဘူး လုပ္ႀကံဇာတ္လမ္းျဖစ္တယ္လို႔ ေျပာဆိုေနတာေတြ႕ရသလို တခ်ိဳ႕ကလည္း ဝင္ေရာက္ပူးကပ္တာကို မ်က္ျမင္ေတြ႕ရွိခဲ့ရတယ္လို႔လည္း ေျပာဆိုေနခဲ့ၿပီး “ျမျမ”ကိစၥဟာ တကယ္ ရွိမရွိကို ေသခ်ာေရရာတဲ့အေျဖကေတာ့ အခုခ်ိန္ထိထြက္ရွိလားျခင္းမရွိေသးပါဘူး။

ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း ဒါ႐ိုက္တာတစ္ေယာက္ျဖစ္တဲ့ ဒါ႐ိုက္ကာညိဳမင္းလြင္ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး “ျမျမ”လို႔ အမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလ (၃၀)ရက္ေန႔မွာေတာ့ “ျမျမ”႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ Red Carpet ပြဲႀကီးကို က်င္းပျပဳလုပ္ခဲ့ၿပီး လာမယ့္ (၆)ရက္ေန႔မွာေတာ့ ျမန္မာတျပည္လုံးကို ႐ုံတင္ျပသသြားမွာျဖစ္ပါတယ္။ဒီေန႔မွာေတာ့ ကာယကံရွင္ျဖစ္သူ “ျမျမ”အတြက္ စိန္ေဌး႐ုပ္ရွင္ထုတ္လုပ္ေရးက အလႉေလးျပဳလုပ္ေပးခဲ့ပါတယ္။ ေရစက္ခ်အမွ်ေပးေဝခ်ိန္မွာေတာ့ “ျမျမ”ကထပ္မံဝင္ေရာက္ပူးကပ္ခဲ့ပါတယ္။

အရင္ကဝင္ေရာက္ပူးကပ္ခဲ့တဲ့ မဇာျခည္လြင္ကိုပဲဝင္ေရာက္ပူးကပ္ခဲ့တာျဖစ္ၿပီး မဇာျခည္လြင္ဟာ ဒီကိစၥေၾကာင့္ လိမ္တာပါဆို ေဝဖန္ေျပာဆိုေနခဲ့ရတာေၾကာင့္လည္း အခ်ိန္ေတာ္ေတာ္ၾကာၾကာ ေနအိမ္မွာေတာင္ မေနဘဲ ေဆြမ်ိဳးတစ္ေယာက္ရဲ႕ အိမ္မွာ သြားေရာက္ေနထိုင္ခဲ့ရပါေသးတယ္။ CeleGabar ပရိသတ္ႀကီးေရ “ျမျမ”ကေတာ့ လက္စားမေခ်ရေသးလို႔ မကြၽတ္လြတ္ႏိုင္ေသးဘူးဆိုၿပီး အမွ်ေပးေဝတာကို သာဓုလုံးဝမေခၚပါဘူးတဲ့။

Source – Exclusive On CeleGabar
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“ထပ်မံပူးကပ်ပြီး လက်စားမချေရသေးလို့ သာဓုမခေါ်နိုင်ဘူးဆိုပြီး ပြောလာတဲ့ မြမြ”

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် မဟာသင်္ကြန်ကာလအပြီး နှစ်ဆန်း(၁)ရက်နေ့ တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ “မြမြ”လို့အမည်ရတဲ့ မိန်းကလေးတစ်ယောက် မတရားအကျင့်ခံရပြီး အသတ်ခံခဲ့ရကြောင်းဝင်ရောက်ပူးကပ်ပြောဆိုခဲ့တာကို ပရိသတ်တွေ မှတ်မိဦးမယိထင်ပါတယ်။တချို့ကလည်း အခုလို ဝင်ရောက်ပူးကပ်ပြောဆိုတာဟာ မဖြစ်နိုင်ဘူး လုပ်ကြံဇာတ်လမ်းဖြစ်တယ်လို့ ပြောဆိုနေတာတွေ့ရသလို တချို့ကလည်း ဝင်ရောက်ပူးကပ်တာကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့လည်း ပြောဆိုနေခဲ့ပြီး “မြမြ”ကိစ္စဟာ တကယ် ရှိမရှိကို သေချာရေရာတဲ့အဖြေကတော့ အခုချိန်ထိထွက်ရှိလားခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်ကာညိုမင်းလွင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး “မြမြ”လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃၀)ရက်နေ့မှာတော့ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး လာမယ့် (၆)ရက်နေ့မှာတော့ မြန်မာတပြည်လုံးကို ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ ကာယကံရှင်ဖြစ်သူ “မြမြ”အတွက် စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက အလှူလေးပြုလုပ်ပေးခဲ့ပါတယ်။ ရေစက်ချအမျှပေးဝေချိန်မှာတော့ “မြမြ”ကထပ်မံဝင်ရောက်ပူးကပ်ခဲ့ပါတယ်။

အရင်ကဝင်ရောက်ပူးကပ်ခဲ့တဲ့ မဇာခြည်လွင်ကိုပဲဝင်ရောက်ပူးကပ်ခဲ့တာဖြစ်ပြီး မဇာခြည်လွင်ဟာ ဒီကိစ္စကြောင့် လိမ်တာပါဆို ဝေဖန်ပြောဆိုနေခဲ့ရတာကြောင့်လည်း အချိန်တော်တော်ကြာကြာ နေအိမ်မှာတောင် မနေဘဲ ဆွေမျိုးတစ်ယောက်ရဲ့ အိမ်မှာ သွားရောက်နေထိုင်ခဲ့ရပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ “မြမြ”ကတော့ လက်စားမချေရသေးလို့ မကျွတ်လွတ်နိုင်သေးဘူးဆိုပြီး အမျှပေးဝေတာကို သာဓုလုံးဝမခေါ်ပါဘူးတဲ့။

Source – Exclusive On CeleGabar
Chilli – CeleGabar