နတ် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန် ဘာလီသို့ ထွက်ခွာသွားပြီဖြစ်တဲ့ နိုင်နိုင်းနဲ့ အိန္ဒြာကျော်ဇင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





DarDar-CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ နိုင်နိုင်းနဲ့ မင်သမီးချောလေး အိန္ဒြာကျော်ဇင်တို့ကတော့ စွယ်စုံရအနုပညာရှင် ဦးအောင်ကိုလတ်ရဲ့ နတ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် အင်ဒိုနီးရှား၊ ဘာလီကျွန်းကို ဖေဖော်ဝါရီလ (၂)ရက်နေ့ဖြစ်တဲ့ ယနေ့မှာ စတင်ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။ နိုင်ငံကျော်သရုပ်ဆောင်နိုင်နိုင်ကတော့ “ခရီးစဉ် စပါပြီ.. ကောင်းသော နေ့များဖြစ်ပါစေ…ချစ်သောပရိသတ်များ.” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်သူအချစ်တော် သရုပ်ဆောင်နိုင်နိုင်းဟာ ဆယ်စုနှစ်တစ်ခုကြာအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။နိုင်ငံကျော်ဒိတ်ဒိတ်ကြဲ မင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ “”နတ်” ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် ဘာလီ သွားကြပါပြီ..” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ လေဆိပ်ဆင်းတဲ့ပုံရိပ်အချို့ကို တင်ထားပါတယ်။

ဆယ်စုနှစ်(၂)စုတိုင် ထိပ်တန်းမင်းသမီးအဖြစ် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံကျော် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ အနုပညာကဝေလိုတောင်တင်စားရတဲ့အထိ သူ့ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ယနေ့အချိန်ထိထိန်းသိမ်းထားနိုင်တာ မဆန်းပါဘူးနော်။အူဝဲကတော့ မကြာသေးမီကမှ ရုပ်ရှင်ဇာတ်ကားအသစ်အတွက်လည်း မြန်မာအကကိုလေ့ကျင်နေတယ်လို့ သိရပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ နိုင်နိုင်းနဲ့ မင်သမီးချောလေး အိန္ဒြာကျော်ဇင်တို့ကတော့ စွယ်စုံရအနုပညာရှင် ဦးအောင်ကိုလတ်ရဲ့ နတ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် အင်ဒိုနီးရှား၊ ဘာလီကျွန်းကို ဖေဖော်ဝါရီလ (၂)ရက်နေ့ဖြစ်တဲ့ ယနေ့မှာ စတင်ထွက်ခွာသွားခဲ့ပါပြီနော်။ ပရိသတ်ကြီးရေ နိုင်နိုင်းနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ဘယ်လိုရသတွေပေးစွမ်းနိုင်မလဲ။

Source: Actor 99, Eaindar Kyaw Zin
DarDar-CeleGabar