စံထားရတဲ့ အိုင်ဒေါရဲ့ ဆုပေးအပ်ခြင်းခံရတာမို့ နှစ်ဆပျော်ခဲ့ရတယ်လို့ ဆိုလာတဲ့ ဇာဏ်ခီ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေဖေဖာ္ဝါရီလ (၁)ရက္ေန႔မွာ က်င္းပျပဳလုပ္ခဲ့တဲ့ City FM ပြဲမွာ မင္းသားဇဏ္ခီကေတာ့ တစ္ႏွစ္တာေရာင္းအားအေကာင္းဆုံး စတူဒီယိုေတးထုတ္လုပ္သူဆုကို ရရွိခဲ့တာပဲျဖစ္ပါတယ္ေနာ္..။ (၁၄)ပတ္တိုင္ေအာင္ ႐ုံေပၚက မဆင္းေသးဘဲ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားတဲ့ “Now & Ever ထာဝရေႏွာင္ႀကိဳး” ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ႐ုံဝင္ေငြအမ်ားဆုံးရရွိေနၿပီး အကယ္ဒမီဆန္ကာတင္စာရင္းထဲမွာလည္း ပါဝင္ေနပါတယ္..။

ပရိသတ္ေတြအတြက္ အေကာင္းဆုံးေတြကိုသာ ခ်ျပႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္တတ္သူျဖစ္တဲ့ ဇဏ္ခီကေတာ့ ပရိသတ္ေတြေပးတဲ့ တစ္ႏွစ္တာေရာင္းအားအေကာင္းဆုံး စတူဒီယိုထုတ္လုပ္သူဆုကို ရရွိခဲ့တာေၾကာင့္ အတိုင္းမသိ ေပ်ာ္ခဲ့ရၿပီး ေလးစားအားက်ရတဲ့ Idol ရဲ႕ ဆုေပးအပ္မႈကို ခံခဲ့ရတဲ့အတြက္လည္း ပိုေပ်ာ္ခဲ့ရတဲ့အေၾကာင္းကို “Special night..ႏွစ္ဆဝမ္းသာရပါတယ္။ပထမအခ်က္က ေရာင္းအားအေကာင္းဆုံးအေခြအေနနဲ႔ဆုရတဲ့အတြက္ ပရိတ္သတ္ေတြနဲ႔တိုက္႐ိုက္သက္ဆိုင္ၿပီးေတာ့ ပရိတ္သတ္ကေပးတဲ့ဆုလို႔ေျပာလို႔ရပါတယ္။ အႏုပညာဖန္တီးမႈကိုတန္ဖိုးထားတဲ့ပရိတ္သတ္ေတြ အမ်ားႀကီးပိုတိုးလာဖို႔လိုအပ္ေနတဲ့အတြက္ က်ေနာ္ေျပာသင့္တဲ့စကားေတြေျပာခြင့္ရခဲ့တယ္။

ဒုတိယအခ်က္ကေတာ့ က်ေနာ့္ရဲ႕ idol ကက်ေနာ့္ကိုဆုေပးအပ္တဲ့အတြက္ ဂုဏ္ယူ ဝမ္းသာ ပီတိျဖစ္လို႔မဆုံးပါဘူး။ ကိုညီထြဋ္က ၁၉၉၀ အေက်ာ္ဝန္းက်င္ေလာက္မွာ စကားတစ္ခြန္းေျပာခဲ့တယ္ interview တစ္ခုမွာ။ “ကြၽန္ေတာ္သူမ်ားအက်ႌငွါးမဝတ္ခ်င္ေတာ့ဘူး” တဲ့။ အဲ့ဒီ့ေနာက္ပိုင္း copy လုံးဝမဆိုေတာ့ဘူး။ သူမေျပာေသးခင္အခ်ိန္အထိ copy ဆိုတာ မေကာင္းဘူးဆိုတာကိုမသိခဲ့ဘူး။

သူ႔စကားေၾကာင့္အသိတရားတစ္ခုရသြားခဲ့တယ္။ ဒါေၾကာင့္လည္း idol အေနနဲ႔သတ္မွတ္တာပါ။ မေန႔ညကေက်းဇူးတင္စကားထဲမွာက်န္သြားခဲ့တဲ့ Bo Bo Entertainment ကိုလည္း အခုဒီေနရာကေနေက်းဇူးတင္ေၾကာင္းေျပာၾကားခ်င္ပါတယ္။ ၿပီးေတာ့ Now & Ever OST တစ္ေခြလုံးအတြက္ mixing နဲ႔ mastering ကို Apollo Lab (Bangkok) မွာလုပ္ခဲ့ပါတယ္။ Apollo Lab က mixing and mastering engineer ေတြကိုလည္းအထူးေက်းဇူးတင္ေၾကာင္းမွတ္တမ္းတင္အပ္ပါတယ္။

တစ္ဖန္ေက်းဇူးတင္ခ်င္တာကေတာ့ original အေခြေတြကို ဝယ္ယူအားေပးခဲ့တဲ့ ပရိတ္သတ္တစ္ဦးတစ္ေယာက္ခ်င္းကို ေက်းဇူးကမာၻပါလို႔ ေျပာၾကားလိုပါတယ္။ ပရိတ္သတ္ေတြရဲ႕ေစာင့္ထိန္းမႈဟာ အႏုပညာသမားေတြရဲ႕အနာဂတ္ပါ။ ပရိတ္သတ္ေတြရဲ႕ထားတဲ့သစၥာတရားေၾကာင့္ အႏုပညာသမားေတြဟာလည္း ေကာင္းမြန္တဲ့အႏုပညာဖန္တီးမႈေတြကို မ်ားမ်ားနဲ႔ေကာင္းေကာင္း ျပန္လည္ခ်ျပခြင့္ရၾကပါမယ္။

အတူတူႀကိဳးစားေစာင့္ထိန္းမွ ဂုဏ္သေရရွိတဲ့ healthyျဖစ္တဲ့ internationalတန္းမွီတဲ့ အႏုပညာေတြဖန္တီးႏိုင္ၾကမွာျဖစ္တဲ့အတြက္ ပရိတ္သတ္ေတြဖက္ကလည္း ကိုယ္ဝန္းရံတဲ့အႏုပညာရွင္ေတြအက်ိဳးရွိမယ့္ပုံစံမ်ိဳးနဲ႔အားေပးၿပီး အႏုပညာရွင္ေတြဖက္ကလည္း စီးပြါးေရးမဆန္ trend ထဲမွာပဲအၿမဲမေနပဲ တကယ့္အႏုပညာေစာင္းေပး ရင္တြင္းျဖစ္ေတြကိုမ်ားမ်ားဖန္တီးၾကပါလို႔ အခါအခြင့္ရတုန္း ႏႈိးေဆာ္အပ္ပါတယ္။Last but not least!! CityFM ကိုလည္းဆုခ်ီးျမႇင့္တဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ရွိပါတယ္။” ဆိုၿပီး ေက်းဇူးတင္တဲ့စာေလးနဲ႔အတူ သူ႔ရဲ႕ အေပ်ာ္ေလးေတြကို လူမႈကြန္ရက္စာမ်က္ႏွာေပၚက တစ္ဆင့္ မွ်ေဝလာခဲ့ပါတယ္..။

Cele Connections ပရိသတ္ႀကီးလည္း တစ္ႏွစ္တာေရာင္းအားအေကာင္းဆုံး စတူဒီယိုေတးထုတ္လုပ္သူဆုကို ရရွိသြားတဲ့ မင္းသား ဇဏ္ခီအတြက္ ဂုဏ္ျပဳစကားေလးေျပာသြားပါဦးေနာ္..။
Source: Zen Kyi’s Facebook

Sakura(Cel e Connections)

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ City FM ပွဲမှာ မင်းသားဇဏ်ခီကတော့ တစ်နှစ်တာရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်နော်..။ (၁၄)ပတ်တိုင်အောင် ရုံပေါ်က မဆင်းသေးဘဲ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ “Now & Ever ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံဝင်ငွေအများဆုံးရရှိနေပြီး အကယ်ဒမီဆန်ကာတင်စာရင်းထဲမှာလည်း ပါဝင်နေပါတယ်..။

ပရိသတ်တွေအတွက် အကောင်းဆုံးတွေကိုသာ ချပြနိုင်အောင် ကြိုးစားလုပ်ဆောင်တတ်သူဖြစ်တဲ့ ဇဏ်ခီကတော့ ပရိသတ်တွေပေးတဲ့ တစ်နှစ်တာရောင်းအားအကောင်းဆုံး စတူဒီယိုထုတ်လုပ်သူဆုကို ရရှိခဲ့တာကြောင့် အတိုင်းမသိ ပျော်ခဲ့ရပြီး လေးစားအားကျရတဲ့ Idol ရဲ့ ဆုပေးအပ်မှုကို ခံခဲ့ရတဲ့အတွက်လည်း ပိုပျော်ခဲ့ရတဲ့အကြောင်းကို “Special night..နှစ်ဆဝမ်းသာရပါတယ်။ပထမအချက်က ရောင်းအားအကောင်းဆုံးအခွေအနေနဲ့ဆုရတဲ့အတွက် ပရိတ်သတ်တွေနဲ့တိုက်ရိုက်သက်ဆိုင်ပြီးတော့ ပရိတ်သတ်ကပေးတဲ့ဆုလို့ပြောလို့ရပါတယ်။ အနုပညာဖန်တီးမှုကိုတန်ဖိုးထားတဲ့ပရိတ်သတ်တွေ အများကြီးပိုတိုးလာဖို့လိုအပ်နေတဲ့အတွက် ကျနော်ပြောသင့်တဲ့စကားတွေပြောခွင့်ရခဲ့တယ်။

ဒုတိယအချက်ကတော့ ကျနော့်ရဲ့ idol ကကျနော့်ကိုဆုပေးအပ်တဲ့အတွက် ဂုဏ်ယူ ဝမ်းသာ ပီတိဖြစ်လို့မဆုံးပါဘူး။ ကိုညီထွဋ်က ၁၉၉၀ အကျော်ဝန်းကျင်လောက်မှာ စကားတစ်ခွန်းပြောခဲ့တယ် interview တစ်ခုမှာ။ “ကျွန်တော်သူများအင်္ကျီငှါးမဝတ်ချင်တော့ဘူး” တဲ့။ အဲ့ဒီ့နောက်ပိုင်း copy လုံးဝမဆိုတော့ဘူး။ သူမပြောသေးခင်အချိန်အထိ copy ဆိုတာ မကောင်းဘူးဆိုတာကိုမသိခဲ့ဘူး။

သူ့စကားကြောင့်အသိတရားတစ်ခုရသွားခဲ့တယ်။ ဒါကြောင့်လည်း idol အနေနဲ့သတ်မှတ်တာပါ။ မနေ့ညကကျေးဇူးတင်စကားထဲမှာကျန်သွားခဲ့တဲ့ Bo Bo Entertainment ကိုလည်း အခုဒီနေရာကနေကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်။ ပြီးတော့ Now & Ever OST တစ်ခွေလုံးအတွက် mixing နဲ့ mastering ကို Apollo Lab (Bangkok) မှာလုပ်ခဲ့ပါတယ်။ Apollo Lab က mixing and mastering engineer တွေကိုလည်းအထူးကျေးဇူးတင်ကြောင်းမှတ်တမ်းတင်အပ်ပါတယ်။

တစ်ဖန်ကျေးဇူးတင်ချင်တာကတော့ original အခွေတွေကို ဝယ်ယူအားပေးခဲ့တဲ့ ပရိတ်သတ်တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးကမ္ဘာပါလို့ ပြောကြားလိုပါတယ်။ ပရိတ်သတ်တွေရဲ့စောင့်ထိန်းမှုဟာ အနုပညာသမားတွေရဲ့အနာဂတ်ပါ။ ပရိတ်သတ်တွေရဲ့ထားတဲ့သစ္စာတရားကြောင့် အနုပညာသမားတွေဟာလည်း ကောင်းမွန်တဲ့အနုပညာဖန်တီးမှုတွေကို များများနဲ့ကောင်းကောင်း ပြန်လည်ချပြခွင့်ရကြပါမယ်။

အတူတူကြိုးစားစောင့်ထိန်းမှ ဂုဏ်သရေရှိတဲ့ healthyဖြစ်တဲ့ internationalတန်းမှီတဲ့ အနုပညာတွေဖန်တီးနိုင်ကြမှာဖြစ်တဲ့အတွက် ပရိတ်သတ်တွေဖက်ကလည်း ကိုယ်ဝန်းရံတဲ့အနုပညာရှင်တွေအကျိုးရှိမယ့်ပုံစံမျိုးနဲ့အားပေးပြီး အနုပညာရှင်တွေဖက်ကလည်း စီးပွါးရေးမဆန် trend ထဲမှာပဲအမြဲမနေပဲ တကယ့်အနုပညာစောင်းပေး ရင်တွင်းဖြစ်တွေကိုများများဖန်တီးကြပါလို့ အခါအခွင့်ရတုန်း နှိုးဆော်အပ်ပါတယ်။Last but not least!! CityFM ကိုလည်းဆုချီးမြှင့်တဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်။” ဆိုပြီး ကျေးဇူးတင်တဲ့စာလေးနဲ့အတူ သူ့ရဲ့ အပျော်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်က တစ်ဆင့် မျှဝေလာခဲ့ပါတယ်..။

Cele Connections ပရိသတ်ကြီးလည်း တစ်နှစ်တာရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူဆုကို ရရှိသွားတဲ့ မင်းသား ဇဏ်ခီအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်..။
Source: Zen Kyi’s Facebook

Sakura(Cel e Connections)